၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ပြည်ပချေးငွေနှင့် ပြည်ပအကူ အညီရငွေ တို့မှာ အမေရိကန်ဒေါ်လာ ၁,၇၅၂ ဒသမ ၆၇၉ သန်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၆ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပအကူအညီ ရငွေဖြင့် သုံးစွဲမည့်ငွေမှာ သာမန်အသုံး စရိတ်တွင် ကျပ် ၈၇ ဒသမ ၀၈၈ ဘီလီယံ၊ ငွေလုံးငွေရင်းတွင် ကျပ်၁၅၀ ဒသမ၂၈၉ ဘီလီယံ၊ စုစုပေါင်း ကျပ်၂၃၇ ဒသမ ၃၇၇ ဘီလီယံ (ကန်ဒေါ်လာအားဖြင့် ၂၁၈ ဒသမ ၉၈၇ သန်း)၊ ပြည်ပချေးငွေဖြင့်သုံးစွဲမည့်ငွေ မှာ သာမန် အသုံးစရိတ်တွင် ကျပ် ၁၉ ဒသမ ၆၀၀ ဘီလီယံ၊ ငွေလုံးငွေရင်းအသုံး စရိတ်တွင် ကျပ် ၁,၄၁၂ ဒသမ ၀၁၆ ဘီလီယံ၊ ကြွေးမြီ ကျပ် ၄၉ ဒသမ ၀၀၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁,၄၈၀ ဒသမ ၆၀၆ ဘီလီယံ (ကန် ဒေါ်လာအားဖြင့် ၁,၅၃၃ ဒသမ ၆၉၂ သန်း) စုစုပေါင်းမြန်မာ ကျပ်ငွေ ၁,၇၁၇ ဒသမ ၉၉၃ ဘီလီယံ (ကန် ဒေါ်လာအားဖြင့် ၁,၇၅၂ ဒသမ ၆၇၉ သန်း)ဖြစ်သည်ဟု ဦးဝင်းရှိန်က ပြောသည်။၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ် ပြည်ထောင် စု၏ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေ စာရင်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေ ကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင် စုအစိုးရအဖွဲ့ ကိုယ်စား၊ ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန် ကြီး ဦးဝင်းရှိန်က တင်ပြခဲ့ရာတွင် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်၏ပြည်တွင်း၊ ပြည်ပကြွေးမြီ အခြေအနေများ တင်ပြရာတွင် နိုင်ငံတကာ ကျင့်ထုံးများနှင့် ပြည်တွင်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရ အဖွဲ့သည် ရသုံးမှန်းခြေငွေစာရင်းလိုငွေ အပါအဝင် ပြည်သူ့ငွေစာရင်း လိုငွေများ ကို ပြည်တွင်း၊ ပြည်ပမှ ချေးယူငွေများဖြင့် ဖြည့်ဆည်းရသည်ဟု ဆိုသည်။
အစိုးရက ပြည်တွင်းမှ ချေးယူရာတွင် အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်း ချခြင်း၊ အစိုးရငွေတိုက် လက်မှတ်များ ထုတ် ဝေရောင်းချခြင်းဖြင့် ဖြည့်ဆည်းသည်ဟု ၎င်းင်းက ဆိုသည်။
ယခင်အစိုးရ အဆက်ဆက်မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပြည်တွင်း ကြွေးမြီ လက်ကျန်စုစုပေါင်း ကျပ် ၈,၂၈၁ ဘီလီယံရှိပြီး ယင်းပမာဏတွင် အစိုးရ ငွေတိုက်လက်မှတ်ဖြင့် ဖြည့်ဆည်းမှု ကျပ် ၆,၉၆၉ ဘီလီယံနှင့် အစိုးရငွေတိုက်စာချုပ် ဖြင့် ဖြည့်ဆည်းမှု ကျပ် ၁,၃၁၂ ဘီလီယံ ဖြစ်သည်ဟု ၎င်းင်းက ဆိုသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှစ၍ ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပြည်တွင်း လက်ကျန်ကြွွေးမြီ စုစုပေါင်းမှာ ကျပ် ၁၀,၈၂၄ ဘီလီယံဖြစ်ပြီး ပြည်တွင်းကြွေးမြီ နှင့် ဂျီဒီပီအချိုးမှာ ၂၁ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သည်ဟု ၎င်းင်းက ပြောသည်။
ပြည်ပချေးငွေစုစုပေါင်းမှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ အမေ ရိကန်ဒေါ်လာ ၉,၄၀၂ ဒသမ ၄၀၂ ဘီလီ ယံဖြစ်ပြီး ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။
ထို့ကြောင့် ၂၀၁၃ ခုနှစ်၊ ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ပြည်ပကြွေးမြီ ကျပ် ၂၀,၂၂၆ ဘီလီယံဖြစ်ပြီး ပြည်တွင်း၊ ပြည် ပကြွေးမြီနှင့် ဂျီဒီပီအချိုးခန့်မှန်းခြေမှာ ၃၇ ရာခိုင်နှုန်း ဖြစ်သည်။
၎င်းက“နှစ်စဉ်ဘဏ္ဍာငွေအရအသုံး စာရင်းများတွင် လိုငွေကို တတ်နိုင်သမျှ ထိန်းချုပ်၍ ပြည်တွင်းကြွေးမြီ ပမာဏကို သင့်လျော်သည့် အနေအထားတွင်သာ ရှိ နေစေရန် ရည်မှန်းဆောင်ရွက်ရမည်ဖြစ်ပါတယ်။ ထိုမှတစ်ဆင့် ပိုငွေပေါ်ပေါက်သည့် နှစ်များတွင်တင်ရှိသော အစိုးရ၏ပြည်တွင်း ကြွေးမြီများ တဖြည်းဖြည်း လျှော့ချဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှုစနစ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ အကူအညီဖြင့် ဆောင်ရွက် လျက်ရှိသည်ဟု ဦးဝင်းရှိန်က ပြောသည်။