ထန်တလန်မြို ့နယ် ကျေးလက်ဒေသဖွံ ့ဖြိုးရေး ဘတ်ဂျက်ငွေ ထုတ်ပြီ

ထန်တလန်မြို ့နယ် ကျေးလက်ဒေသဖွံ ့ဖြိုးရေး ဘတ်ဂျက်ငွေ ထုတ်ပြီ
by -
ခိုနုမ်းထုန်

နိုင်ငံတော်အစိုးရက ၂၀၁၂- ၂၀၁၃  ဘဏ္ဍာငွေဖြင့် ကျေးလက်ဒေသ ဖွံ ့ဖြိုးရေး လုပ်ငန်း အတွက် မြို့နယ် တခုစီတွင် ကျပ်ငွေ သိန်းပေါင်း ၁၀၀၀ ချမှတ်ပေး သည့် ငွေကို ထန်တလန်မြို ့ နယ် ကျေးရွာအသီးသီးက ထုတ်ယူနေပြီဟု သိရသည်။

ပြည်ထောင်စုအစိုးရက လွှဲပေးသော ယင်းငွေကို ၂၀၁၄ ဇန်နဝါရီလ (၃၁) ရက်နေ ့၌ ထန်တလန်မြို ့ မှလက်ခံပြီး နေ ့ချင်း ထုတ်ယူခဲ့ကြောင်း၊ ဘဏ်ငွေ လွှဲခအတွက် ကျပ်ငွေ ၁၅၀၂၅၀ ကုန်ကျကြောင်းနှင့် ယင်းငွေများကို သက်ဆိုင် ရာ ကျေးရွာ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းများအတွက် ထုတ်ယူ နေပြီ ဖြစ်ကြောင်း မြို ့နယ် လွှတ်တော် ကူညီရေးကော်မီတီ ည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် Lal Maung Cung က အင်တာနက်မှ တဆင့် ပေးပို ့သည့် စာတွင်ဖေါ်ပြ ထားသည်။

ယခုအခါ ကျေးရွာ (၁၀) ရွာ၏ တာဝန်ရှိသူများကိုသာ ထုတ်ပေးရန် ကျန်တော့ကြောင်း၊ ယင်းကျေးရွာ မှလည်း အမြန်ဆုံး ထုတ်ယူကြရန် ယင်းစာမှတဆင့် တိုက်တွန်းထားသည်။

ယင်းဘတ်ဂျက်ငွေဖြင့် ကျေးလက်ဒေသ ရေသန် ့သွယ်ယူရေး၊ လမ်းဖောက် လုပ်ရေး၊ ပြုပြင်ရေးနှင့် ဒေသအတွင်း မီးရရှိရေးတို ့အတွက် အသုံးပြုရန် ပြည်ထောင်စု အစိုးရ က ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ကွက်၊ ကျေးရွာအသီးသီးမှ မိမိတို ့တင်ပြထားသည့်အတိုင်း လုပ်ငန်းအကောင်အ ထည်ဖေါ် ဆောင် ရွက်ရာ တွင် လွှတ်တော်ထောက်ပံ့ငွေဖြင့် ယင်းလုပ်ငန်းကို အကောင်အ ထည်ဖေါ်ခြင်းဖြစ်ကြောင်း ဖေါ်ပြသည့် သင်္ကေတ တခုခု ပြုလုပ်ရ မည်ဖြစ်ကြောင်း ယင်းစာ တွင် ဖေါ်ပြထားသည်။

ယင်းထောက်ပံ့ငွေဖြင့် ပြုလုပ်သည့် သက်ဆိုင်ရာဖွံ ့ဖြိုးရေးလုပ်ငန်းအသီးသီး၏ လူထုအပေါ် အကျိုး သက်ရောက် မှုရှိခြင်းမရှိခြင်းကိုလည်း သက်ဆိုင်ရာ မီဒီယာများမှ တဆင့် စောင့်ကြည့်ပေး ပါရန် လွှတ်တော်ကိုယ်စားလှယ်တော် ပေးပို့သည့် အဆိုပါစာတွင် တပါတည်း နှိုးဆော်ထားသည်။

အဆိုပါ ဘတ်ဂျက်ငွေဖြင့် ပြုလုပ်သော ဖွံ ့ဖြိုးရေးလုပ်ငန်းများကို ၂၀၁၄ခုနှစ် မတ်လ (၃၁) ရက်နေ ့ တွင် အပြီး ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းလုပ်ငန်း၏ အစီရင်ခံစာတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည့် ဓါတ်ပုံများနှင့်အတူ သက်ဆိုင်ရာ သို ့ အစီရင်ခံရန် တောင်းဆိုထားသည်။

ဘတ်ဂျက်ငွေကို ထန်တမြို ့ပေါ် အမှတ် (၁)(၂)နှင့် (၃) နယ်မြေများအတွက် ကျပ်ငွေ (၁၅) သိန်းစီ အပြင် မြို ့တွင်း လမ်းပြုပြင်ရေးအတွက် ကျပ်သိန်း (၂၀) စုစုပေါင်း ကျပ် (၆၅)သိန်းနှင့် ထန်တလန်မြို ့နယ် အတွင်းရှိ ကျေးရွာ များကို သက်ဆိုင်ရာကျေးရွာများ၏ တောင်း ဆိုချက်အရ ဆက်လက်ထုတ်ပေးရန်ရှိပြီး မြို ့ပေါ်အပါအဝင် တစ်မြို ့နယ်လုံး အတွက် ကျပ်ငွေ သိန်းပေါင်း (၉၇၇) တိတိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။