မော်လမြိုင်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရန် ဆန္ဒဖေါ်ထုတ်

မော်လမြိုင်မြို့တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရန် ဆန္ဒဖေါ်ထုတ်
by -
ရွှေဟင်္သာ

၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဆန္ဒဖေါ် ထုတ်ပွဲကို လူအင်အား (၃၀၀) ခန့်သည် မတ်လ ၂၆ ရက်နေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ် ၄ တံတားမှ ကမ်းနားလမ်းအတိုင်း ဘိုုကုန်းရပ်ကွက် သံလွင်စျေးအထိ ဆန္ဒပြခဲ့ကြသည်။

“ကျတော့် အနေနဲ့ကတော့ အဓိက ကပြည်တွင်းငြိမ်း ချမ်းရေး ကိုဦးတည်တဲ့ အခြေခံ ဥပဒေပြင် ဆင်ရေးပေါ့ ဒါကို မပြင်ရင်ပြည် တွင်းငြိမ်း ချမ်းရေး အဆင် ပြေ ဖို့မလွယ်ဘူး တိုင်းရင်းသား လက်နက်ကိုင် နဲ့စစ်တပ် ကြားမှာ အပစ် အ ခတ်ရပ်စဲ ရေးနဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါမှာ အခြေခံ ဥပဒေကို မပြင်ဆင် ပဲနဲ့တော့ စစ်မှန်တဲ့  ငြိမ်းချမ်းရေးလည်း ပေါ်လာမှာ မဟုတ်တဲ့ အတွက် အခြေခံ ဥပဒေကို ပြင်ဆင်ရေး ကိုတောင်း ဆို ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြ ခေါင်းဆောင်ဖြစ်သူ ကိုကြည်ဇော်လွင်က ဆိုပါသည်။

ထို့အပြင် ဆန္ဒပြ သူများသည် ၁။ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အခြေခံ ဥပဒေကို ပြင်ဆင်ခြင်း၊၂။ပုဒ်မ၄၃၆ကို ပြင်ဆင်လို ခြင်း၊၃။လေးပွင့် ဆိုင်တွေ့ဆုံရေး အမြန်ဆောင် ရွက်စေ လိုခြင်း၊၄။ ပြည်သူကို ချူပ်နှောင် ထားသော အခြေခံ ဥပဒေ ကို ပြင်ဆင်စေခြင်း၊ ၅။လူ တစ်ဦး တစ်ယောက်ကို ရည်ရွယ် သောပုဒ်မ၅၉ (စ) ကိုပြင်စေခြင်း၊ ပုဒ်မ၆ (စ) ပြင်ဆင် စေခြင်း၊ ၈။ပုဒ် မ၁၈(ဂ)ဇယား၂ ပါပြည် နယ်များ၏ လုပ်ပိုင် ခွင့်ပို ရရှိရန် ၊၉။ ပြည်သူ ဆန္ဒနှင့် သွေဖီ နေသော အခြေ ခံ ဥပဒေ များ အားလုံး ကို ပြင်စေခြင်း ကြောင့် ဆန္ဒပြခဲ့ ကြခြင်း ဖြစ်သည်။

ဆန္ဒပြ သူများ ထဲတွင် မော်လမြိုင် မြို့၌ ဖွဲ့စည်း ထားသောMEITI တွင်းထွက် သယံဇာ တများတူးဖော်ရေး ဆိုင်ရာပွင့်လင်းမြင်သာမှု အဖွဲ့မှအလုပ် မှုဆောင် ဦးမောင်မောင် ဇော်ထွန်းကမူ  “ဒီလို ဆန္ဒပြခြင်း အားဖြင့် ကျတော် တို့ ပြည်သူတွေ ရဲ့ရင်ထဲ မှာ ရှိတဲ့ဆန္ဒတွေ ကိုထုတ်ဖော်ပြော လိုက်တာဖြစ် ပါတယ်ပြင် ဆင် ချင် တယ်ဆိုတာ ကအဓိ ကကဥပဒေ ရေးရာလွှတ်တော်မှာ တာဝန်ရှိ တဲ့သူတွေကိုကျတော်တို ပြည်သူတွေရဲ့ ဆန္ဒတွေကိုပြောပြချင်တာပဲ ဖြစ်ပါတယ်” ဟုပြော သည်။

အခြေခံ ဥပဒေကို မပြင်ဆင် နိုင်ခဲ့လျှင်  ပြည်သူ လူထုများ သည် လွတ်လွတ် လပ်လပ်သွား လာလှုပ် ရှားနိုင်ရန် အခြေအ နေ ရှိမည် မဟုတ် သလို ဒီမိုကရေစီ အခွင့် အရေး လည်း ရရှိခြင်း မရှိသည့် အတွက် ဆန္ဒပြ တောင်းဆို ရခြင်းဖြစ် သည် ဟုဆက်ပြော သည်။

 ဖွဲ့့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရန် ဆန္ဒပြမှု ထဲတွင် လွန်ခဲ့သော ဖေဖေါ်ဝါရီလ အတွင်းက ပေါင်မြို့နယ် တွင်ပထ မ အကြိမ် ဆန္ဒပြ ခဲ့ကြ ပြီးယခု အကြိမ်သည်  ဒုတိယ အကြိမ်ဖြစ် ပါသည်။ ဆန္ဒပြခွင့် ပြုသည့် အမိန့်ကိုမူ မွန်ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြီးခဲ့သည့် မတ်လ၂၂ရက်နေ့တွင်ခွင့်ပြုခဲ့ ခြင်း ဖြစ်ပါသည်။

Most read this week