ရခိုင်ပြည်နယ်အတွင်း MSF လုပ်ငန်းများတရားဝင်ရပ်ဆိုင်းပြီဟု ပြည်နယ်အစိုးရပြောကြား

ရခိုင်ပြည်နယ်အတွင်း MSF လုပ်ငန်းများတရားဝင်ရပ်ဆိုင်းပြီဟု ပြည်နယ်အစိုးရပြောကြား
by -
နိရဥ္စရာ

နယ်စည်းမထား ဆရာဝန်အဖွဲ့ MSF ( AZG) ၏ ရခိုင်ပြည်နယ်လုပ်ငန်းများကို တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလှသိန်းက ယမန်နေ့တွင် တရားဝင် ပြောကြားသည်။

သူက“ သူတို့အထဲက တာဝန်ရှိသူတွေကို ဟိုတနေ့ကတည်းက ခေါ်ယူပြီး လုပ်ငန်းတွေကို ရပ်ဖို့ တရားဝင် ပြောဆိုလိုက်ပြီဖြစ်ပါတယ်” ဟု ဆိုသည်။

msf getout

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူပေါင်းရာနှင့်ချီပြီး ၎င်းအဖွဲ့အား ကန့်ကွက်မူများ ပေါ်ပေါက်ပြီး ၄ ရက်မြောက် နေ့တွင် MSF ၏ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းရန် ပြည်နယ် အစိုးရ၏ ကျေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းရပါသလဲ ဟု ဆိုသော မေးခွန်းအပေါ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ပြုစုရေး ဆပ်ကော်မီတီ ဥက္ကဌ ပြည်နယ် တရားဥပဒေချုပ် ဦးလှသိန်းမှ ပြောဆိုရန် ငြင်းဆိုသော်လည်း ကျန်းမာရေး ၀န်ကြီးနှင့် ပြည်ထဲရေး ၀န်ကြီးမှ နားလည်မူ စာချွန်လွှာကို သက်တမ်းမတိုးကြောင်းကို ရခိုင်ပြည်နယ် အစိုးရကို အကြောင်းကြားလာသဖြင့် MSF ၏ လုပ်ငန်းများကို ရပ်ဆိုင်းရခြင်း ဖြစ်ကြောင်း ယခုလို ပြောသည်။

“ MSF နဲ့ ကျန်းမာရေး စောင့်ရှောက်မူ အတွက်ကို ကျန်းမာရေး ၀န်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းကိုတော့ ပြည်ထဲရေး ၀န်ကြီးဌာနဲ့ လုပ်ထားတာ ဖြစ်ပါတယ်။ အခုတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း သူတို့နဲ့ စာချုပ်ကို သက်တမ်းမတိုးတော့သလို ပြည်ထဲရေး ၀န်ကြီးဌာန အနေနဲ့လည်း သူတို့ စာချုပ်ချုပ်ဆိုထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ထားတာကို ရပ်ဆိုင်း လိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရနဲ့တော့ ဘာမှ လက်မှတ်ရေးထိုးထာ မရှိတဲ့ အတွက် ကျွန်တော်တို့က ဘာမှ တခြား ပြောစရာမရှိတဲ့ အတွက် သူတို့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ညွှန်ကြားရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော်လည်း နိရဥ္စရာမှ လက်ခံရရှိခဲ့သော ညွှန်ကြားချက် စာတစ်စောင်တွင် ရခိုင်ပြည်နယ် ဒုချီးရား တန်းကျေးရွာ ဖြစ်စဉ်နှင့် ပတ်သက်၍ MSF Holland ( MEDECINA SANS FRONTIERS- HOLLAND) အဖွဲ့မှ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူးသို့ ပေးပို့ခဲ့သောစာသည် ရခိုင်ပြည်နယ် လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပျက်ပြားစေရန် ဖြားယောင်း လူံ့ဆော်သော အဓိပ္ပါယ်ဖေါ်ဆောင်လျှက်ရှိပြီး လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲဖြင့် ပဋိပက္ခ မဖြစ် ဖြစ်အောင် သွေးတိုးစမ်းဖန်တီးမူများ ပြုလုပ်ခြင်း ဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် INGO အဖြစ် မှတ်ပုံတင် ခွင့်ပြုထားခြင်းမှ ပယ်ဖျက်သွားရန်၊ MoU သက်တမ်း ထပ်မံတိုးမြင့်ခြင်းအား ခွင့်မပြုရန်နှင့် ရခိုင်ပြည်နယ် အတွင်း ၀င်ရောက် လူပ်ရှားမူများအား ပြည်နယ် အစိုးရမှ လက်ခံခြင်း မပြုလုပ်ရန် ဟု ပါရှိသည်။

Most read this week