တိုင်းရင်းသား မီဒီယာ ကဏ္ဍတိုးတက်ရန် လိုအပ်ချက်များစွာ ရှိနေသေးဟုဆို

တိုင်းရင်းသား မီဒီယာ ကဏ္ဍတိုးတက်ရန် လိုအပ်ချက်များစွာ ရှိနေသေးဟုဆို
by -
မဇ္ဈိမ

တိုင်းရင်းသား မီဒီယာ သမားများ၏အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု တောင်ကြီး၌ မတ်လ ၄ ရက် မှ ရ ရက်အထိ လေးရက်တာ ကျင်းပနေသည့် ဒုတိယကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ ပထမနေ့တွင် တိုင်းရင်းသားမီဒီယာ သမား အချို့ က မဇ္စျိမ ကို ပြောဆိုသည်။

“တိုင်းရင်းသားမီဒီယာသမားတွေမှာအခက်ခဲ တွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့ မွန်စာကို လွတ်လပ်စွာ သင်ကြားခွင့်မရခဲ့လို့ မွန်ဘာသာနဲ့ ဂျာနယ်ထုတ်တဲ့အခါ ဖတ်ရှုတတ်သူ နည်းပါးသွားတယ်” ဟု စနောင်းတိုင်မ်း မွန်ဂျာနယ်၏ အယ်ဒီတာချုပ် နိုင်ကဆုမွန်က ဆိုသည်။
 
ထို့အပြင်  မီဒီယာလုပ်ငန်းအား ရေရှည် ရပ်တည်ရန်အတွက် စျေးကွက်အတွင်း ဖြန့်ချိရန် အခက်ခဲများလည်း ရင်ဆိုင်နေရကြောင်း ၄င်းကဆက်ပြောသည်။

မီဒီယာ သမားများသည် နိုင်ငံရေး ပဋိပက္ခ ၊ ငြိမ်းချမ်းရေး ကိစ္စများနှင့်များစွာ ဆက်စပ်နေသော်လည်း နှစ်ပေါင်း ၆၀ ကျော် ပိတ်ပင်ခံခဲ့ရသည့် အတွက်  မီဒီယာလုပ်ငန်း ဆိတ်သုဉ်းသွားရသည်ဟုလည်း နိုင်ကဆုမွန်က သုံးသပ်ပြောဆိုသည်။

“ဒီနေ့ အစိုးရက လွတ်တော်မှာမီဒီယာ ဆိုင်ရာ ဥပဒေကြမ်း တင်တဲ့အခါမှာလည်းကျွန်တော်တို့ တိုင်းရင်းသား အသံတွေထည့်သွင်းရေးဆွဲ ထားခြင်းမရှိပါဘူး” ဟု ၄င်းကဆိုသည်။

“နေရဥ္စရာ” ရခိုင် သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးခိုင်မြတ်ကျော် ကသုံးသပ်ရာတွင် တိုင်းရင်းသားမီဒီယာသမားများသည် မီဒီယာနှင့် ပတ်သက်ပြီး အကျွမ်းဝင်မှု အားနည်းသည့်အတွက်  နားလည်တတ်ကျွမ်းသည့် သတင်းထောက်များရှားပါးမှု ပြဿနာ ၊ပြည်နယ် အခြေစိုက်ဖြစ်သည့် အတွက် ငွေကြေးရန်ပုံငွေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်ခဲများလည်း ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

“တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်    မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို အဓိက  ဆွေးနွေးသွားမယ်”  ဒုတိယအကြိမ် တောင်ကြီးညီလာခံ ပထမနေ့(မတ်လ ၄ ရက်) တွင်ပြောသည်။

ဆွေးနွေးမှု အပိုင်းတွင်လည်း ယခင်နှစ်ကထုတ်ပြန်ထားသည့် တိုင်းရင်းသား မီဒီယာ ကွန်ရက် ဖွဲ့စည်းနိုင်ရန် ၊လုပ်ဆောင်သွားနိုင်ရန် ကွန်ရက်ပုံစံ အားလုံး  ၀ိုင်းဆွေးနွေးသွားကြမည်ဟု တိုင်းရင်းမီဒီယာညီလာခံ (‌တောင်‌ကြီး)ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းလတ် (သံလွင်တိုင်းမ်) ကမဇ္စျိမ ကို ပြောသည်။

“ကွန်ယက်ကြီးတစ်ခု ဖြစ်လာဖို့ လောလောဆယ် မမျှော်လင့်ထားသေးဘူး၊ မူဝါဒပိုင်း သဘောထားပိုင်းတွေ ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ပေါ်ထွက်လာပြီးမှ ကွန်ယက်တစ်ခု ထူထောင်သွားမယ်” ဟုက ၄င်းကဆိုသည်။    

အဆိုပါကွန်ယက်သည် နောက်ပိုင်းတွင် တိုင်းရင်းသားမီဒီယာသမား အချင်းချင်း လုပ်ငန်းသဘောအရ ဆက်သွယ်ဆောင်ရွက် သွားကြမည်ဖြစ်ပြီး ဗမာမဟုတ်သည့် တိုင်းရင်းသား မီဒီယာသမားများ Main Strean Media မဟုတ်သည့် တိုင်းရင်းသား မီဒီယာသမားများတွင် ရှိသည့် ငွေကြေးအားနည်းချက်၊ အတွေ့အကြံု များ မျှဝေထူထောင်သွားမည်ဖြစ်သည်ဟု တိုင်းရင်းမီဒီယာညီလာခံ (‌တောင်‌ကြီး)ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်  ပြောရေးဆိုခွင့်ရှိသူ ကိုမင်းမင်းလတ် (သံလွင်တိုင်းမ်) ကမဇ္စျိမ ကို ပြောသည်။

Most read this week