မွန်လူမျိုးဖြစ်ကြောင်းရဲဝံ့စွာဖြေကြားရန် မွန်ဒေသလုံးဆိုင်ရာပါတီကြေညာချက်ထုတ်

မွန်လူမျိုးဖြစ်ကြောင်းရဲဝံ့စွာဖြေကြားရန် မွန်ဒေသလုံးဆိုင်ရာပါတီကြေညာချက်ထုတ်
by -
ချမ်းစွန်

လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာ၌ မွန်တစ်မျိူးသားအားလုံး မိမိမွန်လူမျိုးဖြစ်ကြောင်းကို မှန်ကန်ရဲဝ့ံစွာဖြေကြားရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတိုက်တွန်းထားသည့် ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က “ကျွန်တော်တို့ မွန်တိုင်းရင်း သားတွေဟာ ဘယ်မှာရှိနေလဲ၊ ဘယ်လောက်ရှိတာကို ကျွန်တော်တို့လည်းမသိပါဘူးလေ အစိုးရ ပြောတဲ့ အတိုင်းပဲ၊ ဒီလိုကောက်ခံတဲ့အတွက် ကျွန်တော်တို့မွန်လူမျိူးတွေရဲ့ နီးစပ်ရာ အရေအတွက် တွေကိုသိရ တာပေါ့” ဟုပြောသည်။

မွန်တိုင်းရင်းသားများအနေဖြင့် အိမ်အကြောင်းအရာပိုင်ဆိုင်မှုများ မည်သို့ပင်ဖြေစေကာမူ လူမျိူး နေရာတွင် မွန်လူမျိူးကိုသာ တိကျမှန်ကန်စွာ ဖြေဆိုပေးရန်တိုက်တွန်းသည်ဟု ဆက်ပြောသည်။

ဆက်လက်၍သူက “အစိုးရက အချက်အလက်တွေကို နိုင်ငံရေးမှာအသုံးမပြုဘူး ဖွံ့ဖြိုးရေးအတွက်သာသုံး တာကို အာမခံထား ပေမယ့် ကျွန်တော်တို့ ယုံကြည်ဖို့ မှုန်ဝါးနေတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ရွေးကောက် ပွဲလုပ်တုန်းက အချက်အလက်တွေကို သူတို့ကြိုက်သလိုလုပ်ဆောင်ခဲ့တာလေ” ဟုပြောသည်။

မြန်မာနိုင်ငံတွင် လူမျိူးပေါင်း ၁၃၅ မျိူးရှိသည်ဟု ဆိုရာတွင် မွန်တွင်မျိုးနွယ်ခွဲမရှိ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တွင် မွန်မြန်မာရှိနေခဲ့သော်လည်း မိမိသည် မွန်လူမျိူးဖြစ်သည်ကို ရဲရဲဝံ့ဝံ့ဖြေဆိုကြရန် ထုတ် ပြန်ချက်တွင်တိုက်တွန်းထားသည်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့့အင်အားဦးစီးဌာန ဒုပြည်နယ်မှူး ဦးဝင်းရဲထွန်းက “ကျွန် တော်တို့က လဝက အပိုင်းမှာ တာဝန်ယူနေသလို သူတို့် ပါတီကလည်း ဒီလိုထုတ်ပြန်ချက် ထုတ်တာက
သူတို့်လူမျိူးတွေနည်းသွားမှာ ကွဲသွားမှာစိုးလို့ လုပ်တာလေ၊ သူတို့မှာလုပ်ပိုင်ခွင့် ရှိပါတယ်” ဟုပြော ပါသည်။

အဆိုပါ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ထုတ်ပြန်ချက်တွင် (၁) သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းသည့်အချက်များကို အမှန်ဖြေဆိုကြပါ၊ (၂) ကောက်ယူသည့်အချိန်တွင်မိမိ၏ အမြဲနေရပ်တွင် ရှိနေကြရန်ကြိုးစားပါ၊ (၃)လူမျိူးကိုမေးမြန်းသည့်အခါ မွန်လူမျိူးဟု ရဲရဲဝံ့ဝံ့ဖြေကြားကြပါ၊ (၄) မိဘ၊ ဘိုးဘွား၊ ဘီဘင်၊ သားသမီးမြေမြစ်၊ အိမ်ထောင်စုသားများ ထဲမှနိုင်ငံခြားသို့ ရောက်ရှိနေသူများ၏ လူမျိူးအမည်ကို မွန်လူမျိူးဟုဖြေကြားကြပါ၊ (၅) စာရင်းကောက် က လူမျိူးအမည်နှင့် ပတ်သက်ပြီး ဖြည့်သွင်းရမည့် မွန်လူမျိူးသင်္ကေတ code အမှတ် ၆၀၁ ဟုဖြည့်စွက်ထားခြင်းရှိမရှိ ကြည့်ရှုပြီး သေချာအောင်
စာရင်းကောက်အားမေးမြန်းအတည်ပြုပါ၊ (၆) မိမိကိုယ်တိုင်သော် လည်းကောင်း၊မိမိ၏ မိဘ၊ ဘိုးဘွား၊ ဘီဘင်များ၊ သားသမီးမြေးမြစ်များ နိုင်ငံခြားရောက်မိမိ၏ အိမ်ထောင် စုသားများ၏ လူမျိူးအမည်နှင့် ပတ်သက်ပြီး မွန်လူမျိူးသင်္ကေတ (code) အမှတ် (၆၀၁) တွင် ဖြည့်သွင်းခံ ရခြင်းအတွက် ဂုဏ်ယူကြပါ ထုတ်ပြန်ချက်တွင်တွေ့ရှိရသည်။

Most read this week