တောင်အာဖရိက နိုင်ငံ ခေါင်းဆောင် နန်ဆဲမန်ဒဲလား ကွယ်လွန်

တောင်အာဖရိက နိုင်ငံ ခေါင်းဆောင် နန်ဆဲမန်ဒဲလား ကွယ်လွန်
by -
နိရဥ္စရာ

တောင်အာဖရိက နိုင်ငံ၏ ဖခင်ကြီး အဖြစ် တင်စားခေါ်ဝေါ်ခံရသူ လူမဲခေါင်းဆောင် ယခင်သမ္မတဟောင်း နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် နန်ဆဲမန်ဒဲလား-အသက် (၉၅) နှစ်သည် ဒီဇင်္ဘာလ ၅ ရက်နေ့ ညနေ ၈ နာရီ ၅၀ မိနစ်က သူ၏ နေအိမ်တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။

 “ သူသေဆုံးမူမှာ တောင်အာဖရိက နိုင်ငံအတွွက် အမြင့်မြတ်ဆုံး သားကောင်း တစ်ဦး ဆုံးရှံုးမူ  ဖြစ်သလို တောင်အာဖရိက နိုင်ငံသားတွေ အတွက်လည်း ဖခင်ကောင်း တစ်ဦး ဆုံးရှံုးသွားခြင်း ဖြစ်ကြောင်း”  တောင်အာဖရိက သမ္မတ Jocob Zuma က ရုပ်မြင်သံကြားမှ တဆင့် ကြေညာသည်။

south africa leader

၎င်းအပြင် သမ္မတ Jocob Zuma က “ နန်ဆဲမန်ဒဲလား သေဆုံးမည်ကို သိထားသော်လည်း သူတကယ် သေဆုံးသွားသည်ကို ကြားရသော အခါ အထူး ယူကျံုးမရ ၀မ်းနည်းကြေကွဲမိကြောင်း” ထုတ်ဖေါ် ပြောဆိုသွားသည်။

နန်ဆဲ မန်ဒဲလားသည် တောင်အာဖရိကနိုင်ငံတွင် လူနည်းစု လူဖြူ အုပ်ချုပ်မှုနှင့် အသားအရောင် ခွဲခြားဆက်ဆံမှုကို ဦးဆောင် တိုက်ပွဲဝင်ခဲ့သဖြင့် ထောင် (၂၇) နှစ် ချမှတ်ခံခဲ့ရသည်။ ထောင်ထဲက လွှတ်လာပြီးနောက် တောင်အဖရိက ပြန်လည် သင့်မြတ်ရေးကို ဦးဆောင်နိုင်ခဲ့သူ ဖြစ်သဖြင့် တောင်အာဖရိက လူဖြူ သမ္မတဟောင်း ဒီကလပ်နှင့် အတူ ၁၉၉၃ ခုနှစ်တွင် နိုဗယ်ငြိမ်းချမ်းရေးဆု  ပူးတွဲ ချီးမြင့်ခံခဲ့ရသည်။

နန်ဆဲ မန်ဒဲလားသည် ၁၉၉၀ ခုနှစ် အလွန် တောင်အာဖရိက နိုင်ငံ၏ ကြမ်းတန်းခက်ထန်လှသော အကူးအပြောင်းကာလကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် တောင်အာဖရိက သမ္မတ အဖြစ်မှ အနားယူခဲ့သည်။

တောင်အာဖရိကနိုင်ငံတွင် နန်ဆဲမန်ဒဲလားကြောင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးများ ရရှိခဲ့သဖြင့် သူ့အား သူမတူအောင် စွန်းဆောင်နိုင်သူ တောင်အာဖရိက နိုင်ငံ၏ အမျိုးသား ဖခင်ကြီး အဖြစ် အများက တင်စား ခေါ်ဝေါ်ကြသည်။

မစ္စတာ မန်ဒဲလား၏ အသုဘကို နိုင်ငံတော် စျာပန အဖြစ် ဂုဏ်ပြု ကျင်းပမည် ဖြစ်ပြီး နိုင်ငံတော်အလံကို ဒီဇင်ဘာလ ၆ ရက်နေ့မှ စပြီး သူ့စျာပန ပြီးဆုံးသည် အထိ ၀မ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တိုင်တဝက် လွှင့်ထူသွားမည် ဖြစ်ကြောင်း တောင်အာဖရိက လက်ရှိ သမ္မတ Jocob Zuma က ကြေညာသည်။

Most read this week