သိမ်းဆီးခံ လယ်ယာမြေ လျော်ကြေး ဒေသခံများ မျှတမှုမရရှိ

သိမ်းဆီးခံ လယ်ယာမြေ လျော်ကြေး ဒေသခံများ မျှတမှုမရရှိ
by -
ကို(၂)
ကရင်နီပြည် လွိုင်ကော်မြို့တွင် ကွန်ပျူတာ တက္ကသိုလ်ကျောင်း ဆောက်လုပ်ရန်အတွက် စစ်အစိုးရမှ ပြည်သူလူထုများ ပိုင်ဆိုင်သော လယ်ယာမြေ၊ ခြံဧက ၈ဝဝ ကျော်ကို သိမ်းပိုက်လိုက်ပြီး ၎င်းသိမ်းပိုက်ခံ လယ်ယာမြေအစား လျှော်ကြေးများ ပေးဆောင်ရာ၌ မျှမျှတတ မပေးဆောင် ...

ကရင်နီပြည် လွိုင်ကော်မြို့တွင် ကွန်ပျူတာ တက္ကသိုလ်ကျောင်း ဆောက်လုပ်ရန်အတွက် စစ်အစိုးရမှ ပြည်သူလူထုများ ပိုင်ဆိုင်သော လယ်ယာမြေ၊ ခြံဧက ၈ဝဝ ကျော်ကို သိမ်းပိုက်လိုက်ပြီး ၎င်းသိမ်းပိုက်ခံ လယ်ယာမြေအစား လျှော်ကြေးများ ပေးဆောင်ရာ၌ မျှမျှတတ မပေးဆောင်သည့်အတွက် လယ်ယာမြေပိုင်ရှင် အချင်းချင်း အငြင်းပွားမှုများ ဖြစ်နေကြသည်ဟု ဆိုသည်။

ယခုလက်ရှိ မြေ ၈ဝဝ ဧကကျော်ရှိပြီး တဧက၏တန်ဖိုးမှာ ကျပ်သိန်း ၂ဝတန်သော်လည်း ယခုလက်ရှိ စစ်အစိုးရမှ ပေးသောစျေးမှာမူ သိန်း ၂ဝ အောက်တွင်သာ ရှိသည့်အပြင် ငွေပေးဆောင်ရာ၌ မျက်နှာကြီး၊ မျက်နှာငယ်လိုက် ပေးသည့်အတွက်ကြောင့် ယခုလို လယ်ယာမြေပိုင်ဆိုင်သော သူများအချင်းချင်း အငြင်းပွားနေကြရခြင်း ဖြစ်သည်ဟု ဒေသခံတဦးကပြောပါသည်။

၎င်းက“ မျက်နှာရှိတဲ့လူတွေဆိုရင် ၅ သောင်းအထက် တသိန်းအထိပေါ့ တဧကမှာ ဒါပေမယ့် ဆင်းရဲတဲ့လူတွေကြတော့ ၅ သောင်းပေးတာ ရှိနိုင်တယ်။ ” ဟု ပြောသည်။

ကွန်ပျူတာသက္ကသိုလ်ကျောင်း ဆောက်လုပ်ရန်အတွက် ယခုလို လယ်ယာမြေများသိမ်းပိုက်လိုက်ခြင်းသည် လယ်ယာမြေပိုင်ဆိုင်သော ရွာသားများ၏် ရေရှည်စားဝတ်နေရေး ကိစ္စကိုထိခိုက်နိုင်သည်ဟု ကရင်နီလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ အဖွဲ့ဝင်တဦးကပြောသည်။

၎င်းက“ အစိုးရက လယ်ယာမြေ၊ အိုးအိမ်ခြံသိမ်းပိုက်ခံလိုက်ရပြီးနောက်မှာ အလုပ်မရှိကြတော့ဘူး။ အဲဒီအတွက် နေ့စားအလုပ် တနေ့လုပ်တနေ့စားပေါ့ လုပ်လာကြတော့မှာ၊ တရက်ကို ဗမာငွေ ၂ဝဝဝ ရမယ်၊ အဲဒီ ၂ဝဝဝ က မိသားစုအတွက် လုံလောက်မှုဘယ်ရှိမလဲ” ဟုပြောပါသည်။

ထိုကွန်ပျူတာသက္ကသိုလ်ကျောင်းသည် ပြီးခဲ့သည့်နှစ် ၂ဝဝ၈ ခုနှစ် ၅ လပိုင်းကတည်းက စတင်ဆောက်လုပ်ပြီး ယခုနှစ်အထိ ဆက်လက်ဆောက်လုပ်နေဆဲ ဖြစ်သည်။