ကဲ လာပြန်ပြီး အသွင်တူပြီး ပရိယာယ် မရှိတဲ့ တပ်မတော် စစ်ခေါင်းဆောင် တွေရဲ့ ခရီးစဉ် နောက်မှာ ကွယ်ဝှက်မ ထားတဲ့ ရည်ရွယ် ချက်တွေ ကို ပူးပေါင်း စဉ်း စားကြည့်ကြ ရအောင်ပါ။ တကယ်တော့ ပရိယာယ် မရှိတဲ့ တကယ့်ငြိမ်း ချမ်းရေး အစစ်အမှန်ကို လိုချင်လို့ စောင့်ကြည့် နေရတာပါလို့ ပြောချင်ပါတယ်။
ဧပြီလ ၆ ရက်နေ့ညက မြန်မာ့ရုပ်မြင်သံကြားက ဘာတွေ ကြေညာခဲ့သလဲ ဆိုတော့--
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယမာန်နေ့ ဧပြီး (၆)ရက်နေ့ မနက်ပိုင်း တွင် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)မှ ခေါင်းဆောင် များအား အရှေ့မြောက် တိုင်း စစ်ဌာနချုပ် ဧည့်ရိပ်သာ ၌ သီးခြားစီ တွေ့ဆုံ ခဲ့ကြောင်း မြန် မာ့ရုပ် မြင် သံကြား မှဆိုပါသည်။
တွေ့ဆုံမှုတွင် ကာ/ချုပ် သည်ပူးပေါင်း လုပ်ဆောင် ခြင်းဖြင့် ယုံကြည်မှု တည်ဆောင်နိုင်ကြ မှာဖြစ် သလို နိုင်ငံလုံခြံု ရေးကို လည်း ကာကွယ် စောင့်ရှောက်နိုင် မှာဖြစ်ကြောင်း၊တည်ငြိမ် အေးချမ်းရေး နဲ့ ဒေသ ဖွ့ံဖြိုးရေး အတွက် ပါတီစုံ ဒီမိုက ရေစီ လမ်းကြောင်းမှာ အတူ လက်တွဲ လျှောက်လှမ်းဖို့ လိုအပ်ကြောင်း တို့ ကိုပြောဆိုတယ် လို့လည်း ကြေညာ သွားပါသည်။
ထို့အပြင် ပြည်သူဟာ မိဘဖြစ်သလို တိုင်းရင်းသား အားလုံးဟာ လည်း မိသားစုများ ပင်ဖြစ်လို့ ပြည်သူကို ထိခိုက်နစ်နာမှု မရှိအောင် လုပ်ဆောင်ကြ ဖို့ လို အပ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ်ကို မျိုးဆက်သစ်တွေ ကိုလေ့ကျင့် သင်ကြား ပေးဖို့ လိုကြောင်း တို့ကိုလည်း ပြောကြား ခဲ့သည်ဟု သတင်းက ဆိုပါသည်။
သို့သော် SSPP ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလှကတော့ ကာချုပ်၏ တပ်မတော်မူ (၆)ချက်အပေါ် ၄င်းတို့ သဘော မတူနိုင် ဘူးလို့ဆိုသွားပါတယ်။ သူတို့ရဲ့ မူ (၆)ချက်က တပ်သားသစ် မစုဆောင်းရ၊ အခွန် မကောက်ရ၊ခွင့်ပြုချက် မရဘဲ စခန်း ဆောက်တာ၊ သွားလာတာ မလုပ်ရ၊ အစိုးရ အုပ်ချုပ်ရေးကိုဝင်ရောက် မစွက်ဖက်ရ၊ လူမသတ်ရ၊ ပြည် သူ့ စစ်အဖွဲ့တွေကို မထိရဆိုပြီး ပြောနေတော့ လက်ခံရ ခက်တာပေါ့။
ယင်းတွ့ဆုံပွဲတွင် UWSA အဖွဲ့မှ ဒုတိယ အထွေထွေ အတွင်းရေး မှူးချုပ် ဖြစ်သူ ပေါက်ယူရိ ဦးဆောင်သော အဖွဲ့နှင့် SSPP အဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ခေးတိုင်း ဦးဆောင်သည့် အဖွဲ့တို့နှင့် သီးခြားစီ တွေ့ဆုံခြင်း ဖြစ်ပါသည်။
အလားတူ ကာချုပ်သည် ညနေပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ နယ်မြေ အတွင်း၌ ရှိသော ပြည်သူ့စစ် အဖွဲ့ (၂၇) ဖွဲ့မှ ခေါင်းဆောင် များနှင့်လည်း တိုင်းစစ် ဋ္ဌာနချုပ်ရှိရွှေလီ ရိပ်သာဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါ သည်။
ယင်းတွေ့ ဆုံပွဲတွင် ကာချုပ်သည် “ ပြည်သူ့စစ် အဖွဲ့တွေဟာ တိုင်းပြည်လွတ် လပ်ရေးရပြီး ချိန် ကတည်းကအစဉ်အလာကောင်းတွေ ရှိပြီး နိုင်ငံတော် ကာကွယ်ရေးအတွက် တပ်မတော်နဲ့လက်တွဲပြီး အကူအညီ ပေးအပ်ခဲ့ တာတွေ ကို အသိအမှတ်ပြု ပြောဆိုခဲ့ တယ်လို့မြန်မာ့ ရုပ်မြင် သံကြားက ဆိုပါသည်။
“ သူများကိုကျတော့ တပ်သားသစ်မစုရလို့ ပြောတယ်။ သူတို့ကျတော့ မလုပ်မနေရ ပြည်သူ့စစ်တွေ ဖွဲ့ခိုင်းတယ်။ ငွေအတင်း ကောက်တယ်။ သူတို့တပ်ဖွဲ့တွေ လူသတ်တာ ကရော တရားဝင်လား၊ မုဒိန်းမှု တွေကလည်း အများကြီးဘဲ။ သူတို့တပ် ဖွဲ့ တွေရဲ့ တခြား လုပ်ရပ်တွေက လည်း ရစရာမရှိဘူးလေ။ အဲဒါ က ပြောခွင့် မရှိဘူးလား။ သူတို့အလွန်ကျတော့ ဘာမှအရေး မယူဘဲနဲ့။ ဒါကြောင့် အားလုံးဟာ သူတို့က တဖက်သတ် ဖိအား ပေးနေတော့ တာဘဲလေ" ဟု အမည် မဖေါ် လိုတဲ့ UNFC အဖွဲ့ဝင်တွေက ပြောသည်။
ကာချုပ်သည် မည်သည့် ရည်ရွယ်ချက် ကြောင့် UWSA နှင့် SSPP အား တွေ့ဆုံခဲ့သည် ကို မသိရသေး သော်လည်း မြောက်ပိုင်း တိုင်း တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်း နောင်ကပါ မကြာခင် ရက်ပိုင်းက KIO ဌာနချုပ် လိုင်ဇာ အနီးရှိ ဘွမ် ရယ်ဘွမ် (Bum Re Bum) တောင်ကုန်း စခန်းသို့ သွားရောက် ခဲ့ပါသည်။ ၄င်းလည်း မည်သည့် ရည်ရွယ် ချက်ကြောင့် သွား ရောက် ခဲ့သည်ကို မသိရသေး သော်လည်း အစိုးရ စစ်တပ်၏ လှုပ်ရှားမှု အစီစဉ် တော့ ရှိနေ ကြောင်း ခန့်မှန်းနိုင်ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အပေါ် တပ်မတော် ၏ သဘေားထား သည် (NCCT) နှင့် အစိုးရ ကိုယ်စားလှယ် တို့ ဧပြီ (၆)ရက်နေ့ ၌ (၂)ရက်တာ ဆွေးနွေး စဉ် အောက်ပါ အတိုင်း သဘောထား ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးသက် နိုင်ဝင်းက တင်ပြထားပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေနှင့်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် ဒီမိုကရေစီ တည်ဆောက်မှု ကို လက် ခံရမည်။ ငြိမ်းချမ်းရေး ရရှိရန် အမှန် တကယ် ဆန္ဒရှိရမည်။ ဒေသခံ ပြည်သူ များဝန် ထုတ်ဝန်ပိုး မဖြစ်စေ ရန် နိုင်ငံ တော် မှ ထုတ်ပြန် ထားသော တည်ဆဲ ဥပဒေများ ကိုတိတိကျကျ လိုက်နာ ရမည်။ ဒို့တာဝန် အရေးသုံး ပါးနှင့် ဒီမိုက ရေစီ အနှစ်သာရ ကို လက်ခံရမည်။ သဘောတူ စာချုပ်များ ကို ကတိ တည်စေရန် နှင့် ငြိမ်း ချမ်းရေး သဘော တူညီ ချက်ကို အမြတ် မထုတ်ရန် နှင့် ထိုမူဝါဒ များကို စစ်တပ်ဖက် မှ လိုက်နာ ပြီးမှ ထာဝရ ငြိမ်းချမ်း ရေး အတွက် ညှိ နှိုင်း ဆောင်ရွက် သွားမည်ဟု တင်ပြထား ပါသည်။
အဲဒါကိုဘဲ ကြည့်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရင် ရှေ့ဆက် ဆွေးနွေးစရာ မရှိဘူးလို့ ကြေညာသွား တာဘဲ။ ဒါက ပေါ်တင်ဖိအား ပေးနေတာ ဘဲလေ။ အဲ ဒီတော့ NCCT ခေါင်းဆောင် နိုင်ဟံသာ ကလည်း သတင်းထောက် တွေရဲ့ အမေးကို ဖြေရတာပေါ့။ တပ်မတော်က ဒီလိုသဘော ထားနေရင် ကျနော်တို့ အသစ် ပြန် လည် ဆွေးနွေးရတော့ မှာပေါ့ လို့ ဆိုခဲ့ ပါသည်။
ဤသည် တပ်မတော် မှ အတည်ပြု ထားသော သဘောထား အမှန်ဖြစ် ပါသည်။ ထို သဘောထား အပေါ် NCCT ဖက်မှ လက်ခံရန် ခက်ခဲနေ ကြောင်း ထုတ်ေ ဖါ် ပြောဆိုနေ သော်လည်း NCCT အဖွဲ့ဝင် မဟုတ်သော UWSP နှင့် အခြား အဖွဲ့အစည်း များကမူ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS) မှတပါး ၄င်းတို့၏ သဘောထား များ ထုတ်ပြန်ခြင်း မရှိ သေးပေ။
အစိုးရ ဖက်မှ တင်ပြ လာသော သဘောထား (၆) ချက်အတိုင်း NCCT ဖက်မှ လက်မခံ ခဲ့သော် နောက်ထပ် ဘာဖြစ် လာမည်ကို အစိုးရ စစ်ခေါင်းဆောင် များ၏ လှုပ်ရှားမှု များက သက်သေ ခံနေသည်ဟု နယ်စပ် စစ်ရေး အကဲခတ်များ က ဆိုပါသည်။
အစိုးရ တပ်များ၏ လောလောဆယ် စစ်ရေး ပြင်ဆင်မှု များအရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အရှေ့မြောက် တိုင်း စစ်ဌာ နချုပ် အောက်ရှိ နယ်မြေ နှစ်ခု၌ စစ် အင်အား ဖြည့်တင်း ထားပြီး ၄င်းနယ်မြေရှိ ပြည်သူ့စစ် တပ်ဖွဲ့များပါ စစ် ဆင်ရေးတွင် အသုံးပြု လာနိုင်ဖွယ်ရာ ရှိနေကြောင်း။
(SSPP) တပ်များ အပါ၀င် UWSA တပ်များနှင့် သင့်မြတ်စေရန် ဆက်ဆံထား သလို (KIO) အားအကူ အညီပေး၍ မ ရစေရန်လည်း မူဆယ် လာရှိုး ကားလမ်းဖြင့် ဖြတ်တောက်ထားမည် ဖြစ်သည်။ ဤအခြေ အနေကို ပြင်ဆင်ထားပြီး ဖြစ် သော အစိုးရ တပ်များသည် တိုင်း ရင်းသား လက်နက်ကိုင် တပ်များ လက်ခံ နိုင်ဖွယ် မရှိမှန်း သိနေသော တပ်မ တော် မူ (၆) ချက်ကို တင်ပြလာခြင်း ဖြစ်နိုင်ပါသည်။
အစိုးရ၏ စစ်ရေး ပရိယာယ်သည် KIO အား ချေမှုန်းပြီးပါက UWSA အား နောက်ထပ် ရန် စခြင်း ဖြစ်ဖွယ် ရှိကြောင်း စစ် ရေး အကဲခတ် များကဆိုပါသည်။ UWSA သည် တရုတ်သြဇာ သက်ရောက်နေ သည်ဟု အများက ယူဆနေပါ သည်။ အစိုးရ သည် UWSA အား ဆန့်ကျင်တိုက် ခိုက် မှုဖြင့် တရုတ်အား အန်တု လိုက်သ လိုမျိုး တည်ထွင်ပြီး အမေ ရိကန် ၏ အကူအညီ ရလိုကြောင်း တချို့ကတွက် ဆကြပါသည်။
တချို့ကမူ အမေရိကန် အားပေးမှု ရှိပြီး တရုတ် ထောက်ခံမှု မရှိသည့် KIO အဖွဲ့အား အမြစ်ပြတ် ချေမှုန်းမည်ဟု တွက်ဆကြ ပါသည်။ အစိုးရ တပ်များ၏ လာမည့် တိုက် ခိုက်ရေး အစီစဉ်တွင် လည်း မကြာခင်က နေပြည်တော် ၌ ကျင်းပ ပြီးစီးခဲ့ သည့် ကြည်းတပ်၊ လေတပ်နှင့် အမြောက် တပ်တို့ ပါ၀င်သည့် ပူးပေါင်း စစ်ဆင်ရေး မျိုးဖြင့် KIO အား အသုံးပြု တိုက်ခိုက် တော့မည် ဖြစ်သည်ဟု ယူဆကြပါသည်။
လက်ရှိတွင် လည်း အစိုးရ တပ်များသည် KIO တပ်မဟာ (၂) ဧရိယာ ဖါးကန့်ဒေသမှ စတင်ထားသည့် တိုက်ပွဲ သည် လည်းကောင်း၊ KIO ဗဟိုစခန်း အနီးရှိ အစိုးရ တပ်ဖွဲ့ များထံ တိုင်းမှူး တဦး သွားရောက် သည့် ခရီးစဉ် သည် လည်းကောင်း၊ ရှမ်းပြည် မြောက်ပိုင်း စစ်ဆင်နေမှု နှင့်လ က် ရှိတပ်မတော် ၏ စစ် ဆင်ရေး ပြင်ဆင်မှု များကို ကြည့် ခြင်းအားဖြင့် KIO အား အကြီးကျယ်ဆုံး စစ်ဆင်ရေးကို စတင်ဖွယ် ရှိနေပါသည်။
အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် လိုခြင်း မရှိသဖြင့် အချိန်ဆွဲ နေခြင်းသာ ဖြစ်ပါသည်။ မည် သူ့ တောင်းဆိုမှု နှင့်မျှပြင် ဆင်မည် မဟုတ်ေ သာ တင်းခံမှုမျိုး ဖြစ်ပါသည်။ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရန် အ တိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်း စု ကြည့် အပါ၀င် လှည်းနေ လှေအောင်း မြင်းေ ဇာင်း မကြံ တောင်းဆိုနေ သော်လည်း အစိုးရဖက်မှ မှုနေသည် မဟုတ်ပေ။
လွှတ်တော် နာယက သူရ ဦးရွှေမန်း နှင့် သမ္မတ တို့ သဘောထား ကွဲနေ သယောင်၊ သမ္မတနှင့် ကာချုပ်တို့ သဘော ထား ကွဲနေသယောင် များသည် တူညီသည့် ရည်မှန်း ချက်အပေါ်မှာ သဘောထား ကွဲသယောင်များ ပင်ဖြစ်ပြီး အနှစ်သာရ အတူတူ ပင်ဖြစ်ပါသည်။
ဤနေရာ တွင် စစ်တပ်ကို လူကြမ်း လုပ်ခိုင်းခြင်း သာ ဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို စစ်တပ် ဖြင့် အပေါ်စီးမှ ဖိနှိပ် ထားပြီး ၄င်းတို့ ပြော သလို လက်ခံ သည်အထိ ထိမ်းချုပ် ခိုင်းနေပါသည်။ လူထု၏ အိုးအိမ်များ၊ မြေနေရာ များနှင့် အကျိုးစီးပွား များကို ရယူရာ တွင်လည်း စစ်တပ် နှင့်ရဲကို လူကြမ်း လုပ် ခိုင်း ပြီး ရှင်းခိုင်းခဲ့ ပါသည်။ ထိုလုပ် ရပ်မျိုး ဖြင့် လုပ်ခိုင်းစေခဲ့ သည့်အပြင် လက်ရှိ မြန်မာ့ နိုင်ငံရေး အပြောင်း အလဲကို စစ်တပ်က လက်မခံလိုဟု တဖက် က ၀ါ ဒဖြန့် ခြိမ်းခြောက်ပြန် ပါသည်။
အစိုးရသည် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများကို ပုံစံသွင်းထားပြီး ဖြစ်ပါသည်။ ထို့နည်းတူ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များကိုလည်း ပုံစံသွင်းရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ၄င်းတို့ လိုအပ်သလို ပုံစံ သွင်းပြီး ဖြစ်ပါက ၄င်းတို့ချမှတ်သည့် စည်းကမ်းရှိသော ပဲ့ကိုင် ဒီမိုကရေ စီစနစ်ကို ကျင့်သုံး ခိုင်း တော့မည်ဖြစ်သည်။
ဤကဲ့သို့ ဆောင်ရွက် နေချိန်တွင် ပြည်သူလူ ထုအား ပြသနာပေါင်း သောင်းခြောက်ထောင် ဗျာများနေစေရန် တည်ထွင် ထားခဲ့ ပါသည်။ မကြေနပ်များ ဖြင့် ဆန္ဒပြ နေစေခြင်း၊ အဓိကရုန်း သဖွယ် ဘာသာရေး ပဋိပက္ခများ ဖန်တီးနေခြင်း၊ သန်းခေါင်စရင်း ကိစ္စ၊ မြေသိမ်း ယာသိမ်းကိစ္စ၊ ၂၀၀၈ အခြေခံ ဥ ပဒေ ပြင် ဆင်ရေး ကိစ္စ၊ အလုပ်အကိုင် ရှားပါးမှု၊ ဆင်း ရဲမွဲတေမှု၊ လွှတ်တော်၏ လိမ်ဉာဏ်များ၊ စစ်ပွဲများ၊ မတည်မငြိမ်ဖြစ် မှု များနှင့် မူးရစ်ဆေးပြသနာ များ နေ ရာအနှ့ံ ပြသနာ ရှိနေစေ ရန် ဖန်တီးထား ခဲ့ပါသည်။
ဖန်တီးမှု တိုင်းအား အသေအချာ စုံစမ်း ကြည့်ပါက ရဲ၊ စစ်တပ်၊ ထောက်လှန်းရေး တွေချည်း ဖြစ်ပါသည်။ ဤသို့ ကြောင့် ထိုပေါ် လစီများသည် အစိုးရ၏ (Good Governance) လုပ်ရပ်ထဲက မာဖီးယား စနစ်ဖြင့် ဖန်တီး ထားခြင်း ဖြစ်ပါသည်။
ဤသို့ကြောင့် စစ်တပ်၏ မူဝါဒများ သည် လက်ရှိ အစိုးရ၏ ပြုပြင် ပြောင်းလဲရေး မူဝါဒအား အကောင် အထည် ဖေါ် နေခြင်း ဖြစ်ပါသည်။ လက်ရှိ အစိုးရ သည် နိုင်ငံရေး ပြုပြင် ပြောင်းလဲနေ သည်ဟု ဆိုသော်လည်း လွတ်လပ် သည့် ပြောင်း လဲစေမှုထက် ကန့်သတ်မှု ဖြင့် ၄င်းတို့ လိုလား သည့်အတိုင်း ဖြစ်လာရန် ထိမ်းချုပ်နိုင် သည့် ပြုပြင်ပြောင်းလဲ မှုမျိုးကိုသာ ဖြစ်စေ လိုပါသည်။ ထိုရည် မှန်း ချက် အတိုင်းလည်း ဖြစ်အောင် တည်ဆောက် နေခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ ပြင်ဆင်မှု အေင်မြင် နိုင်ခဲ့သည် ရှိသော် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဖြစ်ရေးသည် လက်အောက်ခံ ပြသနာမျှသာ ဖြစ်သွားပါတော့မည်။