ANC ခေါင်းဆောင်များရောက်ခိုက် ပေါက်တောတွင်ဖုန်းလိုင်းဖြတ်တောက်ခံရဟုဆို

ANC ခေါင်းဆောင်များရောက်ခိုက် ပေါက်တောတွင်ဖုန်းလိုင်းဖြတ်တောက်ခံရဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ ANC  ခေါင်းဆောင်များ ရောက်ရှိလာခိုက် အနည်းဆုံး ၄ နာရီခန့် ဖုန်းလိုင်း ပြတ်တောက်ခဲ့သည်ဟု ဆိုသည်။

ဖေ​ဖော်​ဝါရီလ ၂၈ ရက်​​ နံနက် ၁၀ နာရီခန်​့မှ ​နေ့လည်​ ၁ နာရီ ၃၀ မိနစ်​အထိ GSM/ WCDMA ဖုန်​းလိုင်​းများ၊အင်​တာနက်​လိုင်​းများ ပြတ်​​တောက်​မှု ဖြစ်​​ပေါ်ခဲ့သည်​ဟု ​ပေါက်​​တောမြို့မှ မိုဘိုင်းဖုန်​းအင်​တာနက်​ အသုံးပြုသူများကဆိုသည်​။

ANC

“ ခုလို ရခိုင်​အမျိုးသား​ကောင်​စီက အကြီးအကဲ​တွေ​ရောက်​ရှိ​နေတဲ့အချိန်​မှာ ဖုန်​းလိုင်​းတွေ အကုန်​လုံးပြတ​်​​တောက်​​နေခြင်​းဟာ တိုက်​ဆိုင်​မှုသတ်​သတ်​မဖြစ်​နိုင်​ပါဘူး” ဟုပေါက်​​တောမြို့မှ ကို​ကျော်​​ကျော်​ခိုင်​ကဆိုသည်​။

ယခင်ကလည်း ရခိုင်ခေါင်းဆောင်များရောက်စဉ် ပြတ်တောက်မူ ရှိခဲ့ကြောင်း၊  RNDP ဥက္ကဌ ​ဒေါက်​တာ​အေးမောင် ပေါက်တော​​လာရောက်​တုန်းကလည်း ပေါက်တောတွင် ဖုန်းလိုင်း အချိန်အကြာကြီး ပြတ်တောက်ခဲ့ကြောင်း၊ သို့အတွက် ပေါက်တောလူထုကို သံသယ ပိုမို ဖြစ်စေခဲ့သည်ဟု ပေါက်တောမှ အမျိုးသမီး တစ်ဦးက ပြောသည်။

“ပေါက်​​တောမြို့​ပေါ်မှာ​တော့ ​တော်​ရုံတန်​ရုံနဲ့ လိုင်​းပြတ်​​တောက်​မှု မရှိတတ်​ပါဘူး။ ခုလို နိုင်ငံရေးဘက်က ခေါင်းတွေရောက်တိုင်း ဖုန်းလိုင်း ပြတ်တောက်သွားတာကတော့ လူတွေအတွက် သံသယ ဖြစ်စရာပေါ့” ဟု ​သူမက ဆိုသည်​။

ယင်​းဖြစ်​စဉ်​နှင်​့ပတ်​သက်​၍ စစ်​​တွေမြို့၊ရခိုင်​ပြည်​နယ်​ ဆက်​သွယ်​​ရေးဌာနသို့  ​မေးမြန်​းခဲ့ရာ ဆက်​သွယ်​​ရေးဌာနမှ လက်​​ထောက်​အင်​ဂျင်​နီယာတစ်​ဦးက ​“ဒါမဟုတ်ပါဘူး” ဟု ပြောဆိုသည်။

“ အဲဒါက​တော့ စစ်​​တွေမှာလည်​း GSM/WCDMA ​တွေ မနေ့က လိုင်​း​အောက်​ခဲ့ပါတယ်​။ ဒါတိုက်​ဆိုင်​တာပါ။ ​ဘာလို့ ဖုန်းလိုင်းကို ဖြတ်တောက်ရပါမလဲ။ ဒါမဖြစ်နိုင်ဘူး” ဟု ဆိုသည်။

၎င်းအပြင် စစ်တွေ ဆက်သွယ်ရေးရုံးမှ လိုင်းများကို ဖြတ်တောက်၍ မရဟု သူကဆိုပြန်သည်။

“ ဒါ ရန်​ကုန်​ MSC မှာဖြစ်​တာလို့ သိရပါတယ်​၊ကျွန်​​တော်​တို့ စစ်​​တွေက ဒါမျိုးလိုင်​းဖြတ်​​တောက်​တာမရှိပါဘူး။ ရခိုင်​က မိုင်​ဘိုင်​းဖုန်​း​တော်​​တော်​များများဟာ ရန်​ကုန်​နဲ့ချိတ်​ထားတာပါ။ လိုင်းပြတ်​​တောက်​တာ​တော့ ခဏခဏ ကြံုတတ်​ပါတယ်”  ဟု သူက ဆက်​​ဆိုသည်​။

ရခိုင်​အမျိုးသား​ကောင်​စီအဖွဲ့ဝင်​တစ်​ဦးကလည်း ယခင်​ခရီးစဉ်​များတွင်​ ယခုလို ဆက်​သွယ်​မှုပြတ်​​တောက်ခြင်း  ဖြစ်​စဉ်မျိုး မရှိခဲ့​​ဖူးသေး​ကြောင်​း​ပြောကြားသည်​။

ပေါက်​​တောလူထုနှင့် တွေ့ဆုံပွဲ ခရီးစဉ်​တွင်​ ANC ဥက္ကဌဆရာ​တော်​အရှင်​ဦးသီဟ၊​ အ​ထွေ​ထွေအတွင်​း​ရေးမှူး ဦးထွန်းဇော်နှင်​့ ရခိုင်​ပြည်​တပ်​မ​တော်​၏ စစ်​ဦးချုပ်​ ဗိုလ်​မှူးကြီးမင်​းဇံ​ဝေတို့ ဦး​ဆောင် ပါလာကြသည်ဟု သိရသည်။

Most read this week