သန်းခေါင်းစာရင်းကောက်ချိန် စာရင်းကောက်များ အခက်အခဲရှိနိုင်

သန်းခေါင်းစာရင်းကောက်ချိန် စာရင်းကောက်များ အခက်အခဲရှိနိုင်
by -
နန်းချောင်ဖော့

ကရင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူချိန်၌ စာရင်းကောက်သည့် ကျောင်းဆရာ၊ ဆရာမများအတွက် အခက်အခဲများရှိနိုင်ကြောင်း စာရင်းစစ်တာဝန်ယူထားသူက ကေအိုင်စီကို ပြောသည်။

သန်းခေါင်းစာရင်းကောက်ယူချိန်တွင် စာရင်းစစ်တာဝန်ယူထမ်းဆောင်မည့် ဆရာမ ခင်မာချိုက “သန်းခေါင် စာရင်း သွားကောက်တဲ့အခါမှာ ဘာအခက်အခဲရှိနိုင်လဲဆိုတော့ ဆရာမတို့ အစမ်းကောက်လိုက်တဲ့နေရာမျိုး မှာဆိုရင် မအားသေးဘူး မဖြေနိုင်သေးဘူး နောက်မှလာကောက်လို့ အဲလိုမျိုးလေးတွေပေါ့နော်စျေးရောင်း နေတယ် မအားသေးဘူး အဲလိုမျိုးအသံလေးတွေပေါ့” ဟု ပြောသည်။

ထိုပြင် သန်းခေါင်းစာရင်းနှင့် ပတ်သက်ပြီး လူထုများ မှန်မှန်ကန်ကန်လေး ပါဝင်ဖြေဆိုပေးမည်ဆိုပါက အားလုံး လျောလျောရူရူ ဖြစ်သွားမည်ဟု ဆရာမခင်မာချိုက ဆက်ပြောသည်။ ဘားအံမြို့ အမှတ် ( ၅) ရပ်ကွက်မှ ဟှာမူးသိန်းက “ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးတော့ ကျမကို သူတို့မေခွန်းပုံစံ လာပေးထားတယ်၊ ဘယ်နေ့လာကောက်မလဲဆိုတာတော့ မပြောထားဘူး” ဟုပြောသည်။

ဘားအံမြို့ အမှတ်(ရ) ကွက်တွင် နေထိုင်သည့် နော်ဖျာ့သိန်က “ ကျမယောက်ျားနဲ့ကျမကတော့ စျေးထဲမှာ တစ်နေကုန်စျေးရောင်းတယ် သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးတော့ ဘာမှမသိဘူး တနင်္ဂနွေနေ့တုန်းက
ကျတို့အိမ်မှာရှိတော့ ဆရာမတွေလာပြောသွားတယ် သန်းခေါင်စာရင်းကောက်မယ်ပေါ့ ဘယ်နေ့ လာကောက် မလဲ ဆိုတာပြောမသွားဘူး အကယ်၍ စျေးပိတ်ရက်မှာသူတို့လာကောက်မယ်ဆိုရင် ကျမတို့အိမ်မှာရှိမယ် စျေးပိတ်ရက်မဟုတ်ဘူးဆိုရင်တော့ ကျမတို့အိမ်မှာရှိမှာမဟုတ်ဘူး အိမ်စောင့်တဲ့ ကောင်မလေးပဲရှိမယ်” ဟု ပြောသည်။

ယခုလက်ရှိတွင် သန်းခေါင်စာရင်းကောက်မည့် ကျောင်းဆရာ၊ ဆရာများသည် မိမိတာဝန်ကျရာဒေသများသို့ အသီးသီးရောက်ရှိနေပြီး မိမိကောက်ခံရမည့်ကောက်ကွက်နှင့် ပတ်သက်၍ အိမ်ထောင်စုများကို လိုက်လံစစ် ဆေးနေပြီး မေးခွန်းပုံစံနှင့် ပတ်သက်သည့်အချက်များကိုလည်း လိုက်လံရှင်းပြထားသည်ဟု သိရသည်။

သန်းခေါင်းစာရင်းကောက်ယူရာတွင် အိမ်ခြေ ၁၀၀ မှ ၁၅၀ ကြိုမို့ကြီးများ၌ ကောက်တစ်ကွက်ဟု သတ်မှတ်ကာ အချို့ကျေးရွာများ၌ အိမ်များသည် တစ်အိမ်နှင့် တစ်အိမ် အလှမ်းဝေးသည့်အတွက် သွားလာရခက်ခဲသည့် နေရာများတွင် အိမ်ခြေ ရ၀ မှ ၈၀ အထိသာ သတ်မှတ်ထားသည့် ကောက်ကွက်များလည်းရှိ ပြီးကောက် ကွက်တစ်ကွက်ကို စာရင်းကောက်တစ်ယောက်တာဝန်ယူ ကောက်ခံသွားမည််ဟု လဝကရုံးမှ သိရသည်။