လူနေရပ်ကွက်တွင် တည်ဆောက်နေသော စေတီပုထိုး ပြန်ရွှေ့ပေးရန် ၀န်ကြီးချူပ်ထံ တောင်းဆို

လူနေရပ်ကွက်တွင် တည်ဆောက်နေသော စေတီပုထိုး ပြန်ရွှေ့ပေးရန် ၀န်ကြီးချူပ်ထံ တောင်းဆို
by -
ခိုနုမ်းထုန်

ချင်းပြည်နယ် တောင်ပိုင်း ဆမီးမြို့အတွင်းရှိ လူနေရပ်ကွက်တွင် စေတီပုထိုးတည်ဆောက်နေသည်ကို တခြားနေရာ သို့ ပြန်လည်ပြောင်းရွှေ့ပေးရန် မတ်လ ၁၉ ရက်နေ့က ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဟုန်းငိုင်းထံ လိပ်မူပြီး ဆမီး ဒေသခံများက တောင်းဆိုလိုက်သည်။

ဆမီးမြို့ပေါ် အမှတ် ၂ ရပ်ကွက်ရှိ လူနေအိမ်များအတွက် လျာထားသော မြေနေရာတွင် ဆမီးမြို့နယ်ခွဲ အထွေထွေ အုပ်ချူပ်ရေးမှူး ဦးကီးခွီရှိန်း၏ ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ယင်းစေတီ ပုထိုးကို စတင်တည် ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းကိစ္စကို အခြားတနေရာသို့ ပြောင်းရွှေ့တည်ဆောက်ပေးရန် ချင်းပြည်နယ် ၀န်ကြီးချူပ်ထံ လိပ်မူကာ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ဆီးမီးဒေသခံ (၁၃၂) ယောက်မှ လက်မှတ်ရေးထိုးထားသော တောင်းခံစာတစ် စောင်ကို ပေးပို့ခဲ့ကြပြီးဖြစ်သော်လည်း ၀န်ကြီးချူပ်မှ ယနေ့ချိန်ထိ တစုံတရာအကြောင်း ပြန်ခြင်းမရှိသောကြောင့် ယခုလို ထပ်မံတင်ပြခဲ့ကြခြင်းဖြစ်သည်။

“ ကျွန်တော်တို့သည် ဘာသာရေးတိုက်ခိုက်ခြင်းမဟုတ်၊ စေတီပုထိုးများသည် မြို့အင်္ဂါရပ်တစ်ခုဖြစ်ကြောင်းကို လည်းကျွန်တော်တို ့လက်ခံကြသည်၊ သို့သော် ယခုတည်ဆောက်လျှက်ရှိသော နေရာသည် ရပ်ကွက်(၂) လူနေ အိမ်ဆောက်လုပ်မည့် နေရာအလယ်ဗဟို ဖြစ်သည့်အတွက် ယခင် နှစ် ၂၀၀၄-၂၀၀၅ ခုနှစ်က ဌါနဆိုင်ရာလူကြီးများ သတ်မှတ်ထားသည့် နေရာတွင် ပြောင်းရွှေ ့ပေးရန်တောင်းခံခြင်းသာဖြစ်ကြောင်း၊ အကယ်၍ ပြောင်းရွှေ့ပေးခြင်း မရှိပါက စေတီပုထိုးကြောင့် နောင်တွင် မလိုအားအပ်သောပြဿနာများ ပေါ်ပေါက်လာပါက သက်ဆိုင်ရာလူကြီး များ၏ တာဝန်သာဖြစ်မည်’’ ဟု ၀န်ကြီးချူပ်ထံ တင်ပြသော စာတွင်ဖော်ပြထားသည်။

ယခုတည်ဆောက်လျက်ရှိသော ယင်းစေတီပုထိုးသည် ဆမီးဒေသခံများ နှင့် ရပ်မိရပ်ဖ များ၏ သဘောထားကို ကြို တင်ရယူခြင်းမရှိဘဲ အုပ်ချူပ်ရေးမှူး ဦးကီးခွီရှိန်းက မိမိသဘောဖြင့်သာ တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။

“ ဆမီးမြို့ (ခွဲ) ဦးစီးမှူး နဲ့ ပလက်ဝမြို ့အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင် နဲ့ လူကိုယ်တိုင်ဆွေးနွေး ပါတယ်၊ ကျွန်တော်တို ့က ဘာသာရေးကို ကန် ့ကွက်တာလည်းမဟုတ်ဘူး၊ တိုက်ခိုက်တာလည်း မဟုတ်ဘူး အရင်သတ်မှတ် ထားတဲ့နေရာကိုသာ ပြောင်းပေးရေးပဲ၊ အခုတည်ဆောက်နေတဲ့ နေရာမဟုတ်တဲ့ တခြား ၅ နေရာတောင်ကျွန်တော်တို့ ညွန်ပြပါတယ်၊ ဒါပေမယ့် ဦးဟန်ဝင်းအောင် က ဆက်ပြီး အဲဒီနေရာမှာလုပ်ရင်လည်း ဘာမှမဖြစ်ပါဘူး လို ့ပြန်ပြော ပြီး ဆက်လုပ်နေတယ်’’ ဟု ဆမီးမြို့မိမြို့ဖတစ်ဦးကပြောသည်။