မြို့နယ်သန်းခေါင်စာရင်းစစ်၊ စာရင်းကောက်များအား မတ်လတွင်သင်ကြားပေးမည်

မြို့နယ်သန်းခေါင်စာရင်းစစ်၊ စာရင်းကောက်များအား မတ်လတွင်သင်ကြားပေးမည်
by -
သက်သန္တာလှိုင်

သက်သန္တာလှိုင်(သံလွင်တိုင်းမ်) - မွန်ပြည်နယ်တွင် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရန် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များကို မတ်လတွင် သင်တန်းပို့ချပေးမည်ဟု မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီဌာန (လ.၀.က) ပြည်နယ်မှူးက ပြောသည်။

ဖေဖော်ဝါရီနောက်ဆုံးအပတ်ထိ သန်းခေါင်စာရင်နှင့်ပတ်သက်၍ ပြည်နယ်အဆင့် သင်တန်းပို့ ချမည်ဖြစ်ပြီး ခရို်င်နှင့်မြို့နယ်အဆင့်ဆရာမများကို မတ်လအတွင်း သင်တန်းပို့ချရန် စီစဉ်ထားကြောင်း၊ ပြည်နယ်အတွင်း
သန်းခေါင်စာရင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ်အလိုက် သန်းခေါင်စာရင်းကော်မတီ ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်ဟု ပြည်နယ်မှူးက ဆိုသည်။

’’ကျွန်တော်တို့ စာရင်းစစ်၊စာရင်းကောက် ဆရာမတွေကို သေသေချာချာ သင်တန်းပို့ချမှာပါ၊ ဒါက အစိုးရလမ်းညွန်မှုအရပေါ့  မြို့နယ်အလိုက် အုပ်ချုပ်မှုလွယ်ကူအောင်လည််း ပညာရေးမှူးတွေကနေတစ်ဆင့် ဆရာမတွေကို ရွေးချယ်ထားပါတယ်’’ ဟု မွန်ပြည်နယ် လ.၀.က  ပြည်နယ်မှူး ဦးသန်းဝင်းက ပြောသည်။

စာရင်းကောက်ယူမည့် ဆရာမများကို အသုံးပြုရာတွင် ပြည်နယ်အစိုးရသို့တင်ပြပြီး ၎င်းမှတဆင့် ပြည်နယ်ပညာ ရေးမှူးသို့လည်းကောင်း၊ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများသို့လည်းကောင်း အဆင့်ဆင့် အကြောင်းထားခြင်း ဖြစ်သည်ဟု ဦးသန်းဝင်းက ဆိုသည်။

’’ကျွန်မကို သန်းခေါင်စာရင်းကောက်ဖို့အတွက် ရွေးချယ်ထားပါတယ် သင်တန်းကတော့ ကလေးတွေစာမေးပွဲပြီး လောက်မှ ဖြစ်မယ်လိုထင်တယ် ရက်အတိအကျတော့ မသိသေးဘူး ကျွန်မသင်နေတဲ့ရွာမှာပဲ ကောက်ရမှာပါ’’ ဟု အ.မ.က (လွန်) ဆရာမ တင်နီလာဝင်းက ပြောသည်။

ဆရာမများကိုရွေးချယ်ထားရာတွင် အသက် ၅၀ နှစ်အောက်၊ ကျန်မာရေးကောင်းမွန်ပြီး မိမိသင်ကြားနေ သည့်ရပ်ကွက်၊ ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မွန်ပြည်နယ်တွင် ကောက်ကွက်ပေါင်း ၃၀၃၀ အတွက် ဆရာမများကို စာရင်းကောက်၊ စာရင်းစစ် ၄၆၄၂ ဦးကို ရွေးချယ်ထားသည်။

အရံစာရင်းကောက်များလည်းပါ၀င်မည် ဖြစ်ရာအိမ်ခြေ ၁၅၀ လျှင် ကောက်ကွက်တစ်ခုအဖြစ် သတ်မှတ်ပြီး ကောက်ကွက်တစ်ကွက်လျှင် ဆရာမ ၁ ဦးပါ၀င်မည် ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရန်အတွက် စာရင်းကောက် ဆရာမတစ်ဦးသည် ၎င်းကောက်ယူရမည့် နယ်မြေ အတွင်းရှိ နေအိမ်တိုင်းကို တစ်အိမ်တက်တစ်အိမ်ဆင်းခြင်းဖြင့် စာရင်းကောက်ယူကြမည်ဖြစ်သည်။