ကရင်နီအမျိုးသမီးအဖွဲ့ ၁၆ ရက်တာ လှုပ်ရှားမှု စတင်

ကရင်နီအမျိုးသမီးအဖွဲ့ ၁၆ ရက်တာ လှုပ်ရှားမှု စတင်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူမှုအသိုုင်းအဝိုုင်းရှိ ဌာနဆိုုင်ရာအဖွဲ့အစည်းများနှင့် လူမှုအသင်းအဖွဲ့များတွင် အမျိုးသမီးများ ပါ၀င်မှုရာနှုန်းနည်းပါးလျက်ရှိနေသည့်အတွက် အခြေအနေတိုုးတက်မှုရှိလာရန် ကရင်နီအမျိုးသမီးအဖွဲ့မှ ၁၆ ရက်တာ လုုပ်ရှားမှုအတောအတွင်း ဆောင်ရွက်သွားမည်ဟုုဆိုုသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ရပ်တန့်ခြင်း ၁၆ ရက်တာလှုပ်ရှားမှုကိုု လူဦးရေ ၁၅၀၀၀ ခိုုလှုံနေထိုုင် လျက်ရှိသည့် ထိုုင်းမြန်မာနယ်စပ် ကရင်နီဒုုက္ခသည်စခန်းတွင် နိုုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၁၀ရက်နေ့အထိ ကရင်နီအမျိုးသမီးအဖွဲ့ KNWO က ဦးဆောင်လုုပ်ဆောင်သွားမည် ဖြစ်သည်။

KNWO ဥက္ကဌ မော်သိုးမြာက “ကျားမတန်းတူရေးကို အခြေခံပြီး ပြောမယ်ဆိုရင် စခန်းအခြေနေ နောက်ပြီး အဖွဲ့ တိုင်းမှာ ကျားမ တန်းတူရေးအတွက် အဖွဲ့စည်းတိုင်းမှာ အနည်းဆုံးအမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါ၀င်လာနိုင်ရန်အတွက် အလှူရှှင်များကနေပြီး ပိုဖိအားပေးတဲ့အတွက် အဖွဲ့အစည်း တော်တော်များများက မိမိတို့အဖွဲ့စည်းထဲမှာ အမျိုးသမီးများကို ထည့်သွင်းစဉ်းစားအကောင်ထည်ဖော် နေတဲ့ အခြေနေများလည်းရှိ လာပြီ” ဟုပြောသည်။

နို၀င်ဘာလ ၂၅ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများအပေါ်မှာ အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၅ရက်နေ့က ကရင်နီဒုက္ခသည် စခန်း ရပ်ကွက် (၁) မှ အခမ်းနားတရပ်ကျင်းပရာ ရပ်ကွက် (၈) အထိ ချီတက်ပွဲပြုလုပ်ကြပြီး ချီတက်သူတိုင်းကို ၁၆ ရက်တာ လှုပ်ရှားမှုအတွက် တစ်ဦးချင်းအလိုက် အင်္ကျီ၊ ဦးထုပ်နှင့် ထီး လက်ဆောင်အမှတ်တရ အသီးသီးပေးဆောင်ကြသည်။

ထိုအခမ်းအနားတွင် သီချင်းဆိုခြင်း၊ အကတင်ဆက်ခြင်း၊ ပြဇာတ်ပြခြင်းနှင့် အလှမယ်လျှောက်ခြင်းတို့ရှိပြီး အခမ်းနားအပြီးတွင် ဂိမ်းများပြိုင်ကြပြီး ဆုပေးခြင်းအစီစဉ်တို့လည်း ရှိသည်ဟုု အခမ်းအနားတက်ရောက်ခဲ့သူ မပိုုးမြာကပြောသည်။

အမျိုးသမီးများနိုင်ငံရေးတန်းတူမှုထက် လက်ရှိလုပ်နိုင်သည်မှာ ကျားမတန်းတူရေးကို အခြေခံပြီးလုပ်ဆောင် နေတာဖြစ်သည်ဟု ဥက္ကဌ မော်သိုးမြာကဆိုသည်။

မော်သိုးမြာက “တချို့သောအမျိုးသမီးကတော့ မိမိတို့လူမှုအတိုင်းအဝိုင်း အတွင်းမှာ Gender Box ကနေ မထွက်နိုင်သေးတဲ့အပြင် အချို့အမျိုးသမီးများက မိမိကိုယ်ကိုယုံကြည်မှု မတည်ဆောက်နိုင်သေးဘူး” ဟု ပြောသည်။

ကရင်နီအမျိုးသမီးအစည်းအရုံးမှ အမျိုးသမီးများမိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်လာနိုင်ရန်နှင့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ပညာပေးခြင်းလုပ်ဆောင်မှုများကိုုလည်း ၁၆ ရက်တာလုုပ်ရှားမှုအတွင်း ဆောင်ရွက်သွားမည်ဟုုဆိုုသည်။

အမျိုးသမီးတိုု့၏အခြေအနေများ လက်ရှိအနေအထားတက် ပိုုပြီးတိုုးတက်လာရန် လက်ရှိလုုပ်ရှားမှုများ ထက်မက ထပ်မံလုပ်ဆောင်ရန်လိုအပ်နေသေးပြီး အလှူရှင်ဖိအားပေး၊ မပေး ဆိုသည်ထက် လူမှုအသိုင်းဝိုင်းမှ ယူဆချက်အမြင်များပြောင်းလဲလာမှု အမှန်တကယ် လိုအပ်သည်ဟု မော်သိုးမြာက ဆက်ပြောသည်။

မော်သိုးမြာက “တိုင်းရင်းသူအမျိုးသမီးများက အမျိုးသားတွေကြား ပါ၀င်မှု နည်းပါးရတာက အခွင့်အရေး နဲ့ အခွင့်အလမ်းပေါ်မှာလည်း အများကြီးမူတည် တယ်လို့မြင်ပါတယ်”ဟု ပြောသည်။

အမျိုးသမီးများသည် အမျိုးသားများ၏ အကြမ်းဖက်မှုများ မခံရအောင် ဗဟုတုတရများရရှိရန် နှင့် Confident (မိမိကိုယ်ကို ယုံကြည်မှု) ရှိရန် သင်တန်းများနှင့် ပညာပေးရေးအစီအစဉ်တို့ကို မကြာခဏ ပေးနိုင်လျှင်ကောင်းမည်ဟု စခန်းတွင်းက ကျောင်းဆရာတဦးဖြစ်သည့် ခူးပိုးရယ်က ဆိုသည်။

ခူးပိုးရယ်က “မိန်းကလေးဆိုတာ ယောက်ျားလေးအတွက် အကြမ်းဖက်ဖို ့စော်ကားဖို ့မဟုတ်ဘူးဆိုတာ သိဖို့နဲ့ မိန်းကလေးက ယောက်ျားလေးတွေထက် အခွင့်အရေးရှိတယ်ဆိုတာ သိထားဖို့လိုအပ်ပါတယ်”ဟု ပြောသည်။

အမျိုးသမီးများသည် အမျိုးသားများအကြား ပါဝင်နိုင်ရန် အမျိုးသားများသည်လည်း အမျိုးသမီးများကို လက်တွဲဖိတ်ခေါ်ဖို့ လိုအပ်သည်ဟု ပိုးရယ်ကပြောသည်။

ပိုးရယ်က “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရန်အတွက် KNWO ရော KNYO (ကရင်နီ အမျိုးသားလူငယ်အဖွဲ့အစည်း) ရော နောက်ပြီး အကြမ်းဖက်မှုတွေကို ရပ်စေချင်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းရင်ရနိုင်တယ်လို ့ထင်တယ်”ဟု ဆိုသည်။

ဥက္ကဌ မော်သိုးမြာက “အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါ၀င်လာဖို့ ဆိုတာ ကရင်နီအမျိုးသမီး အစည်းအရုံး အနေနဲ့ လာမယ့် နှစ် ဗျူဟာရေးဆွဲ မယ့်အစီအစဉ်မှာ စတင်ပြီး ထည့်သွင်း မှာဖြစ်တဲ့အတွက်ဘယ် လောက်ထိ ပါ၀င်မှု ရှိလဲဆိုဒါ လက်ရှိအခြေနေမှာ မပြောနိုင်သေးဘူး မတိုင်းတာနိုင်သေးဘူး”ဟု ပြောသည်။

၂၀၀၆ ခုနှစ်မှစတင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို WLB (အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ) မှ စတင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယ၊ တရုတ်နယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ် တွေမှာရှိသည့် ပလောင်၊ မွန်၊ ကရင်နီ၊ ရှမ်း စသည့် အမျိုးသမီး အစည်းအရုံးများကလည်း လုပ်ဆောင်လာခဲ့ကြသည်။