မိုင်ဒေါသ်သဲ (Chin World ဂျာနယ်) - ရခိုင်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်ခွဲ တို့တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင့် သန်းခေါင်စာရင်းကောက်ယူချိန်တွင် ရခိုင်ပြည်နယ်မှ တာဝန်ယူ ကောက်ခံ သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာနမှ သိရသည်။
“ပလက်ဝနဲ့ ဆမီးကို ပြည်နယ်ကနေ လက်လှမ်းမမီတဲ့အတွက် ရခိုင်ပြည်နယ်ကနေ အဓိကတာဝန်ယူ ဆောင်ရွက်သွားမယ်။ လူဦးရေစာရင်း၊ ဇယားကိုတော့ ချင်းပြည်နယ်ရုံးက တာဝန်ယူမယ်” ဟု အဆိုပါ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။
ချင်းပြည်နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၇၀ ရှိသည်အနက် ၃၇၄ ကို တာဝန်ယူကောက်ခံသွားမည်ဖြစ်သည်။
လက်ရှိ ချင်းပြည်နယ်ရှိကျေးရွာအုပ်စုပေါင်း ၂၇၅ တို့တွင် ပညာပေးပောာပြောပွဲ ပြုလုပ်ပြီးစီးပြီဖြစ်ကာ ကျေးရွာအုပ်စု ၉၉ ကျန်နေသေးကြောင်း သိရသည်။ မတ်လ ၃၁ ရက်နေ့ ကောက်ခံမည့် ချင်းပြည်နယ် သန်ခေါင်စာရင်းကို ဝန်ထမ်းပေါင်း ၉၉၈ နှင့် စာရင်းစစ် ၄၅၈ ဦးဖြင့် အင်းအားအသုံးပြုသွားမည်ပာု အဆိုပါရုံးဝန်ထမ်းက ပြောသည်။