မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦး အသတ်ခံရ

မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦး အသတ်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦး မတ်လ ၉ ရက်နေ့က အသတ်ခံ ခဲ့ ရသည်ဟု အမည် မဖေါ်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အသတ်ခံရသူမှာ မောင်တောမြို့နယ် ဘဂုံးနား (အနောက်ရွာ) ကျေးရွာမှ အုပ်ချုပ်ရေး တာဝန်ခံ (မြေယာကော်မတီအဖွဲ ့ဝင်)  ဦးအဒူရော်ဟိန်းဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်သူ တရားခံများသည် တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေချ့်သို ့ထွက်ပြေးတိမ်းရှောင်သွားကြောင်း သူက ဆိုသည်။

“ သူနေထိုင်တဲ့ရွာမှာ အသတ်ခံရတာပါ။ မတ်လ ၉ ရက်နေ့ ညဉ့်မှာ ၀င်သတ်သွားတာပါ။ မနက်လင်းမှ အာဏာပိုင်တွေက သိရတာပါ”ဟု သူက ဆိုသည်။

ယင်းလူသတ်မူနှင့် ပတ်သက်ပြီး ရဲစခန်းမှူး အမှုဖွင့်ထားကြောင်း၊ သတ်ဖြတ်သွားသူများကို ရှာဖွေ မတွေ့ရှိသေးဟု ဆိုသည်။

ယခင်ကလည်း အလာတူ မောင်တောမြို့နယ် ညောင်ချောင်းကျေးရွာ ဦးရာမောက်ဒူလာ(ခ) ဦးလှမောင် (ဘ)ဦးဖော့ရီရာမောက်သည်လည်း အသတ်ခံခဲ့ရသည်ဟု သိရသည်။

ယခု အသတ်ခံရသူများသည် မောင်တောမြို့နယ်တွင် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသအကျိုးအတွက် ဆောင်ရွက်နေသူများ ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် မူဆလင်ကျေးရွာများတွင် အုပ်ချုုပ်ရေးမှူး မခန့်ထားဘဲ အုပ်ချုပ်ရေးတာဝန်ခံများ ကိုသာ ခန့်ထားသည်ဟု သိရသည်။

Most read this week