ဖွဲ့စည်းပုံပြင်ဆင်ရေး လေးပွင့်ဆိုင်ပေါ်မူတည်နေဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးရွှေမန်း ၀န်ခံ

ဖွဲ့စည်းပုံပြင်ဆင်ရေး လေးပွင့်ဆိုင်ပေါ်မူတည်နေဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးရွှေမန်း ၀န်ခံ
by -
မဇ္ဈိမ

ပြည်ထောင်စုလွှတ်တော်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေမှုတွင် ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ် ခြင်းမရှိသေးဘဲ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းနိုင်မှုပေါ် မူတည်နေသည်ဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းက မတ် ၂၆ရက် နေပြည်တော် လွှတ်တော်ဝင်းအတွင်းပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ မဇိ်္စျမကို ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုများအပေါ် “ဇဝေဇဝါ ဖြစ်နေတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။ လုပ်တော့လုပ်နေတယ်။ ရလဒ်အကျိုးကတော့ မတွေ့ရသေးဘူး။ ဒီဟာ တွေကလည်း ဘယ်မှာသွားပြီးတော့ အကျိုးသက်ရောက်နိုင်သလဲဆိုတော့ ခုနကပြောတဲ့ တွေ့ဆုံခြင်း ညှိနှိုင်းခြင်း၊ လူကြီးပိုင်းရဲ့ တွေ့ဆုံညှိနှိုင်းမှုတွေမှာ အများကြီး မူတည်ပါတယ်”ဟု ပြည်ထောင်စုလွှတ် တော် နာယကလည်းဖြစ်သူ ၎င်းက သုံးသပ် ပြောဆိုခြင်းဖြစ်သည်။

ထိုသို့ တပ်မတော်၊ လွှတ်တော်တို့နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လေးပွင့်ဆိုင်တွေ့ဆုံရေး ဆောင် ရွက်ပေးပါရန် သမ္မတထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ်ကုန် ပိုင်းအတွင်း ကမ်းလှမ်းခဲ့ပြီးဖြစ်သည်။

“မတွေ့ဆုံဘဲ မဆွေးနွေးဘဲနဲ့ ဘယ်လိုမှ ရင်ကြားစေ့လို့မရပါဘူး။ မတူညီတဲ့သဘောထားတွေကို ညှိယူ လို့မရပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။

သို့သော် ယနေ့အချိန်အထိ တွေ့ဆုံနိုင်ခြင်းမရှိသေးပေ။ ထို့ပြင် တပ်မတော်သား ခုနစ်ဦးပါသည့် ဖွဲ့စည်း ပုံပြင်ဆင်ရေး ၃၁ ဦးပါ လွှတ်တော်ကော်မတီသည်လည်း သက်တမ်းတစ်လကျော်ချိန်အထိ မည်သည့်ရ လဒ်မျှ ထွက်ပေါ်လာခြင်း မရှိသေးပေ။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေတင်မကပါဘူး။ ဘယ်ကိစ္စမဆို တာဝန်ရှိတဲ့ခေါင်းဆောင်တွေရဲ့ စိတ်စေတနာ နဲ့ တွေ့ဆုံညှိနှိုင်းမှုတွေဟာ အရေးကြီးပါတယ်”ဟု သူရဦးရွှေမန်းက ပြောသည်။ သို့သော် ဖွဲ့စည်းပုံပြင် ဆင်ရေးဆိုင်ရာ တပ်မတော်၏အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် မေးခွန်းကိုမူ သုံးသပ်ဖြေဆိုခြင်းမပြုခဲ့ပေ။

ကမ်းလှမ်းခံထားရသူတစ်ဦးဖြစ်သည့် နိုင်ငံတော်သမ္မတကမူ ယနေ့လွှတ်တော်အတွင်း မိန့်ခွန်းပြောကြားရာ၌ “ကျွန်တော်တို့ ညီညွတ်ရင်ညီညွတ်သလောက် ပြည်သူတွေ အကျိုးဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်”ဟု ဆိုခဲ့သည်။ သို့သော် တပ်မတော်၏အခန်းကဏ္ဍသည် ဆက်ရှိနေဦးမည်သာဖြစ်သည်ဟု ပြောသည်။

“နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရွေးချယ်ရတာဖြစ်သလို ဖြစ်နိုင်ခြေတွေကို လက်တွေ့လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကကမူ “ကျွန်တော့်အနေနဲ့ တွေ့ဆုံခြင်း၊ ညှိနှိုင်းခြင်း၊ ပူးပေါင်းဆောင် ရွက်ခြင်းရှိမှ အောင်မြင်ပါလိမ့်မယ်။ တွေ့ဆုံမှုမရှိဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် သံသယတွေဝင် စရာရှိပါတယ်။ ဒါကြောင့်မို့ တွေ့ဆုံညှိနှိုင်းမှုများကို အားပေးပါတယ်။ ဒီကိစ္စတစ်ခုတည်းမဟုတ်ဘဲ အရာ အားလုံးအတွက် စဉ်းစားထားပါတယ်”ဟု ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရာတွင် လောဘကြီးပြီး အများကြီးပြင်၍ မသင့်ဟု လွှတ်တော်တွင်း အင်အားအကြီးဆုံး ဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက သတိပေးခဲ့သည်။ ထို့ပြင် ပူးတွဲသတင်း စာရှင်းလင်းဘက် ဒေါ်အောင်ဆန်းစုကြည်ဘက်ကိုလှည့်၍ “ဒီနေ့ အခြေခံဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ မူ ဘောင်အတွင်းက ပြင်ရမယ်။ မိမိတို့ ကြိုးစားသွားမယ်။ အစ်မကြီးတို့ဘက်ကလည်း ဒီလိုပဲ ယူဆတယ် လို့ထင်ပါတယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ယင်းနှင့်စပ်လျဉ်း၍ မှတ်ချက်မပြုခဲ့ပေ။ လက်ရှိဖွဲ့စည်းပုံအရ ပြင်ဆင်လိုလျှင် အနိမ့်ဆုံးလိုအပ်ချက်အဖြစ် လွှတ်တော်၏ ရ၅ ရာခိုင်နှုန်းသော ထောက်ခံမှုလိုအပ်နေခြင်း ဖြစ်သည်။ ထို့ ကြောင့် ၅၂ ရာခိုင်နှုန်းရယူထားသည့် စစ်အစိုးရခေါင်းဆောင်ဟောင်းများ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါ တီ၊ ကာကွယ်ရေးဦးစီးချုပ်တာဝန် ပေးထားသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိသည့် လွှတ်တော်တွင်း ပြင်ဆင်ရေးခက်ခဲနိုင်သည်ဟု အများက သုံးသပ်ထားကြသည်။

လက်တွေ့တွင်လည်း တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ကန့်သတ််ထားသည့်ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်ကော်မတီသည် လုပ်ငန်းစဉ်ပင် ချမှတ်နိုင်ခြင်းမရှိသေးပေ။ ပြည်ထောင်စုလွှတ်တော်နာယက ကမူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ခြောက်လအလို လုပ်ငန်းများ အပြီးသတ်ရန် ညွှန်ကြားထား သည်။ သို့သော် လုပ်ငန်းပြီးစီးနိုင်မှုပမာဏနှင့် ဖြစ်နိုင်ခြေကို ယနေ့မေးမြန်းရာ၌မူ သုံးသပ် ဖြေဆိုခြင်း မပြုပေ။