ဖွဲ့စည်းပုံပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် တွေ့ဆုံလို ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းထားမှုကို မိမိအနေဖြင့် လက်ခံသော်လည်း သမ္မတ နှင့် ကာကွယ်ရေးဦးစီးချုပ်တို့မှမူ ၎င်းတို့၏ သုံးသပ်ချက်အရသာ ဆောင်ရွက်မည်ဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဇန်နဝါရီ ၂၃ ရက်တွင် မီဒီယာများကို ပြောသည်။
“ထပ်ပြီးကြိုးစား တောင်းခံမယ်ဆိုရင် မိမိဘက်က လက်ခံမှာဖြစ်ပါတယ်။ သို့ရာတွင် ကျန်တဲ့ပုဂ်္ဂိုလ်များ ပါ၀င်ဖို့ ကိစ္စနဲ့ပတ်သက်လို့ သူတို့တွေလည်း လူကြီးများဖြစ်တဲ့အတွက် သူတို့ရဲ့ သုံးသပ်ဆောင်ရွက်ချက်နဲ့ ဆက်လက်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်” ဟု နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမဆောင် တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက ပြောခြင်းဖြစ်သည်။
ယင်းသို့ တွေ့ဆုံနိုင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် စတင်ကြိုး ပမ်းခဲ့ခြင်း ဖြစ်သည်။
ယင်းကို သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ပေ ါ်မူတည်ပြီးမှသာ စဉ်းစားမည်ဟု သမ္မတ၏ ပြောခွင့်ရပုဂိ်္ဂုလ် ဦးရဲထွဋ်က မဇိ်္စျမကို ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် တွင် ပြောခဲ့သည်။
ယင်းကြောင့် ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီ၏ ဇန်နဝါရီလကုန် အစီရင်ခံစာ ထွက်ရှိအပြီး လေး ပွင့်ဆိုင်တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံကြိုးစားလာလျှင် လွှတ်တော်နာယက၏ သဘော ထားမည်သို့ရှိသည်နှင့် ကူညီဆောင်ရွက်ပေးရန် ရှိ၊ မရှိ သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။