သန်းခေါင်စာရင်း စာရင်းကောက်မည့် ဆရာ၊ ဆရာမများအား သင်တန်းပို့ချ

သန်းခေါင်စာရင်း စာရင်းကောက်မည့် ဆရာ၊ ဆရာမများအား သင်တန်းပို့ချ
by -
ဆန်မွန်းရာ

ဆန်မွန်းရာ (မြစ်ကြီးနား ဂျာနယ်)-ကချင်ပြည်နယ် မြစ်ကြီနားမြို့၊ အမှတ် (၃) အလယ်တန်းကျောင်းတွင် ဆရာ၊ ဆရာမ(၆၂)ဦးကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းဆင်းများမှ ခရိုင်တွင်နည်းပြအဖြစ် မတ် ၆ ရက်နေ့မှ စတင်ကာ (၆)ရက်ကြာ သင်တန်းပို့ချမှု ပြုလုပ်နေပြီ ဖြစ်သည်။

“ အခုမတ်လ(၃၀)ရက်နေ့မှာ သန်းခေါင်စာရင်းကောက်မယ့် ဆရာ၊ ဆရာမတွေကို မိုးညှင်းခရိုင်၊ မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်တို့မှာ ကျွန်တော်တို့က တပြိုင်ထဲ သင်တန်းပို့ချနေပါတယ်”ဟု လဝက ဒုခရိုင်မှူး
လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်ကိုကိုက ပြောသည်။

ယခုသင်တန်းတွင် တတ်ရောက်နေသည့် ဆရာ၊ ဆရာမ များသည် မြို ့နယ်အဆင့်တွင် နည်းပြများအဖြစ် မြို ့နယ်ရှိ ဆရာ၊ ဆရာမ များကို သင်တန်းပြန်လည် ပို့ချပေးသွားမည် ဖြစ်ကာ မတ်လ(၃၀)ရက်နေ့တွင် ကောက်ခံ မည့် သန်းခေါင်စာရင်းတွင်လည်း စာရင်းကောက်၊ စာရင်းစစ်ပြုလုပ်မည်ဖြစ်သည်။

အစိုးရအနေဖြင့် သန်းခေါင်းစာရင်းကောက်ခံရာတွင် စာရင်းကောက်မည့် ဆရာ၊ ဆရာမများကို တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် သင်တန်းများပိုချခဲ့ပြီး ဆိုပါသင်တန်းဆင်းများသည် ခရိုင်တွင်နည်းပြအဖြစ် မြို့နယ်နည်းပြ ဖြစ်လာမည့်ဆရာ၊ ဆရာမများကို သင်တန်းပို့ချခြင်း စသည့်အဆင့်ဆင့် လုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။

အင်းဂျန်ယန်မြို ့နယ် အ.ထ.က ကျောင်းမှ ဆရာမဒေါ်ဇင်မာဦးက “သန်းခေါင်စာရင်းသင်တန်းကိုနေပြည်တော် မှာ သွားတတ်ခဲ့တာပါ။ အခုဒီမှာနည်းပြပါ” ဟုပြောသည်။

သင်တန်းတတ်ရောက်နေသည့် ဆရာ၊ ဆရာမများ အနေဖြင့် သန်းခေါင်စာရင်းကောက်ယူသည့် အခါ ဘာသာစကား အခက်အခဲများမရှိစေရန် ဒေသခံဆရာ၊ ဆရာမများကို ရွေးချယ်ခေါ်ယူရခြင်း ဖြစ်ကြောင်း လက်ထောက်ညွန်ကြားရေးမှူးကပြောသည်။

၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုကို ယခုမတ်လ(၃၀)ရက်နေ့တွင် စတင်ကောက်ခံသွားရာတွင် ကျောင်းဆရာ၊ ဆရာမ များက စာရင်းစစ်စုစုပေါင်း (၂၅၀၀၀)ခန့်၊ စာရင်းကောက် (၂၈၀၀၀)ခန့် အသုံးပြုကာ စာရင်ကောက်ကွက်ပေါင်း(၈၀၀၀၀)ကို ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် မတ်လ(၃)ရက်နေ့မှ စတင်ပြီး ပူတာအိုမြို ့၌ သန်းခေါင်စာရင်းကို ကြိုတင်ကောက်ယူမှုများ ပြုလုပ်နေပြီဖြစ်သည်။ အစိုးရမှသတ်မှတ်သည့် အထူးဒေသအဖြစ် ပူတာအို၊ မိုင်းလား၊ ၀ ဒေသများတွင်
သန်းခေါင်စာရင်း ကြိုတင်ကောက်ခံမှုပြုလုပ်နေပြီဖြစ်သည်။

Most read this week