မေဃဝတီ လူမူကွန်ယက်ဖွဲ့စည်း

မေဃဝတီ လူမူကွန်ယက်ဖွဲ့စည်း
by -
နိရဥ္စရာ

မာန်အောင်မြို့နယ်၏ လူမူရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် မေဃဝတီ လူမူကွန်ယက်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ယခုလ ၆ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

“ ဝေလုဝန်ကျောင်းမှာ ဖွဲ့စည်းပါတယ်။ ဧပြီလ ၆ ရက်နေ့ ဖွဲ့စည်းပါတယ်။ လူပေါင်း ရ၀ ခန့် တက်ရောက်ပါ တယ်”  ဟု ဒုအတွင်းရေးမှူး ဦးကျော်လွှင်ထွန်းက နိရဥ္စရာသို့ ပြောသည်။

မေဃဝတီ လူမူကွန်ယက်ကို မာန်အောင်မြို့နယ် အတွင်း လူမူအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ လူမူဘဝ ထိခိုက်နစ်နာမူများကို  ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် လူငယ် လူရွယ်များ၏ လူမူစွမ်းအားကို မြင့်တင်ရန် ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ဥက္ကဌအဖြစ် ဦးမောင်မောင်တင်နှင့် ဒုဥက္ကဌ ၂ ဦး၊  အတွင်းရေးမှူး ဦးစန်းနိုင်၊ တွဲဘက်အတွင်းရေးမှူး ဦးကျော်လွှင်ထွန်း အပါအဝင် ကော်မီကို လူပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

“ ရန်ကုန်မှာ ရှိတဲ့ ရခိုင်လူမူကွန်ယက်၊ ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ လူမူကွန်ယက်အဖွဲ့တွေနဲ့ ချိတ်ဆက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒါပြင် အစိုးရ အာဏာပိုင်တွေနဲ့လည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မေဃဝတီ လူမူကွန်ယက်အနေဖြင့် အတတ်နိုင်ဆုံး မာန်အောင်မြို့နယ် အကျိုးအတွက် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် စိတ်ဝင်စားသူ မာန်အောင်မြို့နယ် သူ မြို့နယ်သားများ အနေဖြင့် ဆက်သွယ်နိုင်ပါကြောင်း သူက ပြောဆိုသည်။

Most read this week