တနင်္သာရီတိုင်း ဒေသတွင် အစိုးရမှ အသိမှတ်ပြု ထားသည့် မွန်လူဦးရေ စာရင်းသည် (၄) သောင်း ခန့်ရှိသည်ဟု ရွေး ကောက်ပွဲ ကော်မီရှင်က တင်ပြ ထား သော်လည်း အမှန် တကယ် ကောက်ခံ ရာတွင် မွန်လူဦးရေ ခန့်မှန်း (၆) သောင်းခန့်ရှိ မည်ဟု မွန်လူဦးရေ စာရင်း ကောက်ခံရေး အဖွဲ့မှ မိငွေလေးက ဆိုပါသည်။
“ရေဖြူမြို့နယ် မှာပဲ မွန်လူဦးရေ (၂) သောင်း ကျော်နေပြီ၊ ပြီးတော့ ပလောမြို့နယ်က ကျောက်တောင်း ဘက်မှာ လည်း တနေရာ ထဲမှာ တောင် တသောင်း ကျော် နေတယ်။ နောက်ပြီး မွန်လူဦးရေ များတဲ့ နေရာ မြိတ် မြို့နယ်၊ ဘုတ်ပြင်း မြို့ နယ်၊ ကော့သောင်း မြို့နယ်၊ အဲဒီနေ ရာမှာ ဆို အနဲဆုံး (၃)သောင်းလောက် ရှိမယ်။ အကြမ်းဖျဉ်း သိထား ရပြီးလေ။ ဒါ တောင် ကြိုကြား ရှိတဲ့ ထားဝယ် ခရိုင်က ၊ ထားယ်၊ သရက်ချောင်း၊ လောက်လုံ မြို့နယ်တွေ မပါသေးဘူး။” ဟုဆိုပါ သည်။
ဤသို့ကြောင့် တနင်္သာရီ တိုင်းတွင် ရွေးကောက်ပွဲ ကော်မီရှင်မှ ခန့်မှန်း တင်ပြ ထား သော လူဦးရေ (၄) သောင်းထက် ပိုနေဖွယ် ရှိသည်ဟု မိငွေလေးမှ ဆို ခဲ့ခြင်း ဖြစ်ပါသည်။ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ကမူ ၄င်းတို့ ကောက်ခံ ထားသည့် စရင်း သည် အသေအချာ ကောက်ခံ ထားခြင်း မဟုတ် သဖြင့် ကွာဟမှု ရှိနိုင်ကြောင်း ၀န်ခံထားပြီး ယခုကဲ့သို့ အသေးစိပ် လာရောက် ကောက်ခံပေး ကြသည့် အတွက် အားပေးပါကြောင်း ဆိုပါသည်။
မွန်လူဦးရေ စာရင်းကောက် ယူရေးအဖွဲ့သည် မွန်လူရေ စာရင်းအမှန် ကောက်ယူ နိုင်ရန် အတွက် မွန်ပြည်နယ် ၀န်ကြီး ချုပ်နှင့် တနင်္သာရီ တိုင်းဝန်ကြီး ချုပ် တို့အား တင်ပြသဘော တူညီချက် ရယူပြီး ကောက်ခံ နေခြင်း ဖြစ်ပါသည်။ ကောက်ခံ ရေး အဖွဲ့ကိုလည်း မွန်တက္ကသိုလ် ကျောင်းသူ ကျောင်းသား ဟောင်း များ အဖွဲ့၊ လူမှုအဖွဲ့ အစည်း (Civil Society) များ ဖြစ် သော၊ စေတနာ အဖွဲ့၊ CSDB အဖွဲ့၊ မဂဒူ အဖွဲ့၊ MYBO အဖွဲ့၊ MWO အဖွဲ့ တို့ဖြင့် ဖွဲ့စည်းထား ပါသည်။ ကောက်ခံ ရေး တာဝန်များ ကိုမူ မွန်ပြည်နယ် ဘက်မှ (၆) ဦး နှင့် တနင်္သာ ရီတိုင်း ဘက်မှ (၁၁)ဦး စုစုပေါင်း (၁၇) ဦးဖြင့် ကောက်ခံ နေ ခဲ့ကြ ပါသည်။
ကောက်ခံရေး လုပ်ငန်းကို မူ မွန်လူဦးရေ အများဆုံး ရှိသည့် ရေဖြူမြို့ နယ်တွင် အပိုင်း (၄) ပိုင်းခွဲပြီး ပြီးခဲ့သည့် ဇန်န္နဝါရီ ၂၇ရက် နေ့တွင်အပိုင်း (၄) ပိုင်းခွဲပြီး စတင်ကောက် ခံခဲ့ပါ သည်။ ထားဝယ် မြို့နယ်အား ပြီးခဲ့သည့် ဖေဖေါ်ဝါရီ(၁၀)ရက် နေ့အထိကောက်ခံ ခဲ့ရာ ထို အချိန်ထိ မွန်လူဦးရေ သည်၂ သောင်း (၇) ထောင် ခန့် ရရှိနေပြီး ဖြစ်ပါသည်။ တနင်္သာ ရီ တိုင်းတွင် ထားဝယ် ခရိုင် နှင့် မြိတ်ခရိုင် ဟူ၍ နှစ်ခရိုင် ရှိရာ ထားဝယ် ခရိုင် အတွင်း ၌ပင် မွန်လူဦးရေမှာ (၃)သောင်း ကျော်ဖွယ်ရာ ရှိနေပါသည်။
အထူးသဖြင့် မြင်တွေ့နေ ရသည်မှာ ရေဖြူ မြို့နယ်ရှိ မွန်လူမျိုး ၏ (၃)ပုံ (၂) ပုံသည် မှတ်ပုံတင်ရှိပြီး ကျန်တစ်ပုံ ၌ မှတ်ပုံ တင်မရှိ ပေ။
တချို့နေရာ တွင် အိမ် သာရှိပြီး အိမ်ထောင် စုစာရင်း မရှိပေ။ ထို့အပြင် မွန်နှင့် သွေးနှော သူများ ကို ဗမာ လူ မျိုး ဖြစ်သွား ခဲ့ကြသည်။ တချို့ ဗမာစကား မတတ်ကြ သည့် မွန်လူမျိုးများ အား မွန်၊ဗမာ ဟု ရေး ထားသည်ဟု မွန်လူ ဦးရေ စာရင်း ကောက်ခံသူ မိရင်လွန် မှဆိုပါသည်။
“ လက်တွေ့ အခက်အခဲ ကတော့ ကျမတို့က အိမ်ထောင်စု စာရင်းမရှိ သူနဲ့ မှတ်ပုံတင် မရှိသူတွေ ကို သူတို့ပြောတဲ့ လူမျိုးကိုသာ ရေးပေးတယ်။ တချို့ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့ နေရာ ဝေးတဲ့ နေရာ၊ မွန်နည်းတဲ့ ရွာ တွေဆိုရင် လည်း ကျမတို့ မသွား နိုင်တာ လည်းရှိတယ်။ ပြီးတော့ ပညာမတတ်တဲ့ သူတွေက များတော့ သူတို့က ကြောက်ကြတယ် ဒါကြောင့် မွန်အိမ် ဟုတ်မဟုတ် စစ်ရသေးတယ်။ မဟုတ်ရင် ကျမတို့ မဝင်ဘူးပေါ့” ဟုဆိုပါသည်။
မွန်လူဦးရေ ကောက် ခံရေး အဖွဲ့၏ အဓိက ရည်ရွယ်ချက် မှာ ယခု ကောက်ခံ ရရှိထားသည့် စာရင်းသည် အစိုးရ လူဝင်မှု ကြီး ကြပ်ရေး ဌာနမှ ကောက်ခံရန် ရှိ သည့် ၂၀၁၄ ခုနှစ် မတ်လ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံ ရေး အဖွဲ့၏ ရရှိသည့် စားရင်း နှင့် ကိုက်ညီမှု ရှိမရှိ သိရှိနိုင် ရန်နှင့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တိုင်းတ တိုင်း/ ပြည်နယ် တနယ်တွင် လူဦးရေ အားလုံး၏ ( ၀.၁) ရာခိုင်နှုန်းပြည့် ပါက လူမျိုး ကိုယ်စားပြု လွှတ်တော်အမတ် တစ်ဦး ရရှိရန် ရည် ရွယ်ချက်ဖြင့် ကောက်ခံ နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ယခုကောက်ခံ ရရှိထားသော စရင်းများ ကိုလည်း မှတ်ပုံတင် နှင့် အိမ်ထောင်စု စာရင်းများ နှင့်တကွ မိတ္ထူကူးပြီး အစိုးရ ထံသို့ တင်ပြထားပြီး ဖြစ်သလို ကျန်စာရင်းများ ကိုလည်း ဆက်လက် တင်ပြသွား မည်ဖြစ်သည်ဟု မိငွေလေး ကဆိုပါ သည်။