အနုပညာရှင်များက သန်းခေါင်စာရင်းစိုးရိမ်မှုဖြေလျှော့်ပေးနိုင်ဟုဆို

အနုပညာရှင်များက သန်းခေါင်စာရင်းစိုးရိမ်မှုဖြေလျှော့်ပေးနိုင်ဟုဆို
by -
မယ်ဒေါလ်သဲ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၁၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ခံခြင်းနှင့် ပတ်သက်သည့် ပြည်သူလူထု၏ စိုးရိမ်မှုများကို အနုပညာရှင်အဖွဲ့မှ ပညာပေးဖျော်ဖြေခြင်းဖြင့် ဖြေလျှော့်ပေး နိုင်သည်ဟု ပြည်နယ်ညွှန်ကြားရေးမှူးက ပြောကြားလိုက်သည်။

 “အနုပညာရှင်တွေဆိုတာက ကျွန်တော်တို့နဲ့မတူဘူးလေ။ ဘာလို့လဲဆိုတော့် ကျွန်တော်တို့ထက် သူတို့ကို ပြည်သူတွေက ပိုစိတ်ဝင်စားကြတယ်။ အနုပညာရှင်တွေကလည်း  သန်းခေါင်စာရင်းသိကောင်းစရာတွေ လှို့ဆော်တယ်၊ ပညာပေးတယ်၊ စွပ်ကျယ်တွေ၊ ဦးထုပ်တွေလည်း ဝေတယ်။ ပြည်သူတွေကလည်း ပိုပြီးတော့စိတ်ဝင်စားလာကြတယ်”ဟု ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့်က ပြောသည်။

အနုပညာရှင်များ၏ သန်းခေါင်စာရင်းသိကောင်းစရာ ဖျော်ဖြေရေးများကို ချင်းပြည်နယ် မြို့တော်ခန်းမတွင် ပြည်သူလူထု ၃၀၀ ကျော်တက်ရောက်ကြကာ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းအစီအစဉ်များနှင့် လက်ဆောင် ပစ္စည်းပေးသည့် အစီအစဉ်များဖြင့် ဖျော်ဖြေခဲ့ကြသည်။

သို့ရာတွင် မြို့တော်ဟားခါးတွင်သာ ဖျော်ဖြေရေးအစီအစဉ်များကျင်းပခဲ့ကြပြီး အခြားမြို့နယ်များတွင်လက်ကမ်း စာစောင်များ၊ ကြောငြာပိုစတာများ ဖြန့်ဝေနေပြီဖြစ်ကြောင်း ဆက်ပြောသည်။

၎င်းဖျော်ဖြေရေးပွဲကို မတ် ၁၄ရက်နေ့တွင် လူရွှင်တော် ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ သက်ပိုင်၊ သရုပ်ဆောင် ဒေါ်ဆွေစင်ထိုက်၊ အငြိမ့်မင်းသမီး တစ်ဦး၊ အဆိုတော် ရဲရင့်အောင် နှင့် အခြားအဖွဲ့သားတို့ဖြင့်ကျင်းပခဲ့ကြခြင်း ဖြစ်သည်။