ဟားခါးတွင် ချင်း(ဇို)မျိူးနွယ်စုများ) တွေ့ဆုံကြမည်

ဟားခါးတွင် ချင်း(ဇို)မျိူးနွယ်စုများ) တွေ့ဆုံကြမည်
by -
ခိုနုမ်းထုန်

ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် Chinlung Chhuak Zofate (ချင်း(ဇို) မျိူးနွယ်စုများ တွေ့ဆုံပွဲတရပ်ကို ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်နေကြကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ရှိ I &PR ခန်းမတွင် Mizo Student Union (MSU) အဖွဲ့ကဦးဆောင်ပြီး အစည်းအဝေးတရပ်ကျင်းပကာ အဆိုပါ ပွဲဖြစ်မြောက်ရေးအတွက် တွေ့ဆုံဆွေး နွေးခဲ့ကြသည်။

ရှေးယခင်နှစ်ပေါင်းများကတည်းက လူမျိူးစုတစုသာဖြစ်ခဲ့ကြသော Chin – Kuki – Mizo(Lushai) တို့သည် ဗြိတိသျှ အင်ပါယာကြောင့် အိန္ဒိယ-ဘင်္ဂလားဒေရှ့် – မြန်မာနိုင်ငံ စသည့် သုံး နိုင်ငံတွင် တသီးတခြားစီနေ ထိုင်ခဲ့ကြရသော်လည်း မိမိတိ်ု့သည် မျိူးနွယ်စုတခုသာဖြစ်ကြကြောင်း MSU ဥက္ကဌ ဇိုးဒင်ပွီးယာကပြောသည်။

ထို့ကြောင့် နိုင်ငံသုံး နိုင်ငံတွင် နေထိုင်ကြရသော Chin – KuKi-Mizo(Lushai) မျိူးနွယ်စုများအကြားပိုမိုကောင်း မွန် သော ဆက်ဆံရေး၊ စည်းလုံးညီညွတ်မှု နှင့် သမိုင်းကြောင်းအရ သွေးခြင်းညီအကို များဖြစ်ကြောင်းကို ပိုမိုသိရှိနားလည် နိုင်စေရန်အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပရန် စီစဉ်ကြရခြင်းဖြစ်သည်ဟု ဇိုးဒင်ပွီးယာကပြောသည်။

ဇိုးဒင်ပွီးယာဦးဆောင်သော MSU ကျောင်းသားခေါင်းဆောင် ၃ ဦးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတုန်းက ချင်းပြည် နယ်သို့သွားရောက်ကာ ချင်းကျောင်းသား လူငယ်များ၊ ဒေသခံအာဏာပိုင်များနှင့်ပွဲတော်ဖြစ် မြောက်ရေးကိစ္စကို ဆွေး နွေးခဲ့ကြပါသည်။

ယင်းတွေ့ဆုံပွဲဖြစ်မြောက်ရေးကော်မတီများကို ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ်တွင် တစ်ဖွဲ့စီဖွဲ့စည်းကာ မီဇိုရမ် ပြည် နယ်ဘက်က အိန္ဒိယ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ တွင်ရှိနေကြသော ချင်း(ဇို) အနွယ်ဝင်များအားလုံး ပါ၀င်လာစေရေးအတွက် တာဝန်ယူမည်ဖြစ်သည်။

စနေနေ့က ပြုလုပ်သော ယင်းအစည်းအဝေးပွဲတွင် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၊ ဂီတ နှင့် ရိုးရာယဉ်ကျေးမှု ကော်မတီ၊ literature (စာပေ) ကော်မတီ သုံးရပ်ကို ဖွဲ့စည်းနိုင်ခဲ့ကြပြီး ဟားခါးတွင် ပြုလုပ်မည့် တွေ့ဆုံပွဲ၏ အမည် နာမကိုလည်း Chinlung Culture Festival (သို့) Zo Culture Festival ဟု ပဏာမရွေးချယ်ထားသည်ဟု သိရသည်။

ယင်းရွေးချယ်ထားသော အမည်များကို ချင်းပြည်နယ်ဘက်မှ ပွဲဖြစ်မြောက်ရေးကော်မတီများနှင့် ပြန်လည်ဆုံတွေ့သည့် အချိန်တွင် တင်ပြကာ သင့်တော်သော အမည်ကို အသုံးပြုသွားကြမည်ဖြစ်သည်။

 မီဇိုရမ်ပြည်နယ်တွင် အင်အားကောင်းသည့် အဖွဲ့အစည်းတခုဖြစ်သည့် MSU သည် ကွဲပြားနေကြသော မျိူးနွယ်စုများ ပြန် လည်ပေါင်းစည်းရေးလုပ်ငန်းများကို အဓိက လုပ်ဆောင်သည့် အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့၏ ဆောင်ပုဒ်မှာ “နိုင်ငံတွေက နယ်နိမိတ်ရှိပေမယ့် လူမျိူးမှာ နယ်နိမိတ်မရှိ” ဆိုသည့် ဆောင်ပုဒ်ကို လေးလေးနက်နက်ကိုင်ဆောင်ထားကြသည်။

Most read this week