KNPP ထိပ်သီးခေါင်းဆောင် ကျန်းမာရေး ပြန်လည်ကောင်းမွန်

KNPP ထိပ်သီးခေါင်းဆောင် ကျန်းမာရေး ပြန်လည်ကောင်းမွန်
by -
ကန္တာရဝတီတိုင်း(မ်)

ရန်ကုုန်ဆေးရုံုတွင် ဆေးကုုသမှုခံယူနေသော ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ ထိပ်သီး ခေါင်းဆောင် တဦး၏ ကျန်းမာရေးအခြေအနေ ပြန်လည်တိုုးတက်ကောင်းမွန်လာပြီဖြစ်ကြောင်း ယနေ့နံနက်တွင် ပြောရေးဆိုုခွင့်ရှိသူပြောပြချက်အရ သိရသည်။

ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး-၁ ဆရာအောင်ဆန်းမြင့်သည် ရုုတ်တရက်နှလုံုး သွေးရပ်ပြီး သတိလစ်သွားသည့်အတွက် လွိုင်ကော်ဆေးရုံုတွင် လေးရက်ကြာ ကုသမှုခံယူပြီးနောက် ဇန်နဝါရီလ ၉ ရက်နေ့က ပြည်နယ်အစိုုးရနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တိုု့မှ တပ်မတော်လေယဉ်ဖြင့် ရန်ကုုန် အာရှတော်ဝင်ဆေးရုံုသိုု့ ပိုုဆောင်ခဲ့သည်။

“သူ့အခြေအနေတော့ပြန်ကောင်းလာပါပြီ။ စကားလည်းပြန်ပြောနိုုင်ပြီ။ ဒါပေမဲ့ များကြီးတော့ မပြောနိုုင်သေး ဘူး။ သူအလုုပ် ဘယ်အချိန်လောက်ပြန်ဆင်းနိုုင်မယ်ဆိုုတာကတော့ ဆရာဝန်ရဲ့ ညွန်ကြားချက်ကိုုပဲ စောင့်ကြည့်ရပါဦးမယ်”ဟုု လွိုင်ကော် KNPP ဆက်ဆံရေးရုံုးမှ ပြောခွင့်ရ ခူးညေးရယ်ကပြောသည်။

အာရှတော်ဝင်ဆေးရုံုတွင် ကျန်းမာရေးကုုသမှုခံယူနေသည့်အတောအတွင်း ကျောက်ကပ်သွေးသန့်စင်ခြင်း နှစ်ကြိမ်ပြုလုုပ်ပြီးနောက် ဆရာအောင်ဆန်းမြင့်၏ ကျန်းမာရေးအခြေအနေ တိုုးတက်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဌေး ကပြောသည်။

ဇန်နဝါရီလ (၃)ရက်နေ့က ဆရာအောင်ဆန်းမြင့်ဦးဆောင်သော KNPP အဖွဲ့မှ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်အတွင်း လူထုုတွေ့ဆုံုပွဲခရီးစဉ်အတောအတွင်း ရုုတ်တရက် သတိလစ်သွား သည့်အတွက် လွိုင်ကော်ဆေးရုံုကြီးသိုု့ပိုု့ခဲ့ခြင်းဖြစ်သည်။

KNPP အတွင်းရေးမှူး-၁ ဆရာအောင်ဆန်းမြင့်သည် ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကော်စီ UNFC တွင် နိုုင်ငံရေးတွေ့ဆုံုဆွေးနွေးရေး အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နည်းပညာအထောက် အကူပြု အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ယူထမ်းဆောင်လျက်ရှိသည်။

အစိုုးရနှင့် တတိုုင်းတပြည်လုံုးအပစ်အခတ်ရပ်စဲရေး သဘောတူညီလက်မှတ်ရေးထိုုးနိုုင်ရေးကိစ္စကိုု KNPP ဘက်မှ UNFC အနေဖြင့်လုုပ်ဆောင်သွားမှာ ဖြစ်သည်ဟု သိရသည်။

KNPPသည် ၂၀၁၂ခုုနှစ် မတ်လ ရရက်နေ့က အစိုုးရနှင့်ပြည်နယ်အဆင့်တွေ့ဆုံုဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲ ရေး သဘောတူလက်မှတ်ရေးထိုုးခဲ့ကြပြီး ၂၀၁၂ခုုနှစ် ဇွန်လတွင် ပြည်ထောင်စုုပထမအဆင့် တွေ့ဆုံုပွဲနှင့် ၂၀၁၃ခုုနှစ် ဇွန်လတွင် ပြည်ထောင်စုဒုတိယအကြိမ် တွေ့ဆုံပွဲများပြုလုုပ်ခဲ့ရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။