သန်းခေါင်စာရင်းတွင် လူမျိုးအမည်စာရင်းထည့်သွင်းမှု ရခိုင်တိုင်းရင်းသားများစိုးရိမ်မူရှိနေ

သန်းခေါင်စာရင်းတွင် လူမျိုးအမည်စာရင်းထည့်သွင်းမှု ရခိုင်တိုင်းရင်းသားများစိုးရိမ်မူရှိနေ
by -
၀တီမိုး

၀တီမိုး(ရခိုင်ပြည်) - ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၁၂ရက်ကြာ ကောက်ယူသွားမည်ဖြစ်ရာ   သန်းခေါင်းစာရင်းတွင် လူမျိုးအမည်စာရင်းထည့်သွင်းခြင်းနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားဒေသခံတစ်ချို့ စိုးရိမ်မူများရှိနေကြသည်။

“(UNFPA)က သန်းခေါင်စာရင်းကောက်ယူမူမှာ အသက်၁၅နှစ်အောက်ဆိုရင် မိဘပြောစကားကို ထည့်ရမယ်ဆိုတော့ ကျွန်တော်တို့ ရင်လေးစရာတစ်ခုပါ။ တိုင်းရင်းသားတွေထဲက နာမည်တစ်မျိုးမျိုးကို အမည်ခံပြီး  တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ဖို့ ကြိုးစားနေကြတဲ့သူတွေရှိနေတယ်။

သန်းခေါင်စာရင်းကောက်ယူသွားတဲ့အတွက် ဒီသန်းခေါင်စရင်းဟာ သူတို့အတွက် အထောက်အထား ဖြစ်သွားမှာကို တိုင်းရင်းသားတွေ စိုးရိမ်နေကြတယ်” ဟု ၀ံလက်ဖောင်ဒေးရှင်းမှ ဦးခိုင်ကောင်းဇံက ဆိုသည်။

သံတွဲမြို့နယ် ရခိုင်လူမှုကွန်ရက်မှ ကိုစိန်ချစ်က “သံတွဲမြို့နယ်အတွင်းမှာ သန်းခေါင်းစာရင်းကောက်ဖို့ ဆရာ/ဆရာမတွေဟာ ဘင်္ဂါလီသွေးနှောနေတဲ့ လူတွေအများဆုံးပါ၀င်နေတယ်။ ဘင်္ဂါလီတွေက သူတို့ကို သူတို့ ရခိုင်လူမျိုးလို့ အမည်ခံလိုက်တဲ့အပေါ်မှာ သန်းကောင်စာရင်းကောက်တဲ့လူတွေက ဘက်လိုက်ပြီး ရခိုင်လူမျိုးအဖြစ် သန်းကောင်းစာရင်းမှာ ထည့်သွင်ပေးသွာမှာကို စိုးရိမ်တယ် ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ် ရခိုင်လူမှုကွန်ရက် ဦးထွန်းလွင်ကလည်း ၁၉၈၂ ဥပဒေအရ စစ်ဆေးခြင်းမရှိသေးသည့် တရားမဝင် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုးအား သန်းခေါင်စာရင်းကောက်သွားမည်ဆိုပါက တရားဝင်နေထိုင်သည့် လူမျိုးတစ်မျိုးဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဆိုသည်။  

“သန်းခေါင်စရင်းကောက်တဲ့ခါ ဥပမာ-ဘင်္ဂါလီတွေက လူမျိုးကို ရိုဟင်ဂျာလို့ခံရင်လည်း သန်းခေါင်စာရင်းထဲမှာ ရိုဟင်ဂျာလို့ ထည့်သွင်းရမယ့် အနေထားရှိတယ်။ ရိုဟင်ဂျာခံယူတဲ့ သူတွေကို other နေရာမှာ မထည့်ဘဲ အစိုးရက ရိုဟင်ဂျာလို့ တိုင်းရင်းသားမျိုနွယ်စုတစ်ခုအဖြစ် သတ်မှတ်ပေးသွာမှာကို ကျွန်တော်တို့ စိုးရိမ်နေပါတယ်” ဟု ဘူးသီးတောင်မြို့မှ ကိုအောင်ထွန်းလင်းက ပြောသည်။