ဆန်မွန်းရာ (မြစ်ကြီးနား ဂျာနယ်) -လူမျိုး(လူမျိုးသင်္ကေတကို ကြည့်၍ဖြည့်သွင်းပါ) မေးခွန်းကိုချန်လှပ်ပေးရန် နိုင်ငံတော်သမ္မတသို့ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် စာပေးပို့ခဲ့သည်။
မေးခွန်းပုံစံ(၈)အရ လူမျိုး၊ သင်္ကေတ သတ်မှတ်ချက်များတွင် ရှင်းလင်းပြည့်စုံမှု၊ မှန်ကန်မှု မရှိခြင်းကြောင့် ကချင်မျိုးနွယ်စုများအတွင်း မိမိတို့၏မျိုးနွယ်စုအမည်များနှင့် ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှု လက္ခဏာများ၊ အခွင့်အရေးများ၊ ပျောက်ကွယ်ဆုံးရှုံးသွားမည်ကို စိုးရိမ်ပူပန်မှုများရှိနေကြောင်း ကချင်တိုင်းရင်းသားများက ပြောသည်။
အဆိုပါစာတွင် ကချင်လူထုအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လူမှုစီးပွားရေး ဖွ့ံဖြိုးတိုးတတ်ရေး အတွက် လိုအပ်သော အချက်အလက်ရရှိရန် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စားရင်းကောက် ယူမှုအစီအစဉ်သည် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သည်ကို သိရှိနားလည် ကြောင်း ထည့်သွင်းရေးသား ထားသည်။
သို့သော်လည်း ကချင်လူထုအနေဖြင့် ၂၀၁၄ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အိမ်ထောင်စု မေးခွန်းပုံစံတွင် ပါရှိသော လူမျိုး၊ သင်္ကေတ(Code Number) သတ်မှတ်ချက်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လူမျိုး၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီး အတည်ပြုဆောင်ရွက်ထားခြင်း မရှိသည့်အတွက် လူထုအတွင်း ရှုပ်ထွေးမှုနှင့် အငြင်းပွားမှုများဖြစ်နေကြောင်း လူထုအဖွဲ့အစည်းများက ထောက်ပြ ပြောဆိုထားသည်။
သမ္မထံတင်ပြထားသည့် စာတွင်လူမှု ခြေပြုအဖွဲ့အစည်းများ၏ တောင်းဆိုမှုများမှာ ယနေ့ခေတ်ကာလ တွင် ကချင်တိုင်းရင်းသားများမှ သိမှတ်၊ နားလည်၊ သတ်မှတ်ထားသော ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၊
အရေအတွက်များဖြင့် အချိန်မှီအစားထိုး ပြင်ဆင်ပေးရန်၊ သန်းခေါင်စာရင်းကောက်ယူမည့် အချိန်ကို ေ့ရွဆိုင်းပေးရန်နှင့် ထိုအချက်(၂)ချက်ကို အကောင်အထည်ဖော်ခြင်းမရှိပါက မေးခွန်းပုံစံဇယားအမှတ်(၈) ကို ချန်လှပ်ပေးရန် တောင်းဆိုထားကြောင်း လူမှုအခြေပြုအဖွဲ့အစည်းများက ပြောသည်။
မိတ္တူကို ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ ကချင်ပြည်နယ်အစိုး ရအဖွဲ့၊ ပြည်နယ်လွတ်တော် ကချင်ပြည်နယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းမှ ဌာနေကိုယ်စား လှယ်၊ UNFPA၊ သန်းခေါင်စာရင်းသက်ဆိုင်ရာ အလှူရှင်အဖွဲ့အစည်းများနှင့် ၈၈ငြိမ်းချမ်းပွင့်လင်းအဖွဲ့ အစည်းများထံ တွဲပို့ပေးခဲ့သည်။