မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြင့် မိုရ် ထွန်းဟို တယ်၌ စတင် ကျင်းပခဲ့ သည့် Forum of federations ကနေဒါ နှင့် Myanmar (Egress) တို့ဦးဆောင်သော ပြည် ထောင်စု စနစ် စနစ် အလုပ်ရုံ ဆွေး နွေးပွဲ သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်ပြီး (၃)ရက်တာ ကျင်းပ ခဲ့ရာ ဖေဖေါ်ဝါရီ (၂၅) ရက်နေ့တွင် ပြီးဆုံးသွားပြီ ဖြစ်ပါသည်။
ယင်းအလုပ်ရုံဆွေးနွေး ပွဲသို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးကျင်ဖေ အပါ၀င်၊ ပြည်နယ် လွှတ်တော် အမတ်များ၊ ပြည်ခိုင် ဖြိုး ပါတီ အဖွဲ့ဝင် များ၊အစိုး ရအဖွဲ့၊ NEI နှင့် မွန်သမိုင်း သုတေ သန အဖွဲ့တို့ တက်ရောက် ခဲ့ပါသည်။
ထို့အပြင် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC )၊ ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ၊ NDF ၊ FUP ၊ Mon State Youth Forum ၊ NLD ၊ MDP ၊ PSDP ၊ MJC (Mawlamyine justice center) ၊ KUDP ၊ KPP ၊ AMDP ၊ထားဝယ် တိုင်းရင်း သားများ ပါတီ၊ ကယား လူမျိူးစု ဒီမိုကရေ စီပါတီ၊ ၊မွန်ပြည် သစ်ပါတီ အပါ၀င် အဖွဲ့ပေါင်း၂၀ခန့် ဖြင့် လူပေါင်း ၃၀ ဦးခန့် တက်ရောက် ခဲ့ပါသည်။
ပထမနေ့ဆွေးနွေး ပွဲတွင် မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးကျင်ဖေ က၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ ၌တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော် များ၏ လုပ်ပိုင်ခွင့် ထဲတွင် ကိုယ်ပိုင်ပြ ဌာန်းခွင့်၊ ကိုယ်ကြမ္မာ ကိုယ်ဖန် တီးခွင့် များပေးထား ခဲ့သော်လည်းလက်ရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ် များ၏ အခြေအနေ တွင်လုပ်ပိုင်ခွင့် နှင့်ကိုယ်ပိုင် ပြဌာန်းခွင့် များမှာ ကန့်သတ်ခံ ထားရဆဲ ဟုဆိုပါသည်။
“ဖက်ဒရယ်ဆို တာကလည်း ဗဟိုချူပ် ကိုင်မှုကို လျှော့ချပြီး တော့တိုင်း ဒေသကြီးနှင့်ပြည်နယ်များ ကို လုပ်ပိုင်ခွင့် ပိုပေးဖို့ပါပဲ” ဟုဆိုခဲ့ပါ သည်။
နိုင်ငံတော် ၏လူသား အရင်းမြစ်၊သဘာဝ အရင်းမြစ်များ သည်တိုင်း ဒေသကြီး နှင့် ပြည်နယ် ဒေသတွင် တည်ရှိသ ဖြင့်ရလာ သည့် အကျိူးအမြတ် များကို တိုင်းနှင့် ပြည်နယ်များအား အချိူး ညီညီခွဲဝေ ပေးသင့် သည်ကိုလည်းဆို ခဲ့ပါသည်။
ပြည်ထောင်စု အနေ နှင့် တိုင်းရင်းသား ပြည်နယ်များအားပေးသင့်သော အခွင့်အရေး များကိုချူပ်ကိုင် မထား သင့်ကြောင်း အချိန်နှင့် တပြေးညီ မပေးခြင်း သည်ဒီမိုကရေစီ အပြောင်း အလဲကိုနှောင့်နှေး စေတတ်သည်ဟု ယူဆကြောင်းဦးကျင်ဖေ ကဆိုပါသည်။
DKBA ဗိုလ်မှူးကြီး ဆန်းအောင်က “ဖက်ဒရယ်ဆိုတာငါတို့ပဲသိတာ မလုံလောက်ဘူး ဒီဖက်ဒရယ် စနစ်ကိုလက်ရှိ အာဏာပိုင် တွေလည်း နားလည်မှ သူတို့ လက်ခံကျင့် သုံးဖို့ ပိုပြီး လိုအပ်တယ်။ သူတို့ကောင်း ကောင်းနား လည်မှ သာပြည် သူတွေ လိုလားနေ တဲ့ဖက်ဒရယ် ကိုသူတို့ကသာ လုပ်ပေးရ မယ်လေ” ဟုပြောသည်။
Myanmar Egress မှ စီမံခန့်ခွဲမှု မန်နေဂျာ မဖြိုး သန္တာကမူမြန်မာ နိုင်ငံ ရဲ့ ဒီမိုကရေ စီရေး အသွင် ကူးပြောင်း ရေး ကာလ ကျမှဒီ ပြည်ထောင်စု စနစ် ကို အကုန် လုံးက စိတ်ဝင်စား လာကြတယ်။ ဒီတော့ အခုကျင်းပတဲ့ အလုပ် ဆွေးနွေး က နိုင်ငံ တကာ မှာ ကျင့်သုံးနေတဲ့ ပြည်ထောင်စု စနစ်တွေ ကို ဆင်ချင် သုံး သပ်လို့ ရအောင် ပြန်ပြီးမျှဝေ တာပါ။ တခြား နိုင်ငံတွေ ရဲ့အတွေ့အကြုံဟာကိုယ့်နိုင်ငံ နဲ့ကိုက်မကိုက် ဆိုတာ ကိုပြန်ပြီး သုံးသပ်စေ ချင်တာပါ” ဟုဆိုပါ သည်။
ယခုကျင်းပသည့် အလုပ် ရုံဆွေးနွေးပွဲ မျိုးကိုပြီးခဲ့ သည့် ၂၀၁၂ ခုနှစ် ကတည်းက နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ တောင် ကြီးအပါ၀င် (၁၀)ကြိမ်မျှ ကျင်းပခဲ့ပြီး မော် လမြိုင်မြို့ တွင် ယခု ပထမ အကြိမ် အဖြစ် ကျင်းပ ခဲ့ကြောင်းဆိုပါသည်။
အီးဂရက် (Egress) အဖွဲ့သည် မြန်မာ့ငြိမ်း ချမ်းစင်တာ (MPC) မှ ဦးလှမောင်ရွှေတို့ ဦးဆောင်သော အဖွဲ့ဖြစ် ပါသည်။ တချို့ကမူ အီးဂရက် (Egress) အဖွဲ့ သည် အစိုးရ (NGO) အဖွဲ့ဟု စွပ်စွဲခဲ့ သော်လည်း ၄င်းအဖွဲ့ သည် မြန်မာ နိုင်ငံ၏ ဒီမိုက ရေစီ ပြုပြောင်းလဲ ရေး ကာလ အစပိုင်း ကတည်းက မီဒီယာ၊ လူမှုရေး၊ ပညာ ရေး၊ စီးပွားရေး အပါ၀င် တိုင်း ရင်း သား အရေးများ ပါ၀င်သည့် ကဏ္ဍများတွင် သင်တန်းများ စွာပေးပြီး သင်တန်းသားများ မွေးထုတ်ခဲ့ပါသည်။