သံလွင်မြစ်ကြောင်း ကျန်မာစေကြောင်း ဆုတောင်း

သံလွင်မြစ်ကြောင်း ကျန်မာစေကြောင်း ဆုတောင်း
by -
ရွှေဟင်္သာ

သံလွင်မြစ် အတွင်း ရေကာတာ များတည်ဆောက်ခြင်း မပြုနိုင် ရန်မြန်မာ မြစ်ချောင်းများ ကွန်ရက်အဖွဲ့သည် မတ်လ(၁၄) ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ မြစ်ကြောင်း စောင့်ကြည့်ရေး နေ့အခါ သမယ၌ မွန်ပြည်နယ် မော်လမြိုင် မြို့နှင့်ဘီလူး ကျွန်ကြားရှိ ကော့မုပွန်သောင်ပြင် တွင် ဘာ သာ ကြီး (၄) ရပ် ဆုတောင်းပွဲ တရပ် ကျင်းပ ခဲ့ပါသည်။

ယင်း အပြည်ပြည် ဆိုင်ရာမြစ် ချောင်းထိန်း သိမ်း ရေးနှင့် ရေကာတာဆန့်ကျင်ရေးနေ့ဆုတောင်းပွဲ အခမ်းအနား သို့ကချင်၊ရှမ်း၊ ကယား၊ပအိုဝ့်၊ တအောင်း၊ ဇိုမီး၊ ရခိုင်၊ ကရင် နှင့်မွန် လူမျိုးတို့ အပြင် ရေကာတာ တည်ဆောက် ရန် မြေအသိမ်း ခံရသော ဒေသခံများ အပါ၀င် လူပေါင်း ၁၅၀ ကျော်တက် ရောက်ခဲ့သည်။

ယခုကဲ့သို့ ဆုတောင်းပွဲ ကျင်းပ ရခြင်း၏  ရည်ရွယ် ချက်သည် ရေကာတာ တည်ဆောက်ရေး အပေါ် ဒေသခံ များ၏ ကန့်ကွက်နေ ကြောင်းကို ကမ္ဘာ့ဘဏ် အား သိစေ လိုခြင်း ဖြစ်သည်ဟု မြန်မာ မြစ်ချောင်း များ ကွန်ရက်အဖွဲ့မှ ဆို ပါ သည်။ ရေကာတာ တည်ဆောက်ရေး ကုမ္ပဏီ များသည် အများ အားဖြင့်  ကမ္ဘာ့ ဘဏ် မှ ငွေချေး ခဲ့ကြ သောကြောင့် ဖြစ်ပါသည်။

ဆုတောင်းပွဲ နှင့်အတူ မြန်မာ မြစ်ချောင်းများ ကွန်ရက် ထဲမှရှမ်း သဘာဝ ပတ်ဝန်းကျင်း အဖွဲ့၊ကရင်နီ လူမှုအဖွဲ့ အ စည်းများ ကွန်ရက်၊ သံလွင်ချစ် သူများ အဖွဲ့၊ တိုး တက်သော မွန်ငယ်များ အစည်း အရုံး နှင့်ကရင် မြစ်ချောင်း များစောင့် ကြည့်ရေး အဖွဲ့တို့က လည်း သဘာဝ ပတ်ဝန်း ကျင် ဆိုင်ရာ လူထု အသိပညာ ပေးပွဲ တရပ်ပါ  ပြုလုပ်ခဲ့ပါသည်။

ယင်း အသိပညာ ပေးပွဲတွင် ကရင်ပြည် နယ် ရှိ ဟပ်ကြီး ရေကာတာ တည်ဆောက်ရေး စီမံကိန်း အတွက် မြေအ သိမ်း ခံ ရသော လူထုများ လယ် ယာမြေ မဲ့ဖြစ် ကာ အလုပ် လက်မဲ့များ ဖြစ်နေရ ကြောင်း မြစ်ဆုံ ရေကာ တာတည် ဆောက် ရန်အတွက် မြေအသိမ်းခံရသူ ဒေါ်သိန်းဝါမှဆိုပါသည်။

“ကျမတို့ကလယ်ယာ မြေအသိမ်းခံ ထားရသူ တွေပါ။အိမ်ခြေ (၈၀) ပြောင်းရွေ့ ခံရတယ်။တခြားရွာတွေ လည်းရှိသေး တယ်။ ကျမတို့ ကိုဘယ်အဖွဲ ့လည်း တော့ မပြော တတ်ဘူးလူတယောက် ကို  တလဆန် (၈) ပြည်ထောက်ပံ့ ပေး တယ်။ ဒါပေမဲ့  ကိုယ့်ပိုင် မြေမရှိတော့ဘာနဲ့လုပ်စားရ မှာလဲ။ အဲဒီဆန် (၈) ပြည်နဲ့ မပြီးဘူးလေ လူ့ဘဝက”  ဟု ဆိုခဲ့ပါသည်။

သံလွင်မြစ်ပေါ် တွင် ရေကာတာ တည်ဆောက်ရေး ကိုကန့်ကွက်သည့် အနေဖြင့် ရေကာတာ တည်ဆောက်ရေး ဒေ သ မှ ဒေသခံ ပေါင်း (၃၃၅၃၈) ဦးနှင့် အတူ နိုင်ငံရေး ပါတီများနှင့်  လူမှု အဖွဲ့ အစည်း ပေါင်း(၁၃၁) ဖွဲ့တို့မှလည်း စုပေါင်း လက်မှတ် ရေးထိုးကာ တောင်းဆို လိုက်ကြောင်း ယနေ့ထုတ်ပြန်ချက် တွင် ဖေါ်ပြထား ပါသည်။

သံလွင်မြစ်ပေါ် တွင် ရှမ်းပြည် နယ် ကွမ်းလုံ ရေကာတာ၊ နောင် ဖါ ရေကာတာ နှင့်တာဆန်း ရေကာတာ၊ ကရင်နီ ပြည် နယ်တွင်  ရွာသစ် ရေကာတာနှင့် ကရင်ပြည် နယ်တွင် ဟတ်ကြီးရေ ကာတာတို့ တည်ဆောက် ရန် ရှိနေပါသည်။ ယင်း ရေကာတာ တည်ဆောက်ရေး ကို ရှမ်း၊ ကရင်နီ၊ကရင် လူမျိုး များ အပါ ၀င် သံလွင်မြစ်ဝ ရှိ မွန်လူမျိုး တို့က ပူးပေါင်း ကန့်ကွက်နေခြင်း ဖြစ်ပါသည်။

သံလွင်ရေ ကာတာ တည်ဆောက်ခြင်း ကြောင့်သံ လွင်မြစ်ရေ  ညစ်ညမ်းနိုင် စေခြင်း အပြင်သံလွင်မြစ်ဝ မှ ပင်လယ် ရေငံများဝင် လာခြင်း၊ သဲသောင်များ ပိတ်ဆို့ လာပါကလမ်းပန်း ဆက်သွယ်ရေး ခက်ခဲနိုင် ကြောင်း ကရင်မြစ်ချောင်း စောင့်ကြည့်ရေး အဖွဲ့ဝင်စောသာဘိုး မှဆိုပါသည်။

မြန်မာ မြစ်ချောင်းများ ကွန်ရက်အဖွဲ့ သည် ထိုင်းနိုင်ငံမှ တည် ဆောက် ရန် ရှိသော  ၀ဲကြီးနှင့်ဒါး ကွင်းရေကာ တာ တည်ဆောက် မှုကို ဒေသခံ များ နှင့် အတူ ပူးပေါင်း ကန့်ကွက်ခဲ့ရာ စီမံကိန်းရပ်တန့်သွား စေခဲ့ပါသည်။

သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်မှု အားလုံး ပေါင်းသည် လျှပ်စစ် မီဂါ၀ပ် ၁၅၀၀၀မက်ဂါ၀ပ်ကို ထုတ်လုပ် နိုင်မည်ဖြစ်သည်။  သို့သော် ၉၀ရာ ခိုင်နှုန်း ကိုထိုင်းနှင့် တရုတ်နိုင်ငံ သို့ပို့ဆောင်ရ မည်ဖြစ်ပြီး ကျန်သော ၁၀ရာခိုင် နှုန်းကိုသာ မြန်မာ အစိုးရ နှင့် ကုမ္ပဏီ များက ရရှိမည် ဖြစ်ကြောင်း စာချုပ် အရ ချုပ်ထား ခဲ့ပါသည်။