အစိုးရစစ်တပ်ရိက္ခာကား၊ လက်နက်ခဲယမ်းနှင့်စစ်သားအား KIA ဖမ်းသိမ်း

အစိုးရစစ်တပ်ရိက္ခာကား၊ လက်နက်ခဲယမ်းနှင့်စစ်သားအား KIA ဖမ်းသိမ်း
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် တောင်ပိုုင်းတွင် မြန်မာအစိုုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တိုု့တိုုက်ပွဲ ဖြစ်ပွားရာ ရိက္ခာကား ၁ စီးနှင့် ကျည်လက်နက်များနှင့် တပ်သား ၂ ဦး သိမ်းဆည်းဖမ်းမိကြောင်း KIA က ပြောသည်။

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မုုန်းဒိန်ပါရွာ၌ လွန်ခဲ့သည့်တနင်္လာနေ့ ညနေတွင် ဖြစ်ပွားသည့်တိုုက်ပွဲတွင် ရိက္ခာကား ၁ စီး၊ ကျည်ဆံ ၁၀၀၀ ကျော်၊ ဘဇူကာ ၁ လက်၊ MA သေနတ် ၂ လက်နှင့် ဒုတပ်ကြပ် ခင်ဇော်ဦး၊ တပ်သား အောင်ကျော်မှူးတို့အား ဖမ်းဆီးနိုင်ခဲ့ကြောင်း KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး လဘန်ဂျွန်အောင်က ပြောသည်။

တပ်ရင်းမှူး ကျော်သူရ ဦးဆောင်သော ခလရ ၅၆ စစ်အင်အား ၁၀၀ ကျော်ပါဝင်သည့်စစ်ကြောင်းသည် မုန်းခေါင်စခန်းမှ မုန်းဒိန်ပါရွာသို့ လာရောက်စဉ် KIA တပ်ရင်း ၁၂ ၏ မိုင်းမိပေါက်ကွဲပြီး စတင်ပစ်ခတ်လာ ရာမှ တစ်နာရီခွဲကြာအောင် တိုုက်ပွဲ ဖြစ်ခဲ့သည်။

အစိုးရတပ်မှ ကျဆုံးမှုများလာပြီး အစိုးရတပ်သည် “တပ်လဲလှယ်ရန်လာသော တပ်ဖွဲ့ဖြစ်ကြောင်း လမ်းမှားပြီး ဝင်လာခြင်းဖြစ်ကြောင်း၊ KIA တပ်ရင်း ၁၂ အား ပစ်ခတ်ရန်ဝင်လာခြင်းမဟုတ်ကြောင်း၊ အနူးညွှတ်တောင်း ပန်ခဲ့ကြောင်း သိရသည်။

ထိုသို့ အစိုးရတပ်မှ တောင်းပန်ခြင်းကြောင့် ညနေ ၅ နာရီခွဲချိန် ခလရ ၅၆ တပ်ရင်းမှူး ကျော်သူရထံ စစ်သုံ့ ပန်း ၂ ဦးနှင့် သေနတ် ၃ လက်ကို ပြန်လည်အပ်နှံခဲ့ကြောင်း KIA တပ်ရင်း ၁၂ ဗိုလ်မှူး လဘန်ဂျွန်အောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် တပ်ရင်း ၁၂ ရွာများတွင် တပ်စွဲထားသော အစိုးရတပ်သည် ဒီဇင်ဘာ ၂၈ ရက် ညက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ သဘောတူညီချက်များ အကောင်အထည်ဖော်သည့် အနေဖြင့် တပ်ဆုတ်ခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့တွင် တဖန်ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။

မုန်းဒိန်ပါရွာရှိ အစိုးရစစ်ကြောင်းသည် ၂ ရက် ၃ ရက်အကြာတွင် ပြန်လည်ဆုတ်ခွာမည်ဟု KIA တပ်ရင်း ၁၂ အား ပြောခဲ့သော်လည်း ယခုချိန်ထိ ဆုတ်ခွာခြင်းမရှိသေးသည့်အတွက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာ နိုင်ကြောင်း KIA တပ်ရင်း ၁၂ မှ ပြောသည်။

အဆိုပါ တိုုက်ပွဲများနှင့် ပတ်သက်ပြီး အစိုုးရဖက်မှ တစုံုတရာ ထုုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

Most read this week