တပ်မ တော် အစိုးရ နဲ ့ဝ တပ်ဖွဲ ့တွေ အကြား အပစ် အခတ် ရပ်စဲ ခဲ့တာဟာ ၉.၅.၁၉၈၉ ရက်နေ ့မှာ၂၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ် ။အပစ် အခတ် ရပ်စဲ ခဲ ့ပြီးတဲ ့နောက်မှာဝ ဒေသ ကို အထူးဒေသ ၂ အဖြစ် သတ်မှတ် လိုက်ပြီး တိုးတက်မှုတွေ ဖြစ်လာ တယ် လို့ ဆိုရမည် ဖြစ်ပါသည်။
စစ်အစိုးရ ကျင်းပသည့် ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံ စတင် ကျင်းပစဉ် ကတည်းက‘၀’ အထူးဒေသ ကိုယ်စား လှယ်များ ပါ၀င်တက် ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ‘၀’ ဒေသဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဖြစ်လာခဲ့ပါတယ်။
ဒေသတွင်း တိုင်းရင်း သားလူမျိုး ၁၈ မျိုး နေထိုင် လျက်ရှိပြီး ဧရိယာ စတုရန်း ကီလိုမီတာ တစ်သောင်းခုနှစ် ထောင် ခန့် ကျယ်ဝန်းတဲ ့ဝ တောင်ပိုင်း နဲ ့ မြောက် ပိုင်းဒေသ နှစ်ခုကို ၀၊ ဂျင်းဖော၊ တရုတ်၊ လားဟူနှင့် ရှမ်းအဖွဲ ့ဝင် ၂၁ဦး ပါ၀င်တဲ့ဗဟို ကော်မတီ တစ်ခုက စီမံခန် ့ခွဲ အုပ်ချုပ်နေ ပါတယ်။
အပစ်အခတ် ရပ်စဲစဉ်က ထောင်ဂဏန်း အနည်း ငယ်မျှသာ ရှိခဲ့တဲ ့ ၀တပ်ဖွဲ ့ဟာ ယခုအချိန်မှာ မြောက်ပိုင်း ဒေသမှာ တပ်မဟာ ၃ ခု နှင့် တပ်ရင်း ၂၂ရင်း တောင် ပိုင်း ဒေသမှာ တပ်မဟာ ၅ ခု နှင့် တပ်ရင်း ၂၂ ရင်း စုစုပေါင်း တပ်မဟာ ၈ခု ၊ တပ်ရင်း ၄၄ရင်း အမြဲတန်း စစ်အင်အား ၃၀၀၀၀ ခန် ့ နဲ ့ခေတ်မီ လက်နက်များ တပ်ဆင် တည်ဆောက် ထား နိင်ပြီ ဖြစ်ပါတယ်။
တပ်မတော် နဲ ့ဝ တပ်ဖွဲ ့များ အကြား အပစ်အခတ် ရပ်စဲပြီး ကတည်းက ဆက်ဆံ ဆောင်ရွက်ခဲ့တဲ ့ ဆက်ဆံရေး သ မိုင်း ကို ပြန်လည် သုံးသပ်ရ မယ်ဆိုရင် -
တပ်မတော် နဲ ့ပူးပေါင်း ဆောင်ရွက် ခဲ့တဲ ့့ ဖြစ်စဉ် နှစ်ခုနှစ်ဖက် တပ်များ ထိပ်တိုက် ရင်ဆိုင် အခြေအနေ တင်းမာမှု ဖြစ်စဉ် လေးခု စုစုပေါင်း ဖြစ်စဉ် ၆ခု ကြံုတွေ ့ခဲ့ရတာကို ပြန်လည် လေ့လာ သုံးသပ် နိူင်ပါတယ် ….
ပထမ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်
အပစ် အခတ် ရပ်စဲပြီး ကာစ ၁၉၉၀ ခုနှစ် တစ်ဝိုက်မှာ တောင်ပိုင်း ၀ဒေသက တပ်အချို ့ နဲ ့ခွန်ဆာ ရဲ ့ MTA တပ် တွေဟာ မူးယစ်ဆေးဝါး နဲ ့နယ်မြေ လု တဲ ့ပြသ နာများ ကြောင့် ဆက်ဆံရေး အတော်တင်းမာ လာပါတယ်ဒီတင်း မာမှုဟာ ၁၉၉၃ ခုနှစ်ဝန်းကျင် MTA အင်အား ၂၀၀၀၀ ကျော်ရှိလာချိန် SAM Series ဝေဟင် ပစ် ပုခုံးထမ်းဒုံး လက် နက်လို လက်နက်တွေ အပါအဝင် ခေတ်မီ လက်နက် အများအပြား ပိုင်ဆိုင်လာချိန် ခွန်ဆာ အနေနဲ ့ သူ ့ကိုယ်သူ ရှမ်းပြည် ရဲ ့သမ္မ တ အဖြစ် ထကြေငြာပြီး ချိန်မှာ စတင် ပေါက်ကွဲ ပါတယ်။
တိုက်ပွဲစ ဖြစ်ပွားတဲ ့အခါ လူအင်အား လက်နက်အင်အား အဖက်ဖက်က သာလွန်တဲ ့ MTA တွေကြောင့် ၀တပ်ဖွဲ ့တွေ အတော် အထိနာ ကုန်ပြီး နောက်ဆုံးမှာ တပ်မတော် အစိုးရကို ဆက်သွယ် အကူအညီ တောင်းခံရ တဲ ့အနေအ ထား ထိ ဆိုက်ရောက်လာ ရပါတယ်။
တပ်မတော် နေရာက ကြည့်ရင် လက်ရှိ အင်အား ၂၀၀၀၀ ကျော် အထိ ရှိနေပြီးဟိုမိန်းမှာ ဋ္ဌာနချုပ်ကြီး ဖွင့်ကာ နိုင် ငံခြား သံတမန်တွေ တောင် လာတွေ ့နေရ တဲ ့အထိ ကြီးထွားလာနေတဲ ့ ခွန်ဆာ ရဲ ့တပ်ဖွဲ ့တွေကို ထိန်းချုပ် နိူင်ဖို ့လိုကို လိုအပ်နေပါတယ်….
ဒါပေမယ့် ဒီထက်ပို အရေးကြီးတဲ ့ကိစ္စကြီးတစ်ခု ရှိနေ ပါသေးတယ် အဲဒါကတော့ ယိုးဒယားနိုင်ငံက အစဉ်အဆက် ကျင့်သုံးလာတဲ ့ ကြားခံ နယ်မြေ ၀ါဒ ( Buffer Zone Policy ) ပဲ ဖြစ်ပါတယ်…
ပြည် တွင်းစစ် သက်တမ်း တစ်လျောက် ဒီပေါ်လစီရဲ ့ ဒဏ်ကို တပ်မတော် က ခံစားခဲ့ရ ပေါင်း များ လှပါပြီတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ ့စခန်းတွေ ကို ဒုက္ခသည် စခန်း အမည်ခံပြီး ဖွင့်ခွင့်ပေး ၊ လက်နက်ခဲ ယမ်းရိက္ခာ ထောက် ပံ ့မှု ဆေးကုသ ပေးနေမှု နယ်စပ် တစ်လျောက် သယံဇာ တများ ခိုးထုတ်မှု အပေါ် အိမ်နီးချင်း နိူင်ငံရဲ့အမြတ်ထုတ် နေမှုတို ့ဟာဒီ ပြည်တွင်းစစ် မီး ကို ဘယ်တော့မှ ငြိမ်းသတ်လို ့မရခဲ့ပါဘူး….
ဒီတစ်ခါတော့ တပ်မတော် အစိုးရ ရဲ ့ အလှည့် ရောက်လာပါပြီတန်ပြန် ကြားခံ နယ်မြေ မူဝါဒ( Counter Buffer Zone Policy ) ဟာ စတင် အသက်ဝင် လာ ပါတော့မယ် ….၁၉၉၃ ခုနှစ် နှစ်လယ် ပိုင်းမှာမြောက်ပိုင်း ဒေသက ၀ တပ်ဖွဲ ့အများ အပြားဟာ တောင်ပိုင်း ဒေသကို စစ်ကူအဖြစ် ရုတ်တရက် ဘွားကနဲ ရောက်ချ လာပါတယ် ၀ တပ်တွေဟာ လက်နက်ခဲ ယမ်းကိုလဲ ဖောဖော သီသီ သုံးနိင်လာပြီး တိုက်ပွဲမှာ ဒဏ်ရာရ တဲ ့သူတွေ ဟာလဲ ရိက္ခာ နဲ ့ ဆေးဝါး ကုသမှု တွေ ရုတ်တရက် ကောင်းမွန် လာတာကြောင့် …လျှင်လျှင် မြန်မြန် ပြန်ပြီး တာဝန်ထမ်းဆောင် နိူင်လာပါတယ်…
ဒီ တိုက်ပွဲ စဉ်တွေဟာ ၁၉၉၅ နှစ်ဦး အထိ ဆက်တိုက် ပြင်းပြင်းထန် ထန် ဖြစ်ပွား နေခဲ ့ပါတယ်နှစ်ဖက်စလုံးမှာ အင် အား ထောင်နဲ ့ချီ ကျဆုံးခဲ့ချိန်၊ ခွန်ဆာ အဖွဲ ့မှ ကမ်းရွက် ဦးဆောင်တဲ ့ရှမ်း အဖွဲ ့မှ အင်အား ၄၀၀၀ ထောင် နီးပါး နဲ ့ခွဲ ထွက်ကာ တပ်မတော် နှင့် အပစ် အခတ် ရပ်စဲလိုက်ချိန် စတဲ ့ အချိန်မှာတော့ …
ခွန်ဆာ ရဲ ့အမ်တီအေ တပ်ဖွဲ ့ဟာတပ်မတော်ထံ လူအင်အား ၁၄၀၀၀လက်နက်မျိုးစုံ ၈၀၀၀ ကျော် မိုင်းမျိုးစုံ ၅၈၀၀၀ ကျော် ကျည်ဆန် ၂သန်းကျော် တို ့နဲ ့အတူ အကြွင်းမဲ ့ လက်နက်ချ လိုက်ပါတော့တယ်….
ဒီနောက် မှာတော့ယိုးဒယား မြန်မာ နယ်စပ်မှာ အရင် ယိုးဒယားနဲ ့ပလဲနံပသင့်တဲ ့ MTA ခွန်ဆာ့ တပ်ဖွဲ ့တွေ ရဲ့နေ ရာမှာအစားထိုး ၀င်ရောက်လာတဲ ့ ၀ တပ် ဖွဲ ့တွေဟာ ယိုးဒယားနိူင်ငံ အတွက် အကျပ် ရိုက်စရာ Buffer Zone ကြီး တစ်ခု အဖြစ် ပေါ်ထွက်လို ့လာခဲ့ပါပြီ ….
ဒုတိယ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စဉ်
ဒုတိယ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်စဉ် ကတော့ ၂၀.၅.၂၀၀၂ ခုနှစ် နံနက် ၄ နာရီ ၁၅ မှာ စဖြစ်ပွားခဲ့တဲ ့ ယိုးဒယား နဲ ့ နယ်စပ်ဒေသ ကန် ့သတ်စစ်ပွဲ အတွင်း မှာ ဖြစ်ပါတယ်…
နှစ်ဖက် စလုံးက နယ်စပ်ဖြတ် ကျော် တိုက်ခိုက်မှုများ အများအပြား ပြုလုပ်ခဲ့ပြီး ဒီ တိုက်ခိုက်မှုတွေ အတွက် ယိုး ဒ ယား ဖက်က SURA ရှမ်းလက်နက် ကိုင် တပ်တွေ ကို အသုံးပြုခဲ့ကာတပ်မတော် ဖက်ကတော့ ၀ တောင်ပိုင်းဒေသ အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ ၀ တပ်ရင်း များ အားလုံးလိုလို ပါ၀င်တိုက် ခိုက်ခဲ့ပါတယ်…
၂၀၀၂ ခုနှစ် ဇွန်လလယ်မှာ ပြုလုပ်ခဲ့တဲ ့ ညတိုက်ပွဲ တစ်ခုမှာ ၀တပ်ဖွဲ ့ဝင် အများ အပြားဟာ ယိုးဒယား နယ်မြေ ထဲကို နှစ်ကီလို မီတာ လောက် အထိ စိမ့်ဝင် သွားပြီး ယိုးဒယား အမြောက် စခန်းတွေရဲ ့ ရှေ ့ကာတပ် စခန်းတွေ အား လုံးနီး ပါးကို ညတွင်းချင်း တိုက်ခိုက် ဖျက်ဆီး မီးရှို ့ ပြစ်လိုက် တဲ ့အတွက် ယိုးဒယား အမြောက် စခန်းတွေ အကြီးအကျယ် တုန်လှုပ် ခြောက်ခြား ခဲ့ရဘူးပါတယ်…
ပထမ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
တပ်မတော် နဲ ့ ၀ တပ်ဖွဲ ့တွေ ပထမဆုံး ထိပ်တိုက် ရင်ဆိုင်မိ တဲ ့ဖြစ်စဉ် ကတော့ ကိုးကန် ့ဒေသ ဖုန် - လျှံ အရေး အခင်း မှာဖြစ်ပါတယ်။ တပ်မတော် အစိုးရ နဲ ့ပထမဆုံး အပစ်ခတ် ရပ်စဲရေး ယူထား တဲ ့ကိုးကန့် (M.N.D.A) အဖွဲ့ဟာ ၁၉၉၅ခုနှစ် နှစ်ကုန်ပိုင်းမှာ 'ဖုန်' မျိုးနွယ်စုက ဖုန်ကျားရှင်၊ ဖုန်ကျားဖူ၊ ဖုန်တာရှင်း တို့ ခေါင်းဆောင် တဲ ့အုပ်စု နဲ ့' ရန်' မျိုးနွယ်စုက ရန်မိုး လျှံ၊ ရန်မိုးအန်း၊ ရန်ကျံုးဝေ၊ ရန်ကျံုးစီ တို့ ခေါင်းဆောင်တဲ ့ အုပ်စု အဖွဲ ့တွင်း အာဏာ လုရင်းတိုက် ပွဲတွေ အကြီးအကျယ်ဖြစ်ပွားပါတယ်။ ရန်အုပ်စု ဘက်က ၀ တပ်ဖွဲ ့တွေ ၀င်ကူတဲ ့အတွက် ဖုန်အုပ်စု အကြီးအကျယ် အထိနာ ပါတယ်…
ချင်းရွှေဟော် မြို ့ပါ မီးတင်ရှို ့ခံရပြီး ဖုန်အုပ်စု ဘက်က တပ်အချို ့ဟာ မိန်းမ ကလေးတွေပါ အပါအဝင်ဝ တပ်ဖွဲ ့တွေ ရဲ့ အဝိုင်းခံရပြီးလောက်ကိုင် မြို ့ထဲမှာ ပိတ်မိနေခဲ ့ပါတယ် .... အဲအချိန်မှာ အချိန်မီ ရောက် လာတာက မိတ္ထီလာ က မနားတမ်း တောက် လျောက် ချီတက် လာတဲ ့ အမှတ် ၉၉ ခြေမြန် တပ်မပါ ….
ရောက် ရောက်ချင်း ပိတ်မိနေတဲ ့အရပ်သားတွေ နဲ ့ဝ တပ်ဖွဲ ့တွေ အကြား ၀င်ရောက် နေရာယူ ရင်ဆိုင်ထား လိုက်ပါ တယ် …တစ်ဆက် ထဲမှာပဲ မုံးကိုး မုံးဟောင် ဒေသဘက် ကို ထိုးဖောက်ဝင်ရောက် လာတဲ့ ၀တပ်ဖွဲ ့ တွေကို ကျောက် မဲ အခြေစိုက် အမှတ် ၁ စစ်ဆင်ရေး ကွပ်ကဲမှု ဋ္ဌာနချုပ် တပ်တွေက ကြားဖြတ် ၀င်ရောက် ဟန် ့တား ရပ်တန် ့စေ လိုက် ပါတယ်….
အခြေအနေ တင်းတင်း မာမာနဲ့နှစ်ဖက် တပ်တွေ ရက် အနည်းငယ်ကြာ ရင်ဆိုင် ထားပြီးတဲ ့နောက် ၀တပ်ဖွဲ ့တွေ ပြန်လည် ဆုတ်ခွာ သွား ခဲ့ပါတယ်။ ဒါ ပထ မ ဖြစ်စဉ် ဖြစ်ပါတယ်….
ဒုတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
ဒုတိယ ဖြစ်စဉ် ကတော့ ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဖြစ်ပွားခဲ့တဲ ့ လောက်ကိုင် အရေး အခင်း ဖြစ်ပါတယ်သိန္နီမြို ့နယ် နမ့်ဆလတ် ကျေးရွာ အနီးမှာကားတစ်စီး လမ်းချော် တိမ်းမှောက်ပြီး ယာဉ်မောင်း များက ကားကို စွန် ့ပြစ် ထွက်ပြေး သွားခဲ ့တဲ ့ဖြစ်စဉ်တစ်ခု မှာကားအတွင်း စနစ်တကျ ထုပ်ပိုးထားတဲ ့ ဒေသန္နရ စက် ရုံထုတ် လက်နက် အများအပြား ကိုတွေ ့ရှိခဲ ့ရပါတယ် …
ဒီဖြစ်စဉ် ကြောင့် သြဂုတ်လ အတွင်းမှာ လောက် ကိုင်မြို ့ပေါ်က လူသုံးကုန် စက်ရုံ အဖြစ် ဟန်ပြထား တဲ ့မသင်္ကာ ဖွယ်ရာ နေရာ အများ အပြားကို မြန်မာနိင်ငံ ရဲတပ်ဖွဲ ့က ၀င်ရောက် စီးနင်းရှာ ဖွေခဲ ့ပြီး သြဂုတ်လ ၈ ရက်နေ ့မှာတော့ လောက် ကိုင် မြို ့အထွက် ရန်လုံကြိုင်း ဂိတ်နားက မသင်္ကာ ဖွယ် စက်ရုံ ကို ၀င်ရောက် ရှာဖွေတဲ ့ရဲတပ်ဖွဲ ့ဝင် ၃၀ ခန် ့ ဟာအင်အား ၃၀၀ လောက်ရှိတဲ ့ ကိုးကန် ့တပ်ဖွဲ ့ဝင်တွေရဲ ့ဖမ်းဆီး ခြင်းကို ခံလိုက်ရပါတယ်…..
ဒီအဖြစ် အပျက်ကြောင့် တပ်မတော် အစိုးရဟာ လောက်ကိုင်မှာ တည်ရှိတဲ ့ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက် ကိုင်) လက်အောက်ခံ တိုက်ခိုက်ရေး တပ်ရင်း ၅ ရင်းနဲ ့အမှတ် ၅၀၆ အမြောက် တပ်ရင်း ကို တပ်လှန် ့ခဲ ့ပြီး ….
သိန္နီ အခြေစိုက် အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ကို သိန္နီ ကွမ်းလုံ ချင်းရွှေဟော် လောက်ကိုင် လမ်း တလျှောက် အလျှင်အမြန် ချီတက် လာစေ ကာ လောက် ကိုင်မြို ့ရဲ ့အချက် အခြာနေရာ တွေမှာ ၀င်ရောက် တပ်စွဲ နေရာယူလိုက် စေလိုက်ပါတယ်……။
သူ ့နောက်က တစ်ဆက် တည်း ကပ်ပါလာတဲ ့ စစ်ကိုင်း အမှတ် ၃၃ ခြေမြန် တပ်မကတော့ ကိုးကန် ့ ဒေသရဲ ့ဆက် သွယ်ရေး လမ်းကြောင်း များ အားလုံးကို ညတွင်းချင်း ထိန်းချုပ်ခဲ ့ပြီး မိတ္ထီလာဘက်က တက်လာတဲ ့အမှတ် ၉၉ ခြေ မြန် တပ်မ ကတော့ညီနောင်တံတားက တဆင့် ၀ ဒေသထဲကို ၀င်ရောက်သွားကာ ဟိုပန်…ပန်လုံ ဒေသမှာ ၀ တပ်ဖွဲ ့ များနဲ ့မျက်နှာချင်းဆိုင်တပ်မ တစ်ခုလုံး နေရာယူ လိုက်ပါတယ်……
နောက် တစ်နေ ့မနက်မှာပဲ အမှတ် ၉၉ ခြေမြန် တပ်မ ဟာကိုးကန် ့ဒေသနဲ ့ဝ ဒေသကြားမှာရှိတဲ ့ဆက်သွယ်ရေး လမ်း ကြောင်းများ အားလုံးကိုဖြတ်တောက် ပိတ်ဆို ့ပြစ် လိုက်ပြီး ကိုးကန် ့အရေး အခင်းကြီး တစ်ခုလုံး ပြီးစီး သွား ချိန်အထိ ၀ တပ်ဖွဲ ့တွေကို ရင်ဆိုင်ထိန်းချုပ် ထားခဲ့ပါတယ်….ဒါ ဒုတိယ ဖြစ်စဉ်ပါ ….
တတိယ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
တတိယ ဖြစ်စဉ် ကတော့အဲဒီ ဖြစ်စဉ် နဲ ့ တစ်ဆက် တည်း ဆက်ဖြစ် ပါတယ် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ ့များကို BGF နယ်ခြား စောင့်တပ်ဖွဲ ့များ အသွင် ပြောင်းလဲ ပေးခဲ့ရေး မူ အရတပ်မ တော် အစိုးရဟာ အဲဒီ နှစ် စက်တင်ဘာ လဆန်းမှာဝ တပ်ဖွဲ ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲ ပေးရေး အစီအစဉ် ကို ဖိအားပေး တိုက်တွန်း လာပါတယ်…
၀ တပ်ဖွဲ ့တွေဟာ ဒီအစီအစဉ်ကို မူအားဖြင့် သဘောတူညီခဲ ့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ ့တွေမှာ တပ်မတော်က ဒုတိယ တပ်ရင်းမှူး ရာထူး တစ်ခုသာ ပါ၀င်ရေး ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုင်းပေါက်၊ မိုင်းဖျံမြို့များ နှင့် ယိုးဒ ယား နယ်စပ်ရှိ၀မ်ဟုန် ဒေသအား ၀ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသအတွင်း ထည့် သွင်း ပေးရေး စတဲ ့အချက် ကိုး ချက် ပါ၀င်တဲ ့တောင်းဆိုချက် တစ်ခု ကို ပြန်လည် တောင်းဆိုခဲ့ပါတယ် …
တပ်မတော် အစိုးရ ကတော့ ဒီတောင်းဆို ချက်တွေကို လုံးဝ လက်မခံခဲ ့ဘဲ မိုင်းလား အထူး ဒေသ ၄ နဲ ့နယ်နိ မိတ် ချင်း ထိစပ်နေတဲ ့မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန် ဒေသ အတွင်းရှိ ၀ တပ်ဖွဲ ့များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရန် ဆိုတဲ ့အချက်တွေနဲ ့ ပြန်လည် တုန် ့ပြန်ခဲ့ ပါတယ်…
ဒီပြသနာ ဟာ လ အတော်ကြာ ဖြစ်ပွားနေခဲ ့ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မှာ တပ်မတော် က ခြေမြန် တပ်မ ၃ခု က အသင့် အနေ အထား နဲ ့လာရောက် တပ်စွဲ ထားတဲ ့အထိ အခြေအနေ တင်းမာခဲ့ပါတယ်…
နောက်ဆုံးမှာ ၀ တပ်ဖွဲ ့တွေ နောက်ပြန် ဆုတ် သွားခဲ့ပေမယ့် နယ်ခြားစောင့် တပ်ဖွဲ ့စည်းရေး ကိစ္စကတော့ ဒီနေ ့အ ထိ သဘောတူ ညီမှု မရခဲ့ပါဘူး ….
ဒီတင်း မာမှု ရဲ ့အကျိုး ဆက် အဖြစ် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ ကျင်းပပြု လုပ်ချိန်မှာ ဝ' ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ တိုင်း ပါမြို ့နယ် ခြောက် မြို့ နယ်မှ ဟိုပန်နှင့် မက်မန်း (မော်ဖာ) နှစ်မြို့နယ် မှာသာ ရွေးကောက်ပွဲ ပြုလုပ်နိူင်ခဲ ့ပြီး ကျန်တဲ ့ဝ တပ်ဖွဲ ့ ထိန်းချုပ်မှု ဒေသတွေ ဖြစ်တဲ ့မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း မြို့နယ်တွေ မှာ ရွေးကောက်ပွဲ မပြုလုပ် နိူင်ခဲ ့ပါဘူးဒါက တတိယ ဖြစ်စဉ် ဖြစ်ပါတယ်…..
စတုတ္ထ ထိပ်တိုက် ရင်ဆိုင်တင်းမာမှု ဖြစ်စဉ်
စတုတ္ထဖြစ်စဉ်က ၂၀၁၃ ခုနှစ် မေလထဲမှာ စတင်ပါတယ် တဖြည်းဖြည်း နဲ ့ နယ်မြေချဲ ့ထွင် တပ်စွဲလာတဲ ့ဝ တောင် ပိုင်း ဒေသ တပ်ဖွဲ ့စခန်းတွေကို တပ်မတော် က နောက်ပြန် ဆုတ်ခိုင်းတာ က နေ အစပြု တာဖြစ်ပါတယ်။ တာချီ လိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယွန်း အစရှိတဲ ့ဒေသတွေမှာ တပ်စွဲထားတဲ ့‘၀’ တပ်စ ခန်း တွေ ကို နောက်ပြန် ဆုတ်ခိုင်းတာ ဖြစ်ပါတယ် ….
၀တောင်ပိုင်း ဒေသတွင်း တပ်စခန်း တွေက တပ်ဖွဲ ့ဝင် အင်အား စာရင်း တင်ပြဖို ့တပ်မတော် မှ တောင်း ခံခဲ့ပြီး တပ်စ ခန်းအချို့ကို ဆုတ်ခွာဖို ့သတိပေး ခဲ့ခြင်း မဆုတ်ခွာတဲ ့ တပ်စခန်းတွေကို တပ်မတော် တပ်ရင်းတွေက ၀ိုင်းထားခြင်း စ တဲ ့ဖိအား ပေးမှုတွေ ကို ပြုလုပ်ခဲ့ပါတယ်….
ဒီဖြစ်စဉ်မှာ ၂၀၁၁ ခုနှစ်က ခိုလန် မှာ အသစ်ဖွင့်လှစ်လိုက်တဲ ့ အရှေ ့အလယ်ပိုင်း တိုင်း စစ်ဋ္ဌာနချုပ် လက်အောက်ခံ တပ်တွေပါ ပါ၀င်လာပြီး ၀ တောင်ပိုင်း နဲ ့ မြောက်ပိုင်း ဒေသ ရဲ ့ဆက်သွယ်မှု လမ်းကြောင်းတွေကို တပ်မတော်က ခေတ္တ ဖြတ်တောက် ထိန်းချုုပ် နေရာယူထား ခဲ့ပါတယ်…
ဒီ အခြေ အနေ တင်းမာမှု ဟာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ ့ ကျိုင်းတုံမြို ့မှာပြည်ထောင်စု ငြိမ်း ချမ်းရေး ကော် မတီ ကဒုတိယ ဥက္ကဌ ဦးသိန်းဇော် နဲ ့ဝ တပ်ဖွဲ ့ ပြင်ပ ဆက်ဆံရေး ဋ္ဌာန ဋ္ဌာနကြီးမှူး ဦးကျောက် ကော်ကန် တို ့တွေ ့ ဆုံဆွေးနွေးပြီး ၀ တပ်ဖွဲ ့စခန်း အချို ့ကို နောက်ပြန် ဆုတ်ပေး လိုက်တဲ ့နောက်မှာ အထိုက်အလျောက် ပြေလည်မှု ရ သွား ခဲ့ပါတော့တယ်….