မြစ်ကြီးနား၊ ဟန်းဆင် (H.B.B.C) ဓမ္မကော်လိပ်တွင် ကျင်းပပြုလုပ်သည့် ဓမ္မသဘင်ပင်လုံးကျွတ် ညီလာခံပွဲတွင် တက်ရောက်လာသော အသင်းသူ၊ အသင်းသားများအား သန်းခေါင်စာရင်း ကောက်ခံခြင်းမရှိကြောင်း သိရသည်။
“သန်းခေါင်စာရင်း ကောက်မယ့် ဝန်ထမ်းတွေကို မိမိကျရာနေရာများမှာ ခွဲပြီးသွားပြီဖြစ်တဲ့အတွက် အဲဒီပွဲမှာ ကောက်ပေးမယ့် ဝန်ထမ်းမရှိတော့ဘူး။ ဒါကြောင့် ပွဲပြီးလို့ သူတို့အိမ်ရောက်မှ ထည့်ခိုင်လိုက်တယ်” ဟု
မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး (ပင်စင်ယူ) သိန်းထွန်းက ဓမ္မသဘင်ပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌအား ပြောသည်။
ယင်းပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ သင်းထောက်ဆရာ ဦးဂန်ထောက ဓမ္မသဘင်ပွဲကျင်းပမည့်အချိန်နှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံချိန် တစ်ထပ်တည်းကျ၍ မြို့နယ်အုပ်ချုပ်ရေးမှူးသို့
ပွဲမိန့်သွားတင်စဉ် ပြောကြားခဲ့ရာ အုပ်ချုပ်ရေးမှူးက ဝန်ထမ်းအင်အားမရှိသည့်အတွက် မိမိနေအိမ်သို့ ပြန်ရောက်သည့်အချိန်မှ သန်းခေါင်စာရင်းထည့်ရန် မှာကြားကြောင်း ပြောသည်ဟု ဆိုသည်။
ဓမ္မသဘင်ပွဲတော်ကို ယခုလ မတ် ၂၆ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းပွဲတွင် တက်ရောက်သူ စုစုပေါင်း ၆၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။ အဆိုပါပွဲကို နှစ်ခြင်းခရစ်ယာန်မူရင်းအဖွဲ့ချုပ်မှ ၉ နှစ်တစ်ကြိမ်ကျင်းပပြုလုပ်လျက်ရှိပြီး ယခုမူ ၃၈ ကြိမ်မြောက်ခဲ့လေပြီ။
ပွဲ၌ မူရင်းအဖွဲ့ချုပ်မှ ရှေ့ဆက်ပြီး ၉ နှစ်အတွင်းပြုလုပ်သွားမည့် သာသနာနှင့်ပတ်သက်ပြီး အသင်းသူ၊ အသင်း သားများ မည်သို့ လုပ်ဆောင်သွားရမည်ကို ဆွေးနွေးတိုင်ပင် စည်းဝေးခဲ့ပြီး မြန်မာနိုင်ငံ အနှံရှိ အသင်းသားများ အားလုံးအတူတကွ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။