ပြည်နယ်အစိုးရအနေနှင့် ဗဟိုအစိုးရ မှချမှတ် ထားသော မဟာ ဗျူဟာ (၄) ရပ်စလုံးကို အကောင် အထည်ဖေါ်ဆောင် ရွက်နေပြီး ဖြစ်သည် ဟု ပထမ အကြိမ် မွန်ပြည် နယ် လွှတ်တော် ၏ အဌမ ပုံမှန် အစည်း အဝေး သို့ ပြည်နယ် ၀န်ကြီး ချုပ် ဦးအုန်းမြင့် မှ တင်ပြသွား ခဲ့ကြောင်း ၄င်းအစည်း အဝေးကို တက်ရောက်ခဲ့ သည့် လွှတ်တော် အမတ် တဦး က ဆိုပါသည်။
“ မြန်မာ နိုင်ငံမှာ ဒီမိုကရေ စီနိုင် ငံပေါ်ထွန်း လာစေဖို့အတွက်ကို လည်း ပြည်နယ် အစိုးရ အဖွဲ့ အနေနဲ့ လာမယ့် (၂) နှစ်တာ ကာလမှာ အကောင်အ ထည် ပေါ်ေ အာင် အစိုးရ၊ ပြည်သူ လူထုနဲ့အရပ်ဖက် လူ့အဖွဲ့အစည်း တွေပူး ပေါင်းပြီး လုပ်ဆောင် သွားကြမယ်” ဟု ၀န်ကြီးချုပ် က ထပ်ဆင့် ဆိုသွား ခဲ့ခြင်း ဖြစ်ပါသည်။
ယင်းအစည်း အဝေးကို (၃) ရက်ကြာ ကျင်းပခဲ့ပြီး ဗဟို အစိုးရ မှ ချမှတ်ခဲ့သည့် ဆင်းရဲနွမ်းပါး မှုလျှော့ ချရေး၊ကျေး လက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ် (၇) ရပ် အပါ အဝင်ပြည်သူလူ ထု တိုက်ရိုက် အကျိုးပြု လုပ်ငန်း (၇) ရပ် နှင့် အ များပြည်သူ တို့၏ လိုအပ်ချက် အရ နည်းဥပဒေ များ ကိုပြည်သူလူ ထုအား ဗဟိုပြုအုပ် ချုပ်ရေး ကဏ္ဍ တို့၏ အ ကောင် အထည်ဖေါ်မှု အခြေအ နေကို ပြည်နယ် လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။
ထို့အပြင် ၀န်ကြီးချုပ် သည် တိုင်းပြည်၏ အကျိုးစီးပွား အတွက် တူညီသည့် ကိစ္စများ အား ပူးပေါင်းဆောင် ရွက် နေပြီး ငြိမ်းချမ်းရေး တံခါး ကို ဖွင့်ပြီးကြို ဆိုခဲ့ မှုကြောင့် လည်း အစိုးရနှင့် တိုင်းရင်းသား များ အကြား အချင်းချင်း ယုံကြည်မှု ရရှိခဲ့ ရာမှ ယခုလို ငြိမ်းချမ်း လာပြီးအပစ် အခတ ်ရပ်စဲရေးနှင့် အတူ အမျိုး သား ပြန်လည်စည်းလုံး ညီညွတ်ရေး ကိုရရှိ ခဲ့သည်ဟု ဆိုခဲ့ပါသည်။
လွတ်တော် ကိုယ်စားလှယ် များ ကမူ မွန်ပြည်နယ် ၏ ၂၀၁၄ခုနှစ် ဘဏ္ဍာငွေ ရသုံး ဆိုင်ရာ ဥပဒေကြမ်း ၊မွန်ပြည်နယ် ၏ (၂၀၁၄-၁၅) ဘဏ္ဍာရေး နှစ်ဒေသန္တရ စီမံကိန်း၊ ဆားနှင့်ဆားထွက် ပစ္စည်း ဥပဒေမူကြမ်း နှင့် ငါးလုပ်ငန်း ဆိုင်ရာ ဥပဒေမူ ကြမ်း (၄)ခု တို့ကို တင်သွင်းခဲ့ကြပါသည်။
၀န်ကြီးချုပ် သည် ဗဟို အစိုးရမှ ချမှတ်ခဲ့သည့် မဟာဗျူဟာ (၄)ရပ် စီမံကိန်း ကို အကောင် အထည် ဖေါ်ခဲ့သည်ဟု တင်ပြသော် လည်း ထင်သာမြင်သာ မရှိလှဟု အတိုက် အခံ နိုင်ငံရေး ပါတီဝင် များက ဆိုသည်။
အထူးသဖြင့် ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး အစီစဉ်ကို အကောင်အထည် ဖေါ်ခဲ့ခြင်း မရှိဟု စောဒက တက်ေ န ကြပါသည်။
ပြည်နယ် လွှတ်တော် နှင့် ပြည်နယ် အစိုးရသည် ပြည်သူ လူထုအား ဗဟိုပြု အုပ်ချုပ်ရေး ကဏ္ဍ၏ လိုအပ်ချက် များကို နည်းဥပဒေ များပြဌာန်း ဆုံးဖြတ် ထုတ်ပြန် ခဲ့ခြင်း ရှိပါသ လားဟု လွှတ်တော် အမတ်များ ကို မေးမြန်းရာ တွင်လည်းပြန်လည်ဖြေကြားခြင်းမရှိကြောင်းသိရသည်။
ပြည်နယ် လွှတ်တော် သည် မည်သည့် အရာမျှ ဥပဒေ အဖြစ် သီးခြား ဆုံးဖြတ် ပိုင်ခွင့် မရှိကြောင်း၊ ဗဟို အစိုးရ ၏ ခွင့် ပြုချက် ဘောင်ပေါ်တွင်သာ အကောင် အထည် ဖေါ်နေ ရကြောင်း၊ ဤသို့ကြောင့် ကြွင်းကျန်သည့် အုပ်ချုပ်ရေး အာ ဏာနှင့် အခွန်စ နစ်များ ဆုံး ဖြတ်ပိုင်ခွင့် ပြုသင့်ပြီး ပြည်နယ်ဖွံ့ဖြိုးရေး အတွက် သီးခြား စီမံခန့် ခွဲခွင့် ရှိသင့်ကြောင်း လွှတ်တော် အမတ်များက ဆိုနေသော် လည်း တရားဝင် တင်ပြမှု မရှိခဲ့ပေ။