မြန်မာနိုင်ငံ၊ ချင်းပြည်နယ် မြောက်ပိုင်း တွန်းဇံမြို ့နယ်တွင် ဘိန်းခင်း ၆၀၀ ဧက ကျော်ကို ဒေသခံ အာဏာပိုင်များက ၂၀၁၃ခုနှစ် ဒီဇင်ဘာလအတွင်း ဖျက်ဆီး နိုင်ခဲ့သည်။
တွန်းဇံမြို ့နယ်၊ ကျီခါးမြို ့နယ်ခွဲအတွင်းရှိ ဘိန်းခင်း ၆၇၂ ဒသမ ၈၆ ဧကကို ဖလမ်း ခရိုင်ရဲတပ်ဖွဲ ့၏ ကြီးကြပ်မှုဖြင့် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ ့မှ ၂၄ ရက်နေ ့အတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ၂၀၁၄ခုနှစ် ဇန်နဝါ၇ီလ ၃ ရက်နေ ့ထုတ် မြန်မာနိုင်ငံ၊ ပြန်ကြားရေးနှင့် ပြည်သူ ့ဆက်ဆံရေးဦးစီးဌာန၏ အင်တာနက် စာမျက်နှာတွင်ဖေါ်ပြ ထားသည်။
ဖလမ်းခရိုင် ရဲတပ်ဖွဲ ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဘိန်းစိုက်ပျိုးသည့် ဒေသများ ကိုစုံစမ်း စစ်ဆေးမှုဆောင်ရွက်ရာ အဆိုပါဒေသတွင် ဘိန်းစိုက်ပျိုးမှုရှိကြောင်း သတင်းရရှိ ခဲ့ခြင်းဖြစ် သည်ဟု ၄င်း၏ အင်တာနက်စာမျက်နှာတွင် ဖေါ်ပြထားသည်။
ထို ့အပြင် ချင်းပြည်နယ် မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တာဆီး ကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ဆောင်ရွက် ရာတွင် ဒေသခံပြည်သူများ၊ တပ်မတော်သားများ၊ အစိုးရ မဟုတ်သော အဖွဲ ့အစည်းများနှင့် ရဲတပ်ဖွဲ ့များ ပူးပေါင်းကာ ၂၀၁၃ခုနှစ် အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၂၃ မှုကို ဖမ်းဆီးဖေါ် ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ပြည်နယ် အစိုးရ နဲ့ပူး ပေါင်းဆောင် ရွက်ရန် ချင်းအမျိုးသားတပ်ဦးနှင့် ပြည်နယ် အစိုးရနှင့် သော်လည်း ကောင်း၊ ပြည်ထောင်စု အစိုးရနှင့် သော်လည်းကောင်း ၄င်းတို ့၏ ငြိမ်းချမ်းရေး သဘောတူ စာချုပ်တွင် နှစ်ဘက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြသည်။
ထိုနည်းတူ CNP ပါတီ၏ ဦးဆောင်မှုဖြင့် ချင်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်နိုင်ရေး အတွက် မူယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးကော်မရှင်တစ်ရပ် ဖွဲ ့စည်းရန် ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီ ၂၄ရက်မှ ၂၆ရက်နေ ့အတွင်း ချင်းပြည်နယ် ဟားခါးမြို ့တွင် ကျင်းပသည့် တတိယ အကြိမ် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်အမတ် ပူးဇိုဇမ်က အဆို တင်သွင်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။
မြန်မာနိုင်ငံ၏် အဆင်းရဲဆုံးပြည်နယ်ဖြစ်သည့် ချင်းပြည်နယ်တွင် ဘိန်းစိုက်ဧက ထောင်နှင့်ချီရှိ သည်ဟု ဖေါ်ပြကြသော်လည်း UNODC ခေါ် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှု နှိမ်နှင်းရေးအဖွဲ့ က ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ချင်းပြည်နယ်၌ ၁၀ ဟက်တာ (၂၄ ဧက) သာ ဘိန်းစိုက် ကြောင်း ခန့်မှန်းဖော်ပြထားသည်။
သို့သော် ယင်းပမာဏမှာ လက်လှမ်းမီသလောက် သိရှိရသည့် ဘိန်းစိုက်ဧကကိုသာ ဖော်ပြ ထား ခြင်းဖြစ်ပြီး လက်လှမ်းမမီသည့် ဒေသများစွာ ကျန်ရှိနေသေးကြောင်း UNODC က ဆိုသည်။
ချင်းပြည်နယ် မြောက်ပိုင်းဒေသများတွင် သီးနှံများ စိုက်ပျိုး၍ မဖြစ်ထွန်းသည့် အတွက် စျေးကောင်း ရသည့် ဘိန်းကို စိုက်ပျိုးလာခြင်း ဖြစ်ကြောင်းနှင့် ဘိန်းတောင်သူများ အသက်မွေးဝမ်းကျောင်းပြုရန် မွေးမြူရေး လုပ်ငန်းများ ဖော်ဆောင်ပေးပါက ဘိန်းစိုက်ပျိုးမှု ပပျောက်နိုင်ကြောင်း ထောက်ပြခဲ့ကြသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ တကမ္ဘာလုံး၌ မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၂၇ သန်းခန့်ရှိပြီး တနှစ်လျှင် သုံးစွဲသူ၏ ၁ ရာခိုင်နှုန်း နီးပါး သေဆုံးမှု ရှိကြောင်း၊ ဘိန်းဖြူနှင့် ကိုကင်းသုံးစွဲမှုကြောင့် တနှစ်လျှင် လူ ၂ သိန်း ၀န်းကျင် သေဆုံးမှုရှိကြောင်း UNODC ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု သည် ကမ္ဘာပေါ်တွင် ဒုတိယအဆင့် ရှိနေပြီး ဘိန်းစိုက်ပျိုးမှုကို မှီခိုနေရသည့် မိသားစုပေါင်း ၃ သိန်းကျော် ရှိနေကြောင်း UNODC ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။