တစ်နေ့တစ်နေ့ ကြားနေရသည့်သတင်းများတွင် အသိမ်းခံလယ်မြေ ပြန်ရရေး၊ စွန့်လွှတ်ပြီး မြေယာများ မူလပိုင်ရှင်ထံ ပြန်လည်ရရှိရေး၊ ပညာရေးအဆင့်အတန်း နိမ့်ကျမှုနှင့် ပညာရေးပေါ်လစီပြုပြင်ရေး၊ ကျန်း မာရေးစောင့်ရှောက်မှု အဆင့်အတန်းနိမ့်ကျခြင်းနှင့် တိုုးတက်ကောင်းမွန်ရေး၊ တိုုင်းရင်းသားအခွင့်အရေး၊ တန်းတူညီမျှရေး၊ ၎င်းတိုု့ဒေသဖွံ့ဖြိုးရေး၊ ဒုုက္ခသည်ပြဿဿနာ လက်နက်ကိုင်ပဋိပက္ခ၊ ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲ တေမှုလျှော့ချရေး၊ အလုုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေး၊ မီဒီယာလွတ်လပ်ခွင့် စသည့်စသည့် ပြဿဿနာများဖြစ်ပေသည်။
ယင်းပြဿဿနာများကို ဖြေရှင်းကြရာတွင် တစ်ဖက်နှင့်တစ်ဖက်အကြား ပွတ်တိုက်မှု၊ အငြင်းပွားမှု၊ ထိပ်တိုက် ရင်ဆိုင်မှု၊ ဥပဒေအရ တရားစွဲဆိုမှုတို့က နေ့စဉ်သတင်းများတွင် ကြားသိနေကြရသည့်အရာများပင် ဖြစ် သည်။
ပထမအချက်အဖြစ် ဖြေရှင်းစရာကိစ္စ ပြဿဿနာများကိုု ပြဿဿနာအဖြစ် အသိအမှတ်ပြုခြင်းသည် နှစ် ၅၀ ကာလ အတွင်း တိုုးတက်မှုတစ်ရပ်ဖြစ်သည်။ အဆိုုပါ နှစ် ၅၀ ကာလလုံးလုံုး အမှိုက်များ ဖျာအောက်လှည်းသွင်း သကဲ့သိုု့ ပြဿဿနာများကို မဖြေရှင်းဘဲ ထားခဲ့သည်။ တစ်နည်း ပြဿဿနာအဖြစ် အသိအမှတ်မပြုခဲ့ပေ။ စီမံကိန်း များ အောင်မြင်နေသည်၊ လူထု၏ စားဝတ်နေရေး အစစအရာရာ ပြေလည်နေသည်၊ မျှော်မှန်းထားသည့် ရည်မှန်းချက်ရောက်ရန် အခြေအနေကောင်းများရှိနေပြီဟု နိုင်ငံပိုင်မီဒီယာ၊ အစိုးရခေါင်းဆောင်များက တောက်လျှောက် ပြောဆိုုခဲ့သည်။
ယခုုတော့ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလတွင် ပြဿဿနာများစွာ စောင့်ဆိုင်းနေသည့်တိုင် ပြဿဿနာအဖြစ် အသိအမှတ်ပြုပြီး ဖြေရှင်းမည်ဟုု သက်ဆိုင်သူများက သဘောတူထားကြသည်ကပင် တိုးတက်မှု တစ်ခုဟု ဆိုုရပေမည်။
ထိုသို့သောအခြေအနေတွင် ပန်းတိုင်က ဘာလဲ။ ထိုပန်းတိုင်ကို ရောက်အောင်သွားရာတွင် တစ်ဖက်နှင့် တစ်ဖက် မည်သို့ သဘောထားကြမည်၊ တစ်ဖန် မည်သို့သောနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုသည်က ယနေ့မြန်မာနိုင်ငံ အဖို့ သော့ချက် အကျဆုံုးအရာ ဖြစ်နေပေသည်။
ပထမအဆင့်အဖြစ် ဘယ်ဆီသိုု့သွားချင်သလဲဆိုုသည်ကို ရှင်းရှင်းလင်းလင်း ဖြစ်ဖို့လိုအပ်သည်။ နိုုင်ငံ ရေးနည်းလမ်းတွင် ဒီမိုုကရေစီနည်းလမ်း၊ လွတ်လပ်စွာ ပြိုင်ဆိုင်ပြီး စားသုံးသူလူထု အကျိုးခံစားနိုုင်သည့် စီးပွားရေးစနစ်ဖြင့် သွားရမည်ဟု နားလည် သဘောပေါက်ထားကြပေသည်။ ယနေ့ ကျင့်သုံးနေသည့် နည်းလမ်းများ လုုပ်ဆောင်မှုများသည် ယင်းစံနှုန်းများနှင့် မကိုက်ညီသေးသည်မှာတော့ သေချာပေသည်။ ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒရှိပါက မကြာမီ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာမည်ဟုု မျှော်လင့်ရပေ သည်။
သို့သော် အုပ်ချုပ်သည့်အစိုးရ၊ ဥပဒေပြုသည့်လွှတ်တော်၊ တရားရေးစီရင်ရေးစနစ်တိုု့က ပြောင်းလဲရန် ပိုင်းဖြတ်မှုနှင့် စိတ်အားထက်သန်မှုရှိဖိုု့ အမှန်တကယ်လိုုအပ်ကြောင်း ဤနေရာကနေ ထောက်ပြလိုပေသည်။
နေ့တဓူဝ ကြံုတွေ့နေရသည့် မမျှတမှု၊ တိုုင်ကြားမှု၊ ဆန္ဒပြမှု၊ မသမာမှု ပဋိပက္ခများတွင် ယင်းသို့သော စိတ်ရင်းအခံနှင့် လုပ်နည်းကိုင်နည်းမှန်ဖို့ အရေးကြီးကြောင်းကိုုလည်း ထပ်ဆင့် ထောက်ပြလိုပါသည်။
အလုပ်သမားနှင့်အလုုပ်ရှင်၊ လယ်သမားနှင့်ဝန်ကြီးဌာန၊ လယ်သမားနှင့်ကုုမ္ပဏီ၊ တပ်မတော်နှင့် တိုုင်းရင်းသား လက်နက်ကိုုင်၊ လူမျိုးစုမတူကွဲပြားသူများ စသည့် အုုပ်စုုများအကြား ဖြစ်ပွားနေသည့်ကိစ္စများကိုု ရေရာသည့် ပန်းတိုင်ကိုု ရှုမြင်ပြီး မှန်ကန်သည့် နည်းလမ်း လျှောက်လှမ်းပါမှ မြန်မာနိုုင်ငံသည် အသွင်ကူးပြောင်း ရေး ခရီးလမ်းကိုု ချောမောစွာ လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း ပါ၀င်နေသည့် အင်အားစုအားလုံုးကိုု မဇ္ဈိမက တိုုက်တွန်း ရေးသားလိုုက်ရပေသည်။