မြွေတောင်ဖားတောင် သယံဇာတ တူးဖော်ရောင်းချမှုှု ရပ်ဆိုင်းလိုက်ပြီ

မြွေတောင်ဖားတောင် သယံဇာတ တူးဖော်ရောင်းချမှုှု ရပ်ဆိုင်းလိုက်ပြီ
by -
ခိုနုမ်းထုန်

မြန်မာနိုင်ငံ အနောက်ဖက်၊ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို ့နယ်ရှိ မြွေတောင် ဖားတောင်နီကယ် သတ္တုရိုင်း ကို ကိုယ်ထူကိုယ်ထ တူးဖော်နေသူများအား ယခုလမှစပြီး သက်ဆိုင်ရာက တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။

မြွေတောင်ဖားတောင် သတ္တုရိုင်းကို အနီးအနားရှိပြည်သူများက တူးဖေါ်ခြင်းမပြုတော့ရန် ဆော်သြပြီး ပိတ်ပင်ခိုင်း ထား ကြောင်း၊ တူးဖေါ်ပြီးသော သတ္တုရိုင်းများကို အ ရည်အသွေးအပေါ်မူတည်ပြီး ဒေသခံတွေက ထောင်ဂဏန်း ကနေ သိန်းဂ ဏန်းအထိ အရောင်းအဝယ်လုပ်နေကြကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖေါ်ပြထားသည်။

သတ္တုရိုင်းကို ဒေသခံပြည်သူများအပြင် အခြားနယ်မှ ပြည်သူများလည်း လာရောက်တူး ဖေါ်နေကြခြင်းဖြစ်ပြီး ကလေး နယ်နှင့် တာဟန်းမြို့များရှိ ပွဲစားမှတဆင့်  မန္တလေး ကနေ တဖက်တရုတ်နိုင်ငံသို ့ တင်ပို ့နေကြသည်ဟု သိရသည်။

အဆိုပါ သတ္တုရိုင်းများသည် ပန်းပုလုပ်ငန်းများမှာ အကျုံးဝင်သည်ဟု သိရပြီး လုပ်ခွင့် ပိတ်ပင်ခံရသူများသည် လက်ရှိတွင် အခြားနယ်သို ့ လုပ်ငန်းပြောင်း လုပ်နေ ကြပြီဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

ကိုယ်ထူကိုယ်ထ သတ္တုရိုင်းလုပ်ငန်းကို ဒေသခံလူမှုအဖွဲ့ အစည်းများအပါအဝင် သဘာဝပတ် ၀န်းကျင် စောင့်ကြည့် ရေးအဖွဲ ့ များက ပညာပေးလှုံ ့ဆော်မှုများပြု လုပ်ပြီး မြို ့နယ်အထောက် အကူပြုအဖွဲ ့၊ ဌာနဆိုင်ရာများ ၏ တားမြစ်မှု များကြောင့် ယခုကဲ့သို ့ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။

ယင်းလုပ်ငန်းကို တရုတ်နိုင်ငံပိုင် North Mining Investment Company မှ တူးဖေါ်ရန် ပြင်ဆင်လျက်ရှိပြီး မြွေတောင် ဖားတောင်တည်ရှိရာ ချင်းပြည်နယ်အစိုးရကို ကုမ္ပဏီမှ နှစ်စဉ် အမေရိကန်ဒေါ်လာ (၅)သိန်း ထောက်ပ့ံသွားမည်ဖြစ်ကြောင်း သိရသည်။