လွန်ခဲ့သည့် မတ်လ ၂၈ ရက်နေ့၌ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းတ လျှောက် ဖားပြရွာနှင့် ဖာယာရွာကြား နံနက် ၅း၄၀ ခန့်တွင် ပထမအကြိမ်၊ ထိုနေ့မွန်းလွဲပိုင်း ၂း၂၀ ခန့်ဖားပြရွာနှင့် ကျုံခွန်ရွာကြားတွင် ဒုတိယအကြိမ် KNU တပ်ရင်း (၁၆)က ရတခလက်အောက်ခံ ခလရ (၃၂) စစ်ကြောင်းကို ပစ်ခတ် ရာ နအဖစစ်ကြောင်းဖက်မှ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု နယ်စပ် စစ်သတင်း ရပ်ကွက်များ အဆိုအရသိရှိရသည်။
ခလရ (၃၂) သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် ရတခ တိုင်းလက်အောက်ခံတပ်ရင်း တစ်ရင်းဖြစ် ပြီး ယခုဘုရားသုံးဆူတွင် ခေတ္တအခြေစိုက်ထားသော ခလရ (၂၄)နှင့် တပ်အပြောင်းအရွေ့ ပြုလုပ်ရန် စစ်ကြောင်းချီ လာခြင်းဖြစ်သည်။
ဘုရားသုံးဆူနယ်စပ်မြို့နှင့် သံဖြူဇရပ်-အနန်းကွင်းဒေသတဝိုက်တို့တွင် လွန်ခဲ့သည့် ၂၀၀၈ ဒီဇင်ဘာလ အထိ ရခိုင် ပြည်နယ် နပခမှ တပ်ရင်းသုံးရင်းခန့် လှုပ်ရှားခဲ့သည်။
ထို့နောက် ခလရ (၂၄) ရတခတိုင်းလက်အောက်ခံ ထပ်ရောက်ရှိလာပြီး လာမည့် သင်္ကြန်မတိုင်မီတွင် အဆိုပါ ခလရ (၃၂) နှင့် တပ်အပြောင်းအရွေ့ပြုလုပ်ကြမည်ဖြစ်သည်။
အနန်းကွင်းရွာတွင် ရတခမှ ဗျူဟာ (၁) ရုံးရှိပြီး လက်ရှိဗျူဟာမှူးမှာ ရေးမြို့အခြေစိုက်စကခ (၁၉) မှ ဗိုလ်မှူးချူပ် ချိုထွန်းအောင် ယာယီအားဖြင့် ခလရ (၂၅၇) တပ်ရင်းနှင့် အခြေပြုလှုပ်ရှားလျှက် ရှိသည်။
အလားတူ မတ်လ (၂၇) ရက် နေ့လည် ၁၁း၃၀ ခန့်တွင် တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ၊ အမိုးကျေး ရွာအနီးတွင် နအဖ စကခ (၁၃) နည်းဗျူဟာ (၁) ကွပ်ကဲမှုအောက်ရှိ ခလရ (၅၅၇) ဗိုလ်မှူးအောင်မျိုးသန်း ဦးစီးစစ် ကြောင်းအား KNU တပ်မဟာ (၄) မှ အင်အား (၁၅)ဦးခန့်က လက်နက်ကြီးငယ်များနှင့် ဝင်ရောက်ပစ်ခတ်ရာ တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး နအဖ စစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် (၁၁) ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
အဆိုပါ ဒဏ်ရာရစစ်သည်များကို ထားဝယ်မြို့ ဆေးရုံသို့ သယ်ယူလာစဉ် ဆင်ဖြူဒိုင်ကျေးရွာအရောက်တွင်
ဗိုလ်သက်အောင် (က/၃၆၉၂၇)၊ တပ်ကြပ်ကြီးစိုးဝင်း၊ တပ်ကြပ်ကြီး သန့်ဇင်အောင်၊ တပ်ကြပ်စိုးသန့်တို့ (၄) ဦး လမ်း တဝက်တွင် သေဆုံးခဲ့ကြောင်း KNUတာဝန်ခံတစ်ဦးကပြောပါသည်။