သိမ်းပိုက်ထားသော KIA စခန်းမှ အစိုးရတပ်ဆုတ်ခွာ

သိမ်းပိုက်ထားသော KIA စခန်းမှ အစိုးရတပ်ဆုတ်ခွာ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ (၃) တပ်ရင်း ၁ ဒေသ ဒဂေါရွာရှိ ဒဂေါမဒါ (Dagaw Mada) KIA စခန်းအား သိမ်းပိုက်ထားသော အစိုးရတပ်ဖွဲ့သည် ပြီးခဲ့သည့်ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားကြောင်း KIA က ပြောသည်။

“အစိုးရတပ်က ကျနော်တို့ စခန်းတွေအားလုံးကို မီးရှှို့ပြီး ဆုတ်သွားကြတာ ဘာဖြစ်လို့ အခုလိုဆုတ်သွား တာတော့ မသိရဘူး အထက်ကအမိန့်နဲ့ထင်တာပဲ” ဟု KIA တပ်ရင်း ၁ တပ်ရင်းမှူး ဗိုလ်မှူးဖေါ်ဂျန်ယော်ထုံ (Major Hpaujang Yaw Htung) KNG ကချင်သတင်းဌာနသို့ ပြောသည်။

ယင်းအစိုးရတပ်ဖွဲ့သည် ငဦးအခြေစိုက် အစိုးရစစ်ကြောင်း ခြေလျင်တပ်ရင်း ၁၂၁ စစ်အင်အား ၅၀ ကျော်ဖြစ်ပြီး ခဝမ်ဘန် (Hka Wan Bang) ဘက်သို့ ဆုတ်ခွာသွားကြောင်းသိရှိရသည်။

ထို့အတူ ဒဂေါရွာအနီး နမ်ဆိုင်းရွာအောက်တွင် နေရာယူထားသော စစ်အင်အား ၆၀ ခန့်ရှိ အခြားစစ်ကြောင်း သည်လည်း တနင်္ဂနွေ ညနေတွင် မိုးမောက်ဘက်သို့ ဆုတ်ခွာလိုက်ကြောင်းသိရသည်။

ထိုအစိုးရတပ်များဆုတ်ထားသောတပ်စခန်းတွင် ဖေဖဝါရီလ ၁၇ ရက်နေ့က KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ တပ်မဟာ (၃) တပ်ရင်း ၁ မှ ပြန်လည်နေရာယူထားပြီဖြစ်ကြောင်း လည်းသိရသည်။

ဒဂေါမဒါ စခန်းတွင် KIA စစ်သား ၆ ဦး သာရှိနေစဉ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် အစိုးရတပ်မှစစ်အင်အားများ စွာဖြင့် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ချိန် KIA မှ တစ်ဦး ကျဆုံးခဲ့သော စခန်းလည်းဖြစ်သည်။

KIA မှ ကျဆုံးသွားသော ဦးမခါမာယုန် (Slg. Mahka Ma Yung) ရုပ်အလောင်းကို စခန်းရှိ ကတုတ်ကျင်းတွင် မြှပ်ထားပြီး ဖေဖေါ်ရီ ၁၈ ရက်နေ့တွင် နေရာရွှေ့ပြောင်းဆုတောင်းသဂြုႋလ်မည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ဗန်းမော်ခရိုင် KIA တပ်မဟာ (၃) ဒေသတွင် အစိုးရတပ်များစစ်ဆင်တိုက်ခိုက်ခြင်း ခေတ္တရပ်နေ သော်လည်း တပ်အလဲအလှည်ဖြင့် လှုပ်ရှားနေဆဲဖြစ်ကြောင်း ရှေ့တန်းမှ KIA စစ်ဗိုလ်များ ပြောသည်။

Most read this week