သန်းခေါင်စာရင်းကောက်ယူမည့်အိမ်ရှင်များထံ တစ်ရက်ကြိုတင်အကြောင်းကြား

သန်းခေါင်စာရင်းကောက်ယူမည့်အိမ်ရှင်များထံ တစ်ရက်ကြိုတင်အကြောင်းကြား
by -
သက်သန္တာလှိုင်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ် သန်းခေါင်ကောက်ယူမည့်နေအိမ်များတွင် အိမ်ရှင်များသိရှိစေရန်သက်ဆိုင် ရာရပ်ကွက် ဆယ်အိမ်မှူးများကိုယ်တိုင် စာရွက်ဖြင့်တစ်ရက်ကြိုတင် အသိပေးအကြောင်း ကြားခဲ့သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရန်အခါ အိမ်ရှင်များအား ကောက်ယူမည် ဆရာမအမည်၊ နေ့ရက်နှင့် အချိန် အိမ်ထောင်ဦးစီး (သို့) အိမ်ထောင်စု၏ အကြောင်းအရာများကို ဖြေဆိုပေးနိုင်မည့် အိမ်ထောင်စုဝင်
တစ်ဦးဦး စောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံစာဖြင့် ကောက်ကွက် ၁ မှ ကျရောက်သော အိမ်များသို့ အကြောင်း ကြားထားခြင်းဖြစ်သည်။

အိမ်ရှင် ဒေါ်နှင်းမေက ’’ ဒီနေ့ညနေ့လောက် လာကောက်မယ်တို့ သူတို့လာပေးတဲ့အကြောင်းကြား စာထဲမှာ ရေးထားတယ်  ကျွန်မတို့က ကောက်ကွက် ၁ ဆိုတော့ ပထမဆုံးနေမှာ ကျွန်မတို့ကို ကောက်တယ်လို ထင်တယ်’’ ဟု ပြောသည်။

စာရင်းစစ်ဆရာမ တင်ရွှေက ’’ကျွန်မက စာရင်းစစ်တစ်ယောက်ဆိုတော့ ကောက်ကွက် ၁၊ ၂၊ ၃ ကိုတာဝန်ယူရ တယ် ကျွန်မတို့စာရင်းစစ်တွေက စာရင်းကောက်တွေနားတဲ့ ညနေ့ ၅ နာရီလောက်မှာ စာရင်းကို ကျွန်မတို့ စစ်ရတော့ အကြောင်းကြားထားတဲ့အိမ်ကို ကျွန်မက စာရင်းကောက်တွေဆီကနေမှ သိရမယ်’’ ဟု ပြောသည်။

တစ်နေ့ကို ဘယ်နှစ်အိမ် စစ်နိုင်ခြင်း ဘာတွေအခဲခက်ရှိသည့်ကို စာရင်းစစ် အနေဖြင့် စာရင်းကောက်များကို မေးမြန်းနိုင်သည်ဟုလည်း ၎င်းဆရာမက ဆိုထားသည်။

စာရင်းစစ်ဆရာမ မိမိခိုင်က ’’ ဒီနေ့သန်းခေါင်စာရင်းကောက်ဖို့အတွက် အိမ်တွေကို အကြောင်းကြားပေး ထားတယ်  ပထမဆုံးနေ့မှာ ကောက်ဖို့အတွက် ၁၀ အိမ်ကိုပေးထားပါတယ်’’ ဟုပြောသည်။

၎င်း ၁၀ အိမ်များကို မနက်နှင့် ညနေ ၂ ပိုင်းခွဲထားကြောင်းနှင့် အကြောင်းကြားစာပို့သည့် အချိန်တွင်လည်း အိမ်ထောင်ဦးစီးနာမည်ကိုမေးထားကြောင်း ၎င်း ဆရာမက ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူချိန်တွင် ရပ်ကွက်ကော်မတီများဖွဲ့စည်းထားမှု နည်းနေသောကြောင်း စာရင်းကောက်နှင့် ဆယ့်အိမ်မှူး တစ်ဦးသာ လို်က်ပါသည်။ ပထမကောက်ယူသည်နေ့တွင်  ဆယ့်အိမ်မှူးများ အချိန်ကို မသိရှိသောကြောင့် အချိန်နောက်ကျမှ ရောက်လာခြင်းနှင့်ကြံုတွေ့နေရသည်။

သန်းခေါင်စာရင်းကောက်ယူရန် အကြောင်းကြားစာကို မတ်လ ၂၉ ရက်နေ့က ပေးပို့ထားသော်လည်း ယနေ့ကောက်ယူသည်အချိန်တွင် အိမ်ထောင်ဦးများမရှိခြင်း၊  ပြောရေးဆိုခွင့်များမရှိခြင်းနှင့်လည်း ကြံုတွေ့နေရသည် ဟု စာရင်းကောက်ဆရာ၊ ဆရာမများက ပြောဆိုသည်။