ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ (၃)ရက်တာ ကျင်းပသော (၃) လပတ်လုပ်ငန်းသုံးချက် အစည်းအဝေး ဒီဇင်ဘာ (၉)ရက်နေ့တွင် ပြီးဆုံးသွား ခဲ့ကြောင်း ဒုတိယဥက္ကဌ ဖြစ်သူ ခူဦးရယ်က ပြောသည်။
“ အထူးသဖြင့် အစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ပြီးတော့ လူထုအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ် တဲ့ကိစ္စတွေ ကို အကောင်အထည် ဖေါ်ထားတာ ရှိပါတယ်။ အဲဒါတွေ ကိုပြန်လည် သုံးသပ်တဲ့ အစည်းအဝေးပါ” ဟုဆိုပါသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ၏ အခြေအနေများ၊ အခက်အခဲ များကို ဆွေးနွေးပြီး ရှေ့လုပ်ငန်း စဉ်များကို ဆုံးဖြတ်ကြပါ သည်။ အထူး သဖြင့် ပြည်နယ်အစိုးရ ထိမ်းချုပ်သော အရပ်ဒေသများတွင် ပင်မူးရစ်ဆေး ၀ါးပြသနာထူပြော သောကြောင့် အစိုးရနှင့်မည်သို့ ပူးပေါင်း ဆောင်ရွက်နိုင်သည့် နည်းလမ်း များ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများ အပါအဝင် လူထု ပါ၀င်နိုင်သော အခန်းကဏ္ဍများ ကို သုံးသပ် ဆုံးဖြတ် ကြခြင်း ဖြစ်ပါသည်။
အလားတူ ဒေသဖွ့ံဖြိုး ရေး ဆောင်ရွက်သည့် နေရာတွင်လည်း အစိုးရ ပါ၀င်သည့် အခန်း ကဏ္ဍများတွင် နှောင့်နှေး ကြန့် ကြာမှုများပြီး အကူအညီ အားနည်မှုများ ရှိကြောင်း၊ လူထုသည် နေရာတကာ၌ ပါ၀င်နိုင် ခြင်း မရှိသော်လည်း အထိရောက်ဆုံး ကိစ္စများတွင် ကိုယ်ထူ ကိုယ်ထ ပါ၀င်မှု များဖြင့်သာ ဆောင်ရွက်နေ ရသည်ဟု ကရင်နီ လူမှုရေး အဖွဲ့အ စည်း တဖွဲ့မှ အတွင်းရေး မှူး တဦးက ဆိုပါသည်။
“ ဒေသဖွံ့ဖြိုး ရေးဟာ နာမည်ကောင်း ဟစ်တာဘဲ ရှိတယ်။ အစိုးရလည်း ဘာမှမပေးပါဘူး။ သူတို့ကိစ္စ လောက်ဘဲ လမ်းတံတား တွေလုပ်ပြီးတော့ ဒေသဖွံ့ဖြိုး ရေးကို အတာချတယ်။ လူထု တကယ်လိုတဲ့ အရာတွေကိုတော့ တခု လောက်ပြပါ သူတို့ ပေးတာရှိလားလို့” ဟု ဆိုခဲ့ပါသည်။
KNPP သည် ပညာရေး ကျန်းမာရေး ကိစ္စများတွင် ပြန်လည် သုံးသပ်ခဲ့ရာ ကျေးရွာတိုင်း၌ ပညာသင်နိုင်ကြား ရေး အတွက် လိုအပ်ချက်များ ကိုမည်သို့ ပံ့ပိုးရမည်ကို စဉ်းစား သုံးသပ်ပြီး နည်းလမ်းများ ဆုံးဖြတ်ကြပါသည်။
ကျန်းမာရေး ကဏ္ဍတွင် အစိုးရလက်လှမ်း မမှီသော နေရာများမှ လူထုများအတွက် ဆေးပေးခန်းများ ဖွင့်လှစ်မှု။ ပုံမှန် လို အပ်သည့် ဆေးဝါးများ နှင့် အရေးတကြီး ဆေးဝါး ရရှိမှုများ၊ ကူစက်ရောဂါ အချိန်မှီ သိရှိနိုင်မှုများ မည်သို့ ဆောင် ရွက်ကြ ရမည်ကို ဆုံးဖြတ်ခဲ့ပါသည်။
KNPP နှင့် အစိုးရ တို့သည် ဒေသဖွ့ံဖြိုးရေး အစီစဉ်များ အတွက် သဘောတူ ဆုံးဖြတ်ထား သော်လည်း အကောင်အ ထည်ဖေါ် ဆောင်ရွက်ခြင်း မရှိဟု ဆိုပါသည်။ အထူးသဖြင့် KNPP နှင့် လူထု များကသာ ကိုယ်ထူ ကိုယ်ထ လိုက်လံ ဆောင်ရွက်နေကြခြင်းသာ ရှိကြောင်း လူမှုအဖွဲ့အစည်းများမှ ဆိုပါသည်။
ယင်းအစည်း အဝေးသို့ KNPP ဌာနဆိုင်ရာများသာ တက်ရောက်ကြပြီး KNPP ဌာနချုပ် နာမိုစခန်းတွင် ကျင်းပခဲ့ကြ ပါသည်။ နက်ဖြန်တွင် ပါတီရေးရာ သုံးသပ်ဆွေးနွေး ပွဲ ရှိသည့် အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) တွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်း သားများ၏ ဒုတိယအကြိမ် ညီလာခံသို့ ကိုယ်စား လှယ်ကို ရွေးချယ်ကြ မည်ဖြစ် ပါသည်။
တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) ၏ KNPP အဖွဲ့ဝင် ကိုယ်စားလှယ် သည် အတွင်းရေးမှူး (၂) ဖြစ်သူ ဦး ရွှေမျိုးသန့် ဖြစ်ပြီး ညီလာခံတက်ရောက်မည့် ကိုယ်စားလှယ် များမှာ ပါတီထိပ်ပိုင်း ခေါင်း ဆောင်များ ဖြစ်ပါသည်။
KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် အပစ် အခတ်ရပ်စဲ နိုင်ခဲ့ပြီး သဘောတူညီချက် အမျိုးမျိုး လက်မှတ် ထိုးထားခဲ့ သော်လည်း ယနေ့အထိ အကောင်အထည်ဖေါ် ခြင်းမရှိဟု သုံးသပ်ကြသည်။