စစ်အစိုးရ ၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပေါ် နိုင်ကွက် ပရိယာယ် ဆင်နွှဲခဲ့ပုံ

စစ်အစိုးရ ၏ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပေါ် နိုင်ကွက် ပရိယာယ် ဆင်နွှဲခဲ့ပုံ
by -
ရွှေဟင်္သာ

အနိုင် ယူခြင်း သည် မှန်ကန်ခြင်း၊ မမှန်ကန်ခြင်း အပေါ် အခြေတည် ခဲ့သည် မဟုတ်ပေ။ အနိုင်ရမှု သည် လည်း မှန် ကန် သည့် ရည်ရွယ်ချက် ကြောင့် ရခဲ့ လျှင် မြင့်မြတ် သည်ဟု ဆိုနိုင်သော် လည်း လက်ရုံးရေ နှလုံးရေ အားမတန်မှု ကြောင့် မှန်သော်လည်း ကျဆုံးခဲ့ရ သည်လည်း ရှိပါသည်။

တိုင်းရင်းသား များ၏ တန်းတူ အခွင့် အရေး ရရှိမှု သည် အမှန်လို အပ်ပြီး တရားသော လိုအပ်မှုလည်း ဖြစ်ပါသည်။ သို့သော် ယနေ့အထိ မရရှိသေးပေ။ ဤနေရာတွင် သဘာဝ ကျကျဆန်းစစ် ရန် လိုအပ်နေပါသည်။

လွတ်လပ်ရေး တိုက်ပွဲသည် မြန်မာ တနိုင်ငံလုံး ရှိ လူမျိုးအားလုံး ပါ၀င်သည်။ ဤအထဲတွင် ဗမာလူမျိုးသည် အများစု တိုက်ပွဲ ၀င်ခဲ့ကြသဖြင့် လွတ်လပ်ရေး ရသောအခါ အာဏာ အများစုသည် ဗမာလူမျိုး လက်ထဲတွင် ရှိသွားပါသည်။ ဤသို့ကြောင့် နိုင်ငံတော် အာဏာ လက်ထဲ ရှိရေးတွင် ဗမာ့နိုင်ငံရေး သမားများက တိုင်းရင်း သား နိုင်ငံရေး သမား များထက် အားသာပါသည်။

ထို့ပြင် အာဏာရ ဗမာလူမျိုး ထဲတွင်လည်း ပြည်ထောင်စု ကို ချစ်သော (ထူထောင်လိုသော) ဗိုလ်ချုပ်အောင် ဆန်းလို လူမျိုး က အနည်းစု ဖြစ်ခဲ့သောအခါ တပြည်ထောင် စနစ် နိုင်ငံရေးကို ထူထောင်လိုသော ဗမာများက အားသာခဲ့ပြန် ပါသည်။ ဤ သို့ကြောင့် လွတ်လပ်ရေး တိုက်ပွဲ စတင် ကတည်းက ပါလာသော တိုင်း ရင်းသား လူမျိုးများက တန်းတူ အခွင့်အရေး တောင်း သည့်အခါ “ခွဲထွက်ရေးသမား” ဟုသမုတ် ခံရကာ ထောင်သွင်း အကျဉ်းချ တိုက်ခိုက် ချေမှုန်းခြင်း ခံခဲ့ရ သည်မှာ ယ နေ့ ထိ ဖြစ်ပါသည်။

ဤသည် မြန်မာ့ နိုင်ငံရေး နယ်ပယ်တွင် ဗမာလူမျိုး များ၏ ပါ၀င်မှုသည် တိုင်းရင်းသား များထက် များပြားလာခဲ့ခြင်း ကြောင့် အားသာပြီး နိုင်ငံရေး အရာတွင် ယနေ့တိုင် အနိုင် ရနေဆဲ ဖြစ်ခဲ့ပါသည်။ ထို့အပြင် ဗဟိုအာဏာ စက် ကြောင့် ပထဝီ နိုင်ငံရေး နှင့် နိုင်ငံခြားရေး တို့တွင်လည်း အားသာလာခဲ့ ပြန်သဖြင့် ဖွ့ံဖြိုးမှု အရာတွင် ဗမာသည် အခြားတိုင်း ရင်းသာ များထက် ဘက်စုံအရာ၌ အားသာ လာခဲ့ပြန် ပါသည်။

ဖိနှိပ်မှုကြောင့် လွတ်လပ်ရေး ခေတ်၌ ပါခဲ့သော ဗမာအပါ၀င် တိုင်းရင်းသား အဖွဲ့များသည်  ပြည်တွင်း လက်နက်ကိုင် အဖွဲ့ဘဝသို့  ဖြစ်လာခဲ့သည်။ တိုင်း ရင်း သား များထဲ တွင် အဖွဲ့ပေါင်း မြောက်မြားစွာ ဖြစ်ပေါ် လာခဲ့ သလို ယဉ်ကျေးမှု အရ ခေတ်နှင့် အညီ ထိတွေ့မှု အနည်းအများပေါ် မူတည်ပြီး အယူဝါဒ လည်း အမျိုးမျိုး ကွဲပြားမှု ရှိလာသဖြင့် စုစည်းမှု အင်အားမှာလည်း လျော့နည်း လာ ခဲ့ ပြန်ပါသည်။

ထိုအချိန်တွင် တပြည်ထောင် စနစ်လိုလား သော ဗမာ နိုင်ငံရေး အုပ်စုများက ဗဟိုအာဏာ ကို အသုံးချပြီး စစ်ရေး နည်းလမ်းကို အသုံးပြုပြီး မိမိတို့ ဗဟို အာဏာ ကို ခြိမ်းခြောက် နိုင်သော လက်ဝဲ စနစ် လိုလားသည့် ဗမာနိုင်ငံရေး သမားများကို ရှင်းပစ်ရန် အရင်ချေ မှုန်းပါသည်။ ဗမာပြည် ကွန်မြူနစ် ပါတီ၊ အလံနီ ကွန်မြူ နစ် ပါတီ၊ ပြည်သူ့ရဲဘော် စသဖြင့် ဗမာအဖွဲ့ အစည်း အတော်များများ ကျ ဆုံးကုန်ပါသည်။

လက်ယာ စစ်ဝါဒီများ အနိုင်ရ လာခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ထိုအနိုင်ရ မှုသည် လွတ်လပ်ရေး မရခင် ဂျပန်များ မြန်မာပြည် ကို စစ်ဆင် ကတည်း က စီးပွား ပျက်လာခဲ့ သော မြန်မာပြည် သည် ဆက်တိုက် စစ်ဖြစ်လာခဲ့ သ ဖြင့် နောက်ဆုံး တွင် စစ်စရိတ်ဖြင့် သာ အဆင်းရဲဆုံး နိုင်ငံ စရင်းဝင် ဘဝကို ရရှိ ခဲ့ ခြင်းသည် သာ အဖတ်တင်ခဲ့ သည် မဟုတ်ပါလား။

သို့သော် နှစ်ပေါင်း (၆၀) ကျော်ကြာ လာသည့် တိုင်အောင် စီးပွားပျက် ဘဝဖြင့် ယနေ့အထိ ဆက်လက် ရပ်တည်နေရ ဆဲဖြစ်ပြီး နိုင်ငံ တည် ဆောက်ရေး ထက် လက်ယာ ဗမာစစ် ၀ါဒီများ ၏ အနိုင် ယူရေး လမ်းစဉ် အောက်၌သာ တနိုင်ငံလုံး မှ ကျွန်ပြု ခံနေရဆဲ ဖြစ်ပါ သည်။

မည်သို့ပင် ဆိုစေ ဗမာ နိုင်ငံရေး သမား အချင်းချင်း အားပြိုင်သော စစ်သလင်းတွင် လက်ဝဲ အယူအဆ ရှိသည့် ဗမာပြည် ကွန်မြူနစ် ပါတီ ကျဆုံးသွား သည်နှင့် ၄င်းပါတီရှိ လက်ကျန် လူမျိုးစု တပ်ဖွဲ့ဝင် များအား မက်လုံး အမျိုးမျိုး ပေးကာ (၁၉၈၉) ခုနှစ်တွင် အပစ် အခတ် ရပ်စဲခဲဲ့သည်။ သို့ကြောင့် စစ်ရေး အရ ခေတ္တမျှ နိဂုံးချုပ် သွားစေခဲ့ သည်ဟု ဆိုရမည် ဖြစ်သည်။ ဤနေရာတွင် လည်း လက်ယာ ဗမာ စစ်ဝါဒီများ သာလျှင်  အနိုင်ရ လာခဲ့သည်မှာ ထင်ရှားလှ ပါသည်။

စစ်ရေးအရ ဗမာပြည် ကွန်မြူနစ် ပါတီ ကျဆုံးသွား သည်နှင့် အမျှ လက်ယာ စစ်ဝါဒီများ ၏ အကြီးမားဆုံး ရန်သူသည် ကွန်မြူနစ် ၀ါဒကို ဆန့်ကျင်သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဖြစ်လာ ခဲ့ပေသည်။ ထိုအချိန်တွင်  လက်ယာ ဗမာစစ် ၀ါဒီများသည် အာဏာ ပြိုင်လာသော ပြည်သူ့အရေး တော်ပုံ ဖြစ်သည့် (၈၈)အ ရေးအခင်း ကို အရင် ထိမ်းသိမ်း လိုက်ရပြီး အခြေတည် လာခဲ့ သည်နှင့်  အမျှ လက်ယာ ဗမာစစ်အာဏာ ရှင်များသည် (၁၉၈၉) ခုနှစ်မှ (၁၉၉၄) ခုနှစ် အတွင်း(KNU) ၏ မယ်နာ ပလော စစ်ဌာနချုပ် ကျဆုံး သည် အထိ   တိုက်ခိုက်ပြီး အနိုင်ယူ ခဲ့ပြန်ပါသည်။

၄င်းတို့၏ အနိုင်ယူပုံမှာ ရှင်းလှသည်။ လက်ယာ ဗမာဝါဒီများ သည် (၁၉၉၄) ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အား အပစ် ခတ်ရပ်စဲရေး နည်းဖြင့် သွေးခွဲသည်။ တကယ် သွေးကွဲခဲ့ ပါသည်။ မဒတ အဖွဲ့ဝင်များ အပစ်ခတ် ရပ်စဲ ကြပြီး အင်အား အကြီးဆုံး ဖြစ်သည့် (KNU)သည် အပစ်မရပ်ဘဲ အထီး ကျန်ခဲ့သည်။ ထိုအထီး ကျန်မှုကို အခွင့်ကောင်း ယူကာ လက်ယာ ဗမာစစ် ၀ါဒီများသည် စိတ် ဓါတ်ရေးရာပါ လက်နက်ချ သည်အထိ KNU အား တိုက်ခိုက် အနိုင် ယူ ခဲ့ပါသည်။ KNU သည် ဗဟိုဌာနချုပ် ကျဆုံးပြီးနောက် KNU တပ်ဖွဲ့ များ အစိပ်စိပ် ကွဲကာ အချင်းချင်း တိုက်ခိုက် နေအောင် စီစဉ်ခဲ့ပါသည်။ ဤနည်းလမ်း ဖြင့် ထိမ်းထားကာ  အားအပျော့ ဆုံးဘဝ ရောက်ခဲ့သည် အထိ ဖန်တီးထားပြီး အိမ်မွေ့ချ ထားခြင်း ခံခဲ့ရပါသည်။

ဤကဲ့သို့ KNU ကျဆုံး ခဲ့ပုံကို  (ဗကပ ကျဆုံးတော့ ၀တပ်ဖွဲ့ကို  စီးပွားရေးလုပ်ခွင့် ပေးတယ်။ တပ်နေရာချ ထား ပေးမယ်။ မတိုက်ခိုက်ရေး စာချုပ် တွေချုပ်ပြီး ၀တပ်ဖွဲ့ လိုလားသော မက်လုံးများကို ပေး ပြီး အိမ့်မွှေ့ချသလိုမျိုး မဟုတ်ဘဲ) အချင်းချင်း တိုက်ခိုက်မှု ဖြင့် ကရင် ဒုက္ခသည် ပေါင်းမြောက်မြား စွာ ဖန်တီး ထား ခဲ့ပြီး ရွာလည် စေခဲ့သည့် နည်းလမ်းဖြင့် အနိုင်ယူ ခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် KNU အားပျော့ လာသည့်အခါ အိမ်မွှေ့ချထားပြီး (၂၀၀၀) ခုနှစ်တွင် ခွန်ဆာ ခေါင်းဆောင်သော (MTA) ရှမ်းတပ်ဖွဲ့အား တိုက် ခိုက်လေ တော့သည်။ ထိုအချိန် တွင် ခွန်ဆာ တပ်ဖွဲ့များ သည် လက်ယာ ဗမာ စစ်ဝါဒီ အုပ်စု နှင့် အပစ်အခတ် ရပ်စဲထားသော ၀တပ်ဖွဲ ့နှင့် လည်း ရန်ဖက် ဖြစ်ပွားနေချိန် ဖြစ်သည့် အတွက် ညှပ်ပူးညှပ်ပိတ် ဖြစ်ခါ နောက်ဆုံး တွင် ခွန်ဆာ ၏ MTA တပ်များ လက်နက် ချသွား ခဲ့ရပါသည်။ ဤသို့ကြောင့် ၄င်းတို့ တပ်ဖွဲ့များ လည်း အစိပ်စိပ် အ မွှာမွှာ ဖြစ်ကာ သိန်းနှင့် ချီသော ရှမ်းလူထုများ နယ်စပ် ဒုက္ခသည်ဘဝကျ ရောက်သွားစေ ခြင်းဖြင့် အနိုင်ယူ ခဲ့ပေသည်။

ပြန့်ကျဲ သွားခဲ့သော MTA တပ်များကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့အဖြစ် နောက်ပိုင်း တွင်ပြန်လည် ဖွဲ့စည်း နိုင်ခဲ့ပြီး ဒုတိယ ဗိုလ် ချုပ်ကြီး ရွက်ဆစ်မှ ဦးဆောင် ခဲ့ပေသည်။ ဤကဲ့ သို့သော နိုင်ငံရေး နောက် ကြောင်း ရှိခဲ့သည့် အတွက် (RCSS)သည် ညှပ်ပူး ညှပ်ပိတ် မဖြစ်ရန် နှင့် အင်အား မပြုန်းတီး သွားစေရန် ဆင်ချင်နေ ခဲ့ရပါသည်။ ဤသို့ကြောင့် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် ဤအချက်ကို အသုံးပြုပြီး RCSS အား သွယ်ဝိုက်ေ သာ နည်းဖြင့် ထိမ်းထား နိုင်ခဲ့ပါသည်။

လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် (MTA) ကျဆုံး သွားပြီးနောက် ၄င်းတို့၏ ဗဟိုအာဏာ ကိုခြိမ်းခြောက် လာသော နိုင်ငံတကာ ဖိအားကို ရင်ဆိုင် လာခဲ့ရ ပြန်ပါသည်။ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၏ စီးပွားရေး ပိတ်ဆို့မှု ကို ရင်ဆိုင်ရ လေသည်။ ထိုအခါ လက်ယာ ဗမာစစ် ၀ါဒီများ သည် အမေရိကန် နှင့် ပြေလည်စေရေး အတွက် အမေရိ ကန် ဆက်ဆံရေး ကုမ္ပဏီ တခုကို ငှားရမ်းပြီး ဆောင်ရွက် ခဲ့သလို တဖက်တွင် တရုတ် နှင့် ရုရှားတို့ ၏ ဗီတို အာဏာကို လည်း အရဝယ်ယူ ခဲ့ခြင်း ဖြင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအား တုန့်ပြန် ခဲ့ ပါသည်။

တချိန်ထဲ တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နှင့် ထိပ်တိုက် ဖြစ်မှု လျှော့နည်းလာရန် အတွက် ILO ၏ ဆုံးဖြတ်ချက် ကို လိုက်နာ ပါ့မည်ဟု သဘောတူ ကာ  နောက်ဆုံးတွင် စီးပွားရေး ပိတ်ဆို့မှု အကြပ်အ တည်းအား အနိုင်ယူခဲ့ ပြန်ပါသည်။ ဤကဲ့သို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နှင့် အဆင်ပြေ ပြီးသော အခါ လက်ယာ ဗမာ စစ်ဝါ ဒီ ခေါင်းဆောင် များသည် အမေရိကန် နှင့် အ ပေးအယူ မျှလာသည် နှင့်အညီ နိုင်ငံရေး အတိုက် အခံများအား ထိမ်းကွပ်ရန် လွှတ်တော်ထဲ သို့ ဆွဲသွင်းနိုင်ခဲ့ခြင်း ဖြင့် ကြံဆောင် အောင်မြင်ခဲ့ပြန် လေသည်။

ထိုအောင်မြင်မှု များကြောင့် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် စစ်ရေး အရ အားကြီး လာနေသော က ချင်လွတ် လပ်ရေး အဖွဲ့(KIO) အား နယ် ကြားစောင့် တပ် ဖွဲ့စည်းမှု ကို လက်မခံသော အကြောင်းပြ ချက်ဖြင့် ၂၀၁၁ ခုနှစ်ဇွန်လ တွင် စတင်တိုက် ခိုက် လေတော့ သည်။ သို့သော် မှန်းချက်နှင့် နှမ်း ထွက်မကိုက် သဖြင့် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် နောက်ဆုံးတွင်  ပြည်တွင်းစစ်ကို လေကြောင်း အသုံးပြု တိုက်ခိုက်ခြင်း အားဖြင့် ကမ္ဘာကျော် ခဲ့လေသည်။

လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် အနိုင်မရ မချင်း ရှိသမျှ နည်းလမ်း ပေါင်းစုံ ကိုအသုံးပြု ခဲ့သည်မှာ KIO စစ်ဆင် ရေးများက သက်သေ ခံခဲ့ပါသည်။ စစ်ဝါဒီ များသည် KIO အားချုပ် ကိုင်နိုင် လောက်သော  အခြေအနေ အထိ တိုက် ခိုက်ပြီး ယုံကြည် စိတ်ချသော တပ် နေရာ ချထားမှု အခိုင်အမာ ရရှိကာ အနိုင် ယူ ဆောင်ရွက်ပြီးမှ KIO အား အပစ်အခတ် ရပ်စဲရန် တိုးပြီး ကမ်းလှမ်းလာ ခဲ့ပါသည်။ သို့သော်လည်း လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များ၏ အကြံအစည် အပေါ် နားလည်သော  KIO သည် စစ်ရေး အနှောင့် အယှက် အမျိုးမျိုး ကြားမှ အပစ်အခတ် ရပ်စဲရေး ထက် နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာရေး ပေါ်လစီကို သီးခံခြင်း တရားဖြင့် ပြန်လည် အနိုင်ယူ ခဲ့ပါသည်။

KIO သည် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များထက် စစ်အင်အား မများသော် လည်း စစ်ရေး ပြင်ဆင်မှု နှင့် နိုင်ငံရေး လက်ဦးမှု အရ အားသာ သွားသည် ဟု ယူဆရ မည်ဖြစ်ပါသည်။ လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များ သည် KIO အား (၂)နှစ်ခန့် တိုက်ခိုက် သော်လည်း လိုရင်းရည် မှန်းချက် မရခဲ့သလို အိမ်မွှေ့မချနိုင်ခဲ့ ဘဲ ရပ်တန့်ခဲ့ရ ပါသည်။ သို့သော် စစ်ရေး အရ မကြေနပ်မှု ရှိခဲ့ပြီး နိုင်ငံရေး တိုက်ကွက် တွင် မည်သို့ အနိုင်ယူ မည်ကို စောင့်ကြည့် ရန်သာ ရှိ ပါသည်။

ဤနေရာ တွင် KIO သည် နိုင်ငံရေး အရ အထီးမကျန် သည့်အပြင် စစ်ရေးအရ တောင့်တင်းရန် ပြင်ဆင် ထားပြီး၊ အခြေအနေ အားလုံးအား သီးခံခြင်း တ ရားဖြင့် ဖြတ်ကျော် လာခဲ့ပေသည်။  KIO သည် နိုင်ငံရေး အရ အထီးမကျန် သ၍ လက်ယာ ဗမာစစ် ၀ါဒီများမှ အနိုင်ယူရန် ခက်ခဲပေ လိမ့်မည်။

UWSA ၀တပ်မတော် သည် နိုင်ငံရေး အရ မြန်မာ့ နိုင်ငံရေးနှင့် ကင်းကွာပြီး အထီးကျန် နေခဲ့သည်။ မူးရစ်ဆေးဝါး လုပ် ကိုင်သည့် အဖွဲ့အစည်း အဖြစ် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များက ကြံဆောင် ထားပြီး ၀ါဒဖြန့် ခဲ့ပြီးဖြစ်သည်။ အလားတူ (RCSS) သည်လည်း မြန်မာ့ နိုင်ငံရေး နှင့် မကင်းကွာ သော်လည်း အ ထီး ကျန်သလို ပြုမူ နေခဲ့ရာ နိုင်ငံ ရေးအင်အား နည်းပါးနေခဲ့သည်။

ဤသို့ကြောင့် ထိုထိုသော အကြောင်းအရာ များကို ထောက်ရှုခြင်း အားဖြင့် အနိုင်ရ ရေး ဆိုသည့်နေရာ တွင်  စစ်အင်အား ကြီးခြင်း မကြီးခြင်း အပေါ် မူမ တည် ကြောင်း အစ္စ ရေး နိုင်ငံက လည်း သက်သေ ထူခဲ့ပြီးဖြစ် ပါသည်။ ၁၉၆၇ ခုနှစ် တွင် အစ္စရေး နိုင်ငံသည် အာရပ် (၁၂)နိုင်ငံ၏ ၀ိုင်း ၀န်း တိုက်ခိုက်ခြင်း ကို ခံခဲ့ရ ပါသည်။ အစ္စရေး သည် ခံစစ်ကို ထိုးစစ်အသွင် ပြောင်းပြီး အပြင်းထန်ဆုံး ကာကွယ်ခဲ့ပါ သည်။ ဤအခြေ အနေမှ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် အရှေ့အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေး ကို လာမည့် (၁၉၆၇) ခုနှစ် ဇွန်လနှောင်း ပိုင်းတွင် အပစ် အခတ်ရပ် စဲရေး ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ပါသည်။

ဤအခြေ အနေကို ကြိုတင် သိရှိထား သော အစ္စရေး နိုင်ငံက အပစ်အခတ် ရပ်စဲရေး မဆွေးနွေး ခင် အပေးအယူ ရရှိ ရေးအတွက် စစ်ရေး အရ အ သာစီး ရနိုင် သည့် မြေအနေ အထားကို စိုးမိုးထားရန် ဆုံးဖြတ်ခဲ့ ပါသည်။ ဤဆုံးဖြတ် ချက်ဖြင့် ရှိသမျှ အစ္စရေး အထူး တပ်များ ဖြစ်သည့် ကြည်းရေလေ တပ်ပေါင်း များကို စုပေါင်းပြီး တချိန်ထဲ တနေရာထဲ တွင် ရှိသမျှ အင်အားနှင့် စုပြုံတိုက်ခိုက်သည့် ဟာရီကိန်း မုန်တိုင်းတိုက်စစ် မျိုးကို ဆင်နွှဲခဲ့သည်။

ဤသို့ကြောင့် ယင်းအစီ အမံဖြင့် အီဂျစ် နိုင်ငံမှ ဂါမြောင် ကမ်းမြောင် ဒေသနှင့် ဆီနိုင်း ကျွန်းဆွယ် ဒေသကို (၆) ရက် အတွင်း အပြီးချေမှုန်း သိမ်းယူနိုင် ခဲ့ပါ သည်။ တချိန်ထဲတွင် တိုက်စစ် မျှားဦးကို ဂျော်ဒန်နိုင်ငံ အနောက်ဘက် ကမ်း ခြေဒေသ နှင့် ဂျေရုဆလင် အရှေ.ပိုင်းရှိ ဆီးရီးယား နိုင်ငံ ဂိုလန်ကုန်းပြင်မြင့် တို.ကို စစ်ရှိန် မသတ်ဘဲ ၁၉၆၇ ဇွန်လ ၅ ရက်နေ့တွင် လက်ဦးမှု ရှိရှိတိုက် ခိုက် သိမ်းပိုက် နိုင်ခဲ့သည်။

အစ္စရေး နိုင်ငံသည် ၁။အီဂျစ်၂။ ဆီးရီးယား၃ ။ဂျော်ဒန်၄။ အီရတ်၅ ။ဆော်ဒီ အရေဗီး ယား ၆ ။မော်ရိုကိုရ။ အယ် လ်ဂျီးရီး ယား၈။ လစ်ဗျား ၉။ ကူဝိတ် ၁၀။ တူနီး ရှား ၁၁။ ဆူဒန်၁၂။ ပါလက်စတိုင်း စသည့် အာရပ် နိုင်ငံ များကြား၌ တည်ရှိပြီး မိမိနိုင်ငံ တည်ရှိရေး အတွက် ၄င်းနိုင်ငံ များ၏ ၀ိုင်းဝန်း တိုက်ခိုက်ခြင်း ကို တွန်းလှန် ခဲ့ရပါသည်။

စစ်အင်အား (၇)ဆ တဆမျှ ကွာခြားသည့် စစ်ဆင်ရေး တွင် အစ္စရေး ကအသာ စီးရသွား ခဲ့ပါသည်။ ဤသို့ကြောင့် ကုလသမဂ္ဂ ၏ အရှေ့ အလယ် ပိုင်း ငြိမ်း ချမ်းရေး အစီစဉ်ကို ဆွေးနွေးသည့် အခါ အစ္စရေး၏ လက်ဦးမှု ရယူခဲ့သော သိမ်းပိုက်နယ် မြေများကို အသုံးချပြီး အပေးအယူ လုပ်ကာ အာရပ်နိုင် ငံများ အားနိုင်ငံရေး အသာစီးဖြင့် မိမိတို့လိုချင်သော နိုင်ကွက်ဖြင့် ဆွေးနွေးနိုင် ခဲ့ရာ အာရပ်နိုင်ငံ များသည် မတတ်သာ အ ဆုံးနှာတံ တင်းတင်းဖြင့် အစ္စရေး နိုင်ငံအား အသိ အမှတ် ပြုခဲ့ရ လေတော့ သည်။

ဤကဲ့သို့သော အစ္စရေး တို့၏ အသာ စီးရရေး စစ်ရေး နည်း ပရိယာယ် မျိုးကို မြန်မာ အစိုးရ စစ်တပ် ကလည်း တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များ အပေါ် ကျင့်သုံးခဲ့ ပါသည်။ KIO ဒေသ၏ စစ်ရေး အချက်အခြာ ကျသော နေရာ များတွင် နေရာယူခြင်း၊ KIO ကင်းတဲ များအား တိုက်ခိုက် ခြင်းဖြင့် အား စမ်းခြင်း၊ KIO အောက်ခြေ အမာခံ တပ်များ ကို ဖြိုခွဲခြင်း၊ အထူး တပ်မများ အား စေလွှတ်ထား ခြင်းအားဖြင့်  နောက်ထပ် တိုက်ပွဲအတွက် အနိုင်ယူရန် ပြင်ဆင် ထား ခဲ့ သည်။

လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် မိမိတို့ အသာစီး ရရေးမူကို အဓိက ထားကာ အပစ်ရပ် စဲထား သော တပ် ဖွဲ့များ ဖြစ်စေကာမူ ဆက်လက် တိုက် ခိုက်နေပါသည်။ သမ္မတနှင့် တပ်မတော် သဘောထား ကွဲသယောင် ဖန် ဆင်းကာ တိုင်းရင်းသား အဖွဲ့များကို ဆက်လက် လိမ်ညာနေ ခဲ့ပါသည်။ ဤသို့ဖြင့် ရှမ်းြ ပည်တိုး တက်ရေး ပါတီအား အကုန်အကျ အနည်း ဆုံးဖြင့် အရေးကြီး သော ကျေးသီး စစ်ဒေသ များအား တိုက်ခိုက် သိမ်း ပိုက်ပြီး ခြိမ်းခြောက် နိုင် သော အနေ အထားတွင် အနိုင် ယူထား ခဲ့သည်။

ရှမ်းပြည်တိုး တက်ရေး ပါတီ သည် လည်း ၄င်းတို့ ၀မ်ဟိုင်း ဌာနချုပ် စခန်းဒေသ သွားရာ လမ်းေ ကြာင်း ဖြစ်သော ကျေးသီး စစ်ဒေသကို ယခင်က အပြင်း အထန် ခုခံတိုက် ခိုက်ပြီး ကာကွယ် ခဲ့ပါသည်။ သို့သော် ယခုအခြေ အနေတွင် တိုက်ခိုက်ခြင်း မပြုတော့ဘဲ  ဆုတ် ခွာပေး ခဲ့သည်။ ဤကဲ့သို့ အသာစီး ရလာေ သာ  လက်ယာ ဗမာစစ် ၀ါဒီ တပ်များသည် ကျန်ရှိသော အရေးကြီးပွိုင့် များကို ဆက်လက် သိမ်းပိုက်ရန် တိုက်ခိုက်လေတော့သည်။

အလားတူ ပလောင်ပြည်နယ် လွတ်မြောက်မြောက် တပ်ဦး နယ်မြေထဲသို့ အထူး တပ်မများ စေလွှတ်ပြီး တိုက် ခိုက် ခြင်း၊ စစ်ပြေး ဒုက္ခသည်များ ဖန်တီး ပြေး ခင်းနှင့် လူ့အခွင့်အရေး ချိုးဖေါက်ပြဆဲ ဖြစ်ပါသည်။ ဤနည်းဖြင့် ငြိမ်းချမ်းမှု မရှိဘဲ ပြသနာ များ၊ စိတ်ညစ် စရာများဖြင့် ဖန်တီး အနိုင်ယူ ထားပါသည်။

ထို့အတူ နိုင်ငံရေး အရ နှင့် စိတ်ဓါတ် ရေးရာအရ အားနည်းလာ နေသော မြန်မာနိုင်ငံ တောင်ပိုင်းမှ တိုင်းရင်းသား အ ဖွဲ့များကိုမူ စီးပွားရေး မက်လုံးများ၊ အခွင့် အရေး မက်လုံးများ အသီးသီးပေးကာ အနိုင်ယူ ထားနိုင် ခဲ့သည်။ ထို့အပြင် လက် ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များသည် နေပြည်တော် တွင် ကြည်းလေ တပ်ပေါင်းဖြင့် စစ်ရေးလေ့ ကျင့်မှု တခုဖန် တီးပြီး စစ်ရေး အရ ၄င်းတို့ အဆင်သင့် ဖြစ်နေကြောင်း၊ အင်အားရှိကြောင်း၊ အချိန်မရွေး စစ်ဆင်နိုင်ကြောင်း ကို ပြသ ခဲ့ ပြန်ပါသည်။

 ဤစစ်ရေး လေ့ကျင့်မှု ကို သေသေချာချာ ၀ါဒဖြန့်ပြီးမှ အစိုးရ ငြိမ်း ချမ်းရေး အဖွဲ့သည် မတ်လ (၉)ရက်နေ့ တွင် စစ်ဗိုလ် ချုပ်များ ပါသော အဖွဲ့ဖြင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို စတင် ဆွေးနွေး လေတော့သည်။ စစ်တပ် ကလည်း တကယ် ငြိမ်းချမ်းရေး လိုချင် ပါတယ် ခေါင်း စဉ်ဖြင့် ကြွေးကျော် ပြီး ၀င်လာခဲ့ ခြင်း ဖြစ်ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကမူ ဗကပ အတိုက်ခ ံရချိန်တွင် KNU ဖက်၌ အငြိမ်းစား ရနေသလို ရှိနေပြီး၊ KNU အ တိုက် ခံရချိန်တွင် (မဒတ) အဖွဲ့ဝင် များ အိပ်ပျော် နေ ပါသည်။ ရှမ်းတပ်ဖွဲ့ အတိုက်ခံရ ချိန်တွင် လည်း ကျန်တိုင်း ရင်း သား တပ်ဖွဲ့များ အဖက် မလုပ်သလို KIO အတိုက်ခံ ရချိန်တွင် ၀ိုင်းကြည့် နေ ကြပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အာဘော်အရ မင်းတို့ ထိရင် ငါတို့ မခံဘူးဟေ့” ၊ မင်းတို့ထိရင် မင်းတို့ ဘဲခံပါ။ ဆိုတဲ့ ပေါ်လစီ သာ တွေ့နေ ရပါ သည်။ တပ်ပေါင်းစု သာ ဖွဲ့နေကြ သော်လည်း အနှစ်သာရ မရှိရိုး အမှန်ပါ။ အ ကြောင်းပြ ချက်တွေက လည်း လူမျိုး တမျိုးနှင့် တမျိုး ယဉ်ကျေးမှု တွေ မတူလို့ ပါတဲ့”မရေရာသော အကြောင်းပြချက် များ ပေးနေခဲ့ပါသည်။

ဤသို့ကြောင့် တိုင်းရင်း သား များ၏ အခန်း ကဏ္ဍသည် လက်ဦးမှု အရသော် လည်းကောင်း  အနိုင်ယူမှုအရ သော်လည်းကောင်း အမြဲတမ်း နောက်ကျနေ ဦး မည်သာ ဖြစ်ပါသည်။ အချင်းချင်း အပေါ် မာနကြီးမှု၊ ခေါင်းဆောင်မှု မပေးနိုင် သည့်အပေါ် အချင်းချင်း စုစည်းခြင်း အားနည်းမှု၊ လူစွမ်းကောင်း ၀ါဒမှိုင်း ရှိ မှုကြောင့် လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များနှင့် နှိုင်းယှဉ်ခဲ့ ပါက ကွာ လှမ်းနေ ဦးမည်သာ ဖြစ်ပါသည်။

နောက်ဆုံး အကြံပေးလို သည်မှာ လက်ယာ ဗမာ စစ်ဝါဒီ ခေါင်းဆောင် များ၏ လက်ရှိပြင် ဆင်ထား သည့် စစ်ရေး လှုပ်ရှားမှု များအပါ၀င် တနိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး အတွက် ဆွေးနွေးပွဲ စကားဝိုင်း ထဲရောက် လာခြင်းသည်  တိုင်းရင်းသား လက်နက် ကိုင်များ တောင်းဆို နေသော တန်းတူရေး၊ ဒီမို ကရေစီရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည် ဆောက်ရေး အတွက် မဟုတ်ကြောင်း နာလည် ထားစေချင် ပါသည်။

သက်သေ အားဖြင့် ထောက်ပြလို သည်မှာ အကယ်၍ စစ်မှန်သော ငြိမ်းချမ်းရေးကို လက်ယာ ဗမာ စစ်ဝါဒီ ခေါင်း ဆောင်များ လိုလားခြင်း အမှန်ဖြစ်ပါက ထို ထိုသော စစ်ရေး ပြင်ဆင်မှု များ မလိုအပ် ပါကြောင်း၊ ဤသို့ကြောင့် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ စဉ်းစား ချင့်ချိန် နိုင်ရန် ရည်ရွယ် အပ်ပါ သည်။

Most read this week