NCCT ကိုယ်စားလှယ်များ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နှင့် ပွင့်လင်း အဖွဲ့အစည်းအား တွေ့ဆုံဆွေးနွေး

NCCT ကိုယ်စားလှယ်များ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ နှင့် ပွင့်လင်း အဖွဲ့အစည်းအား တွေ့ဆုံဆွေးနွေး
by -
ရွှေဟင်္သာ

ရန်ကုန်မြို့သို့ရောက်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင် ရာညှိနှိုင်းရေး အဖွဲ့NCCT (Nationwide Ceasefire Coordination Team) သည် မတ်လ ၉ ရက်နေ့နံနက် (၉) နာရီတွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တွေ့ဆုံ ဆွေးနွေးနေကြောင်း (UPWC) အကြီးတန်း အရာရှိကြီး တဦးက ဆိုပါသည်။

NCCT နှင့် အစိုးရ ကိုယ်စားလှယ် တို့ ဆွေးနွေးနေစဉ် NCCT နှင့် အစိုးရ ကိုယ်စားလှယ် တို့ ဆွေးနွေးနေစဉ်

သူက“ ဖါးအံ ဆွေးနွေးပွဲ အတွက် ကြို တင်ညှိနှိုင်း နေတာဖြစ်တယ်။ ကျနော်တို့ဖက်ကလည်း စစ်ဖက်  ထိပ်တန်း ခေါင်း ဆောင်တွေပါ တက်ရောက် ခဲ့တယ်လေ။ ဆိုတော့ အဆင်ပြေမှာပါ။ အဲဒီလို ပါဘဲ NCCT ဖက်ကလည်း အဆင် ပြေ လိမ့်မယ် လို့ ယူဆ ရပါတယ်။” ဟု ဆိုပါသည်။

ယခု ဆွေးနွေးပွဲသည် အစိုးရ၏ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအပေါ် NCCT ၏ သဘော ထားတုန့် ပြန်ချက်ကို အစိုးရ ကိုယ်စား လှယ်များနှင့် လာရောက် ညှိနှိုင်း ကြခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် အပြန်အလှန် သဘောထားများကို ပေးပို့ထားကြပြီး ဖြစ်သည့် အတွက် မတူညီ မှု များကို ဆက်လက် ညှိနှိုင်း ကြခြင်း ဖြစ်သည်။

ထိုသို့ ညှိနှိုင်း ရာတွင် ရရှိသော အသေးစိတ် ညှိနှိုင်းချက် များအား လောလော ဆယ်တွင် ထုတ်ပြန်လိမ့် မည် မဟုတ် သော်လည်း လို အပ်ပါက အဖွဲ့ဝင် များနှင့် ပြန်လည် ညှိနှိုင်းမည်ဖြစ်ပါသောကြောင့် ယခုဆွေးနွေး ပွဲသည်  အ စိုးရထံ ပေးပို့ထားသော NCCT ၏ စာချုပ်မူ ကြမ်း အပေါ် အစိုးရ၏ သဘောထားကို သွားရောက် နားထောင်ခြင်းပင်ဖြစ်ပြီး ဆုံး ဖြတ်ချက် ပေးနိုင်သော အခွင့်အာဏာ မရှိဟု (NCCT) ကိုယ်စားလှယ်ဖက်က ဆိုပါသည်။

(UPWC) ဖက်မှ ဒုတိယဥက္ကဌ ဖြစ်သည့် ဝန်ကြီးဦးအောင်မင်းခေါင်းဆောင်ပြီး ဒုတိယဥက္ကဌလည်းဖြစ် ပြည်သူ့လွတ်တော် ရေးရာ ကော်မတီ ဥက္ကဌ ဖြစ်သူ ဦးသိန်းဇော်၊ ဝန်ကြီး ဦးခင်မောင်စိုး၊ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးဝင်းထွန်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းအပါအဝင် ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးခေါင်းဆောင်ပြီးဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဗိုလ် ချုုပ် မြထွန်းဦး၊ဗိုလ်မှုးကြီး ကျော်စိုးဝင်း ၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးအောင် သိမ်း၊ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးစော ထွန်းမြအောင်၊ ပြည် သူ့လွတ် တော် ကိုယ်စားလှယ်မိယဉ်ချမ်း၊ နှင့် MPC မှ အကြီးတန်း အရာရှိများ တက်ရောက်ကြ ပါသည်။

အလားတူ NCCT ဖက်မှ တက်ရောက်သော ကိုယ်စားလှယ် များမှာ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင်ပဒိုကွယ်ထူးဝင်း အပါ၀င်ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်း၊ ဦးရွှေမျိုးသန့်၊ခွန်ဥက္ကာ၊ ဒေါ်စောမြ ရာဇာလင်း၊ဦးထွန်းဇော်၊ ဒုတိယ ဗိုလ်မှုးကြီး ဆင်ဝါး၊ ပဒိုတာဒိုမူးနှင့် ဒုတိယ ဗိုလ်မှုး ကြီး ကျော် ဟန်တို့ဖြစ်ပါသည်။

NCCT ကိုယ်စားလှယ် များသည် ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ် ယမာန်နေ့ ညနေ ၆ နာရီခွဲတွင် တော်လှန် ရေးပန်းခြံအနီးရှိM3 စားသောက်ဆိုင်၊ ပိတောက် ခန်းမသို့ သွားရောက်ပြီး (၈၈) မျိုးဆက် ပွင့်လင်းလူ့ အဖွဲ့အ စည်းခေါင်း ဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးပြီး ညစာ အတူသုံးဆောင် ခဲ့ကြသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေး ရာတွင် ငြိမ်းချမ်းရေး နှင့်ပွင့်လင်း လူ့အဖွဲ့အစည်း မှ မင်းကိုနိုင်က တွေ့ဆုံဆွေး နွေး ဖြစ် ရသည့်အကြောင်းကို ရှင်းလင်းပြောကြား ခဲ့ပြီး ၊ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ က၎င်းတို့ ရပ်တည် ချက် အ နေအ ထားနှင့် ငြိမ်းချမ်းရေး လိုလားမှု၊ ကြိုးစားမှု ဖြစ်စဉ်များကိုပြောကြားခဲ့ ကြောင်း ပွင့်လင်း အဖွဲ့အစည်းမှ ထုတ် ပြန်ခဲ့ပါသည်။

ဆွေးနွေး ပွဲရလာဒ် အဖြစ်  အပစ်အခတ် ရပ်စဲရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကိုအတူ လက်တွဲ ကြိုးပမ်းဖော် ဆောင်ကြရန် နှင့် နိုင်ငံရေး အင်အားစု များ အားလုံးပါ၀င် သည့် ပြည်ထောင်စု ညီလာခံ တရပ် ပေါ်ပေါက်လာရန် အတွက် ၀ိုင်းဝန်း အကောင် အထည်ဖော်ရန် သဘောတူ ကြပါသည်။

ထို့ဆွေးနွေး ပွဲသို့  နိုင်ဟံသာ ( UNFC အထွေထွေ အတွင်းရေးမှူး) ၊ခွန်ဥက္ကာ (PNLO) ၊ ကိုဆွေမျိုးသန့် (KNPP) ၊ ဆ လိုင်း လျှံမုံး (CNF) ၊ဗိုလ်မှူးကြီး ဆင်ဝါး (KIO) ၊ ဒေါ်စောမရ ရာဇာလင်း (ALP) တို့ ပါ၀င်သည့် အဖွဲ့ဝင် ၉ ဦးတို့ နှင့်၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း) မှ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ဌာန အသီးသီး၏တာဝန်ခံ များမှ တွေ့ဆုံခဲ့ကြ ခြင်း ဖြစ်သည်။