ဘုရားသုံးဆူလမ်း အကောက်ဂိတ်များကို လျှော့ချပေးရန်တောင်းဆို

ဘုရားသုံးဆူလမ်း အကောက်ဂိတ်များကို လျှော့ချပေးရန်တောင်းဆို
by -
ရွှေဟင်္သာ

ကရင်ပြည် နယ်ကြာ အင်းဆိပ်ကြီးမြို့ နယ်၊ ဘုရားသုံးဆူမြို့ နယ်ခွဲနှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့သို့ ပြေးဆွဲနေ သော မော်တော်ယာဉ်လိုင်းပေါင်းစုံအဖွဲ့သည် ၄င်းတို့ လမ်းကြောင်းရှိ အကောက်ဂိတ်များ လျှော့ချပေး ရန်မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ စုပေါင်းတောင်းဆိုခဲ့ကြကြောင်း ယာဉ်မောင်းတဦးက ဆိုပါသည်။

“ သုံးဆူကနေ သံဖြူဇရပ် အထိကို အကောက် ဂိတ် (၁၇) ခုရှိတယ်။ မွန်ပြည် သစ်က (၄)ဂိတ် ၊ဒီကေဘီ အေက နှစ်ဂိတ်၊ ကေအန်ယူ ကနှစ်ဂိတ်နဲ ့အစိုးရ ၀န်ထမ်း ဖက်က (၉) ဂိတ် ရှိတယ်။ လူတယောက်ကို ပျှမ်းမျှ တသောင်းကျပ်လောက်  ပေးနေရတယ် ဆိုတော့ ဘယ်ကျန်တော့ မှာလဲ” ဟုဆိုပါသည်။

ထိုင်းနိုင်ငံဖက်ခြမ်းမှ မြင်ရသော ဘုရားသုံးဆူ အဝင်မုဒ်ဝ ထိုင်းနိုင်ငံဖက်ခြမ်းမှ မြင်ရသော ဘုရားသုံးဆူ အဝင်မုဒ်ဝ

အထူးသဖြင့် စစ်တပ်ဂိတ်၊ စရဖဂိတ် ၊ရဲဂိတ်၊ မြို့နယ် ဂိတ်စသဖြင့် နာမည် အမျိုးမျိုး ပေးပြီး ကောက်ခံနေ ကြပါသည်။ ဂိတ်ကြေး များကို လည်း နှစ် စဉ် ကြေး ပေးသွင်းခြင်း နှင့် အခေါက် ကြေး စနစ်များဖြင့် ပေးဆောင်နိုင် ပါသည်။  သံဖြူ ဇရပ်မြို့ အဝင်စရဖဂိတ်တွင် ခေါက်ကြေး အဖြစ်အသွား အပြန်နှစ်ထောင် ကျပ်ပေးရပြီး၊ နှစ်စဉ်ကြေး ပေးလိုပါက ကားတစီး ကို တနှစ်လျှင် ငါးသောင်းကျပ် ပေးဆောင် ရပါသည်။

သုံးဆူ-သံဖြူဇရပ်ခရီးစဉ်တွင် လူတဦး၏ သာမာန် ခရီးစရိတ်သည် နှစ်သောင်းကျပ်ဖြစ်ပြီး ကားခေါင်းစီးသူမှာ နှစ်သောင်းခွဲ ပေးရပါသည်။ လူတဦးကို ဂိတ်ကြေး သက်သက်ကျပ်တစ်သောင်းတစ်ထောင်မျှ ကုန်ကျနေ သဖြင့်ကား သမားအဖို့ ဆီစရိတ် နှုတ်လိုက်လျှင်ထောင်ဂဏန်းမျှသာကျန်တော့သည်ဟု ဆိုပါသည်။

ဤသို့ကြောင့် ဂိတ်များ လျှော့ချပေးရန် လိုင်းပေါင်းစုံ ယာဉ်မောင်းများက စုပေါင်း တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါသည်။ ဘုရားသုံးဆူ-သံဖြူဇရပ် ယာဉ်လိုင်း၌ ယာဉ်အစီးရေ (၅၀)ခန့်ရှိပြီး ဂိတ်ကြေးဒဏ်ကို နှစ်ပေါင်း များစွာ ခံခဲ့ကြရပါသည်။

အလားတူ ဂိတ်မှူးရွေးချယ် ရာတွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးများခန့်ထားသူသာ ဖြစ်ခွင့်ရှိပါသည်။ ယာဉ်မောင်းများကမူ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသင့်ကြောင်း တောင်းဆိုကြပါသည်။ ဂိတ်မှူးများသည် အများအား ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးဖက်မှ ဘက်လိုက်လေ့ရှိပြီး ယာဉ်လိုင်းအတွင်း ဖြစ်ပေါ်နေသော ပြသနာများကို တရားမျှတစွာ ဖြေရှင်းပေးခြင်း မရှိပေ။

ယာဉ်မောင်းများသည် ၄င်းတို့ ၏ တောင်းဆိုချက် များကို မြို့နယ် အုပ်ချုပ်ရေးမှူးအပါ၀င် ကြံ့ခိုင်ရေး ပါတီသို့ လည်း တင်ပြထား သော်လည်း အကြောင်း ပြန် ကြား ခြင်း မရှိသေးပေ။ သို့သော် ဤကိစ္စ မျိုး သည် စစ်ဖက် အပါ၀င် အရပ်ဖက်နှင့် ငြိမ်းချမ်း ရေး အဖွဲ့များ ပါ ပါ၀င် ဆွေးနွေး ရမည် ဖြစ်သဖြင့် အချိန်ယူရဦးမည်ဟု မြို့နယ်မှူးထံမှ သိရပါ သည်။

ဤပြသနာသည် နှစ်စဉ် ဖြေရှင်းနေရသော ပြသနာဖြစ်ပါသည်။ အထူးသဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ အမိန့်အပေါ်မူတည်နေသည်ဟု ဆိုကြပါသည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကသာ ဂိတ်များလျှော့ချရန် အမိန့်ပေးခဲ့ဘူး ပါသည်။