အစိုးရက မြန်မာနိုင်ငံအတွင်း ချင်းလူမျိုး ၅၃ မျိုးရှိသည်ဟု ဖော်ပြထားရာမှာ ချင်းပြည်နယ်တောင် ပိုင်းတွင် နေထိုင်ကြသော ရင်ဒူးဒါး(ရ်) မျိုးနွယ်စုများက ဒိုင် (ရင်ဒူး)ဟု ဖေါ်ပြသည့် အပေါ် မကျေ မနပ်ဖြစ် နေကြောင်း သိရသည်။
၂၀၁၄ ဇန်နဝါရီလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပင်လောင်း အုပ်စု ပင်လောင်း ကျေးရွာတွင် ကျင်းပပြု လုပ်သော (၈)ကြိမ် မြောက် ရင်ဒူးဒါး(ရ်)စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မီတီ သင်းလုံးကျွတ်အစည်း အဝေးကြီး၏ ဆုံးဖြတ်ချက်အရ ၂၀၁၄ခုနှစ် တွင် ပြုလုပ်သွားမည့် မြန်မာနိုင်ငံ လူဦးရေ သန်းခေါင် စာရင်းကောက် ယူရာတွင် နိုင်ငံတော် အစိုးရမှ လူမျိုးနွယ်စုတစ်ခု အဖြစ် ပြန်လည် သတ်မှတ်ပေးသွားရန်အတွက် နိုင်ငံတော် သမ္မတ ကြီးနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ရုံးချုပ် သို့ပေးပို့ သွားမည်ဖြစ်ကြောင်း မလေးရှား ရောက် Yinduu Daa Social Organization (YDSO) ဥက္ကဌ Kauktu Naing Mana က အင်တာနက်မှတဆင့် ခိုနုမ်းသုန် သတင်းဌာန ကိုပြောကြား ခဲ့သည်။
ယင်းကဲ့သို ့ အစိုးရက မှားယွင်းစွာဖေါ်ပြသည်မှာ ဒိုင်မနားရှင်း(ငချင်းပျံ) ဆိုသူက “ဒိုင်ဓလေ့” စာအုပ် ထုတ်ဝေခဲ့ရာ ဒိုင်နှင့် ရင်ဒူးဒါး(ရ်)မှာ အတူတူဖြစ်ကြောင်း ဖေါ်ပြ ခဲ့သောကြောင့် ဖြစ်နိုင်ကြောင်း၊ မနားရှင်းမှ ယင်းသို ့ဖေါ်ပြသည့်အပေါ် ရင်ဒူးဒါး(ရ်) စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မီတီမှ မနားရှင်းအား ကန်ပက်လက်မြို့ တွင် တွေ့ဆုံမေးမြန်းကြကြောင်း သိရသည်။
ထိုသို ့တွေ ့ဆုံရာတွင် မိမိတို့ဒိုင်မျိုးနွယ်စုဘက်မှ မမှန်ကန် သောအကြောင်းအရာနှင့် အချက် အလက် များဖော်ပြခဲ့ကြောင်း ၀န်ခံသည့်အနေဖြင့် စာရေးသူ အပါအဝင် ဒိုင်မျိုးနွယ်စု လူကြီးမင်း များ နှင့်အတူ ၃၀/၁၁/၂၀၁၃ နိုဝင်ဘာလ ၃၀ ရက်နေ ့ မြို့မ(၂)ရပ်ကွက်ရှိ ရင်ဒူးဒါး(ရ်)မျိုးနွယ်စု များ၏ ဘုရားရှိခိုးကျောင်း ဖြစ်သော မြန်မာပြည်ဧဝံဂေလိဟောလီနက်(စ်) ဘုရား ကျောင်း (Myanmar Evangelical Holiness Church)၊ ကန်ပက်လက်မြို့၌ ကျင်းပသော အစည်းအဝေး တွင် ထုတ်ပြန် တောင်းပန်ခဲ့ကြောင်း Mana ကပြောသည်။
အချက် (၇)ချက်ပါ ထုတ်ပြန်ချက်အရ ဒိုင်နှင့် ရင်ဒူး မျိုးနွယ်စု တခုမဟုတ်ကြောင်း၊ ဒိုင်မြေပုံတွင် ရင်ဒူး နယ်မြေများပါ၀င်ကြောင်း ထုတ်ပြန်ပြီး ဒိုင် ဓလေ့စာအုပ်တွင် ရင်ဒူးဒါး(ရ်) ဓလေ့ထုံးစံများ ထည့်သွင်းရေးသား ထားခြင်းမှာ မှားယွင်းကြောင်း ဖေါ်ပြထားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ရင်ဒူးဒါး(ရ်) စာပေနှင့်ယဉ်ကျေးမှုကော်မီတီက နောက်နောင်တွင် ရင်ဒူးဒါး(ရ်) မျိုးနွယ်စု နှင့်ပါတ်သက်သည့် အကြောင်းအရာ ရေးသားရာတွင် ၂၀၁၃ ခုနှစ်ထုတ် မနားရှင်း (ငချင်းပျံ) ရေးသားထုတ်ဝေသော “ဒိုင်ဓလေ့” စာအုပ်ကို ကိုးကားခြင်းမပြုလုပ် ကြရန် သဘောထားထုတ်ပြန်ခဲ့သည်။
ထို ့နောက် ၄င်းစာအုပ်တွင်ဖေါ်ပြသည့် မြေပုံတွင်လည်း ရင်ဒူးဒါး(ရ်) နေထိုင်သည့် နယ်မြေ၊ ကျေး ရွာ များပါ၀င်သဖြင့် မမှန်ကန်ကြောင်းလည်း ဖော်ပြထားသည်။
ရင်ဒူးဒါး(ရ်)ချင်းမျိုးနွယ်စု(Yinduu Daa Chin Ethnic people) များသည် ကိုယ့်လူမျိုး၊ ကိုယ် ့ ဘာသာ၊ ကိုယ့်ရိုးရာ ထုံစံ စဉ်လာများကို ထိမ်းသိမ်းရင်း ကိုယ့်မြေ ပေါ်တွင် ရိုးသားစွာနေထိုင် လာသော မျိုးနွယ်စု များဖြစ်ကြောင်း၊ယင်းကဲ့သို့ အစိုးရမှ ဒိုင်(ရင်ဒူး)ဟူ၍ ဖော်ပြလိမ့်မည်ဟု၍ လည်း မထင်ကြောင်း၊ ဤကဲ့သို့ရေးသားဖော်ပြရခြင်းသည် ဒိုင်မျိုး နွယ်စုတို့၏ တဖက်မျိုးနွယ်စု၏ အားနည်းချက် အပေါ် အခွင့်ကောင်းယူကာ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း Mana ကဆိုသည်။
၂၀၁၃ခုနှစ် နိုဝင်ဘာလ ဟားခါးမြို ့၌ ကျင်းပသော ချင်းအမျိုးသားညီလာခံက ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင် စာရင်းကောက်ယူရာ၌ လူမျိုးနေရာတွင် “ချင်း” ဟုသာထည့်သွင်းရန် သဘောတူထားသည့် အပေါ် သဘောမတူကြောင်း၊ မိမိတို ့ မျိုးနွယ်စုမှ Chin, Yinduu Daa စသဖြင့်သာ ဖြည့်စွက်စေလိုကြောင်း Mana ကဆိုသည်။
ရင်ဒူးဒါး(ရ်)ချင်းမျိုးနွယ်စုများသည် ချင်းပြည်တောင်ပိုင်း ကန်ပက်လက်မြို ့နယ်တွင်နေထိုင်သော လူမျိုးနွယ်စုများ ဖြစ်သည်။ ကန်ပက်လက်မြို့နယ်တွင် ရင်ဒူးဒါး(ရ်) မျိုးနွယ်စု(Yinduu Daa )အပါအဝင် အူပူးမျိုး နွယ်စု(Upu or Chinpon )၊ ငရာ့မျိုးနွယ်စု (Ng’yah )နှင့် ဒိုင်မျိုးနွယ်စု(Dai or Daaktu )တို့နေထိုင်ကြသည်။