ပြည်ထောင်စုကရခိုင်အရေးကိုလျစ်လျူရှုလျှင် ဘင်္ဂလီဝင်ပေါက်များဖွင့်လိုက်မည်ဟုဆို

ပြည်ထောင်စုကရခိုင်အရေးကိုလျစ်လျူရှုလျှင် ဘင်္ဂလီဝင်ပေါက်များဖွင့်လိုက်မည်ဟုဆို
by -
နိရဥ္စရာ

ရခိုင်အမျိုးသားများအရေးကို ပြည်ထောင်စုက လျစ်လျူရှုနေလျှင် ရခိုင်လူမျိုးများ အနေဖြင့် ဘင်္ဂလီလူမျိုးများ ဗမာပြည်မသို့ မဝင်ရောက်နိုင်အောင် ကာကွယ်စောင့်ရှောက်ထားသော ရခိုင်ရိုးမ တောင်ကြားလမ်းများကို စောင့်ရှောက်ကာကွယ်တော့မည်မဟုတ်ကြောင်း တောင်ကုတ်ဒေသခံများက ယမန်နေ့တွင်ဆန္ဒဖေါ်ထုတ်ခဲ့ ကြသည်။

ရခိုင်ပြည်နယ်နှင့် ဗမာပြည်မအကြား အသွားအလာ ပြုလုပ်နေသော တောင်ကြားလမ်းသုံးခုရှိပြီး ၎င်းတောင်ကြားလမ်းများမှ တဆင့် တရားမဝင် ဘင်္ဂလီများ ဖြတ်ကျော်ပြီး ဗမာပြည်မသို့ ၀င်ရောက် သွားလာခြင်း မပြုနိုင်ရန် ဒေသခံများက ၎င်းတို့၏ အသိစိတ်ဓါတ်ဖြင့် ကာကွယ်ထားကြသည်။

narinjara photo 24

၎င်းတောင်ကြားလမ်း (၃) ခုမှာ အမ်းတောင်ကြားလမ်း၊ တောင်ကုတ်တောင်ကြားလမ်းနှင့် ဂွ-ငသိုင်းချောင်း လမ်းတို့ ဖြစ်ကြသည်။

“ မနေ့က ကျနော်တို့ တောင်ကုတ်မြို့မှာ သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ သမိုင်းလိမ် ရိုဟင်ဂျာ နာမည်ကို ထည့်သွင်းမယ်ဆိုရင် ဒါဟာ ပြဿနာ အကြီးအကျယ် ဖြစ်ပေါ်နိုင်တဲ့ အတွက် လူပေါင်း ၂၀၀၀ ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအထဲမှာ ပြည်သူအချို့က ရခိုင်အရေးကို ပြည်ထောင်စုက လျစ်လျူရှု့လျှင် ဘင်္ဂါလီကုလားများအား ပိတ်ဆို့ထားသော အမ်း၊ တောင်ကုတ်၊ဂွ တံခါးပေါက်များကို ဖွင့်လှစ်တော့မယ်လို့ ရေးသားထားတဲ့ ပိုစတာတွေကို ကိုယ်ဟာကို ကိုယ်ရေးပြီး ဆန္ဒ ဖေါ်ထုတ်ခဲ့ကြပါတယ်” ဟု တောင်ကုတ် လူမူ ကွန်ယက်က ကိုဇေယျာသော်က နိရဥ္စရာကို ပြောသည်။

ရခိုင်လူမျိုးများ အနေဖြင့် လာမည့် သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုတ်နံပတ် ၉၁၄ နေရာတွင် လူမျိုးမှန် ဘင်္ဂလီနာမည် အစား နာမည် အတု ရိုဟင်ဂျာ နာမည်ထည့်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း အသံများ ထွက်လာပြီးနောက်ပိုင်း အထူးမကျေမနပ်မူများ တိုးပွားလာနေပီး ကန့်ကွက် ဆန္ဒပြပွဲများလည်း နေရာတိုင်းတွင် ပေါ်ပေါက်နေသည်။

ယခုကဲ့သို့ ဘင်္ဂလီများကို ရိုဟင်ဂျာအဖြစ် ရေးသွင်းခွင့်ပြုမည့် အစီအစဉ်အား ရခိုင်ပြည်နယ် အဝန်းတွင် ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး မတ်လ ၂၁ ရက်နေ့ကို နောက်ဆုံးထားပြီး ရိုဟင်ဂျာ နာမည်ကို မထည့်သွင်းဟု သက်ဆိုင်ရာမှ ကျေညာချက် ထုတ်ပြန်ပေးရန် တောင်းဆိုထားရာ တစ်စုံတစ်ရာ အကြောင်းမပြန်သဖြင့် ပြည်ထောက်စု အစိုးရအနေဖြင့် ရခိုင်လူထုအား လျစ်လျူရှု့နေသည်ဟု ရခိုင်အမျိုးသားက မှတ်ယူနေကြသည်။

သို့အတွက် နိုင်ငံတော် အကြီးအကဲများက ရခိုင်အရေးကို လျစ်လျူရှု့လျှင် ဘင်္ဂါလီကုလားများအား ပိတ်ဆို့ထားသော အမ်း၊ တောင်ကုတ်၊ဂွ တံခါးပေါက်များကို ဖွင့်လှစ်တော့မည်ဟု ပိုစတာများတွင် ရေးသားပြီး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ တောင်ကြားလမ်းများကို ရခိုင်လူမျိုးများက အမျိုးသားရေး စိတ်ဓါတ်ဖြင့် ပိတ်ပင် ကာကွယ်ထားသဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံမှ ခိုးဝင်း ဘင်္ဂလီများ အနေဖြင့် ဗမာပြည်မသို့ ခိုးဝင်ရန်မှာ အထူး မလွယ်ကူဘဲ ဖြစ်နေကြောင်း သိရသည်။

အလားတူ သံတွဲမြို့တွင်လည်း လာမည့်မတ်လသန်းခေါင်စာရင်းကောက်ခံမှုတွင် ရိုဟင်ဂျာအမည် ထည့်သွင်းကောက်ခံမည့်အစီစဉ်ကို ယမန်နေ့က ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ငပလီမှ ရခိုင်တိုင်းရင်းသားပါတီ ဥက္ကဌကိုထွန်းမင်းက “ဟိုးအရင်ကလည်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုးဆိုတာမရှိဘူး၊ခုလည်း မရှိဘူး။ မရှိတဲ့ လူမျိုးကို ကုတ်နံပါတ် (၉၁၄)ဘေးမှာ ရိုဟင်ဂျာလို့ထည့်ရေးမှာကို အလိုမရှိတဲ့ အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါ’’ ဟု နိရဥ္စရာကို ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲမှာ ဆရာတော်၊သံဃာတော်များလည်း ပါ၀င်ကြပြီး သံတွဲမြို့လေးမျက်နှာ ကုန်းတော်ပေါ်ကနေ နေ့လည် (၁၂)နာရီ ၁၅ မိနစ်ခန့်ကနေ (၁)နာရီခွဲအချိန်ခန့်ထိ ဆန္ဒဖော်ထုတ်ကြသည်ဟု ဆိုသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲတွင်   ၁။ ရိုဟင်ဂျာ အလိုမရှိ ၂။ရိုဟင်ဂျာဟုထည့်ခိုင်းသော နိုင်ငံတကာ စွက်ဖက်မှု လုံးဝလက်မခံ ၃။၁၉၈၂ နိုင်ငံဥပဒေအား အမြန်ဆုံးအကောင်အထည်ဖော်ပေးပါ စသည့်ကြွေကြော်သံများဖြင့် ကြွေးကြော်ပြီး  စီတန်းလှည့်လည်ပြီး ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

Most read this week