ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခမြစ်နှင့် မလိခမြစ် မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီ မံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသော ပြန်လည်နေရာချထားရေး အောင်မြင်သာ စံပြကျေးရွာတွင် နိုဝင်ဘာလမှစပြီး ချီဖွေရေအားလျှပ်စစ်မှ ၂၄ နာရီ လျှပ်စစ်မိီး ရရှိနေသည့်အပေါ် တဖက်တွင် စိုးရိမ်ပူပန်မှု များရှိနေကြသည်။
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ လျှပ်စစ်မီးများပေးလာခြင်း၊ ဆန်များ ထောက်ပ့ံပေးခြင်းဖြင့် အောင်မြင်သာရွှေ့ပြောင်းရွာသားအချို့ ၎င်းမြစ်ဆုံစီမံကိန်းပြန်လည်ဆောက်လုပ်ရန် လက်ခံလာမည်ကို တဖက်တွင် စိုးရိမ်နေရသည်ဟု တန်ဖရဲဒေသခံ လူထုအခြေပြုဖွ့ံဖြိုးရေးအဖွဲ့ (Mungchying Rawt Jat)မှ ဒေါ်ခေါန်ဂျာပြောသည်။
သူက“၁ နှစ် ၂ နှစ်ဘဲမြစ်ဆုံရွာ ဒေါင်ပန်ရွာ မြစ်ကမ်းနားတွေမှာနေပြီး မြစ်ဆုံဒေသခံအဖြစ်ခံယူပြီး အခုလို မီးတွေ ရလာတာ။ ဒီစီမံကိန်းတွေကိုသဘောတူသလိုမြင်နေရတယ် တချို့တွေက မီးလာလို့ပျော် နေကြ တယ်။ မိီးရလည်းမပျော်ဘူး မီးနဲ့လည်းထမင်းမချက်စားတတ်ဘူး မိီးနဲ့ချက်တဲ့ထမင်းအိုးလည်း ကျမတို့ အတွက်ခက်တယ် ထင်းနဲ့ဘဲချက်စားနေတာ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှစ၍ မီးများဖြန့်ချီပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် တရုတ်စွမ်းအင်ရင်း နှီးမြှုပ်နှံ မှုကုမ္ပဏီ (CPI) လျှပ်စစ်အင်ဂျင်နီယာ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာ၊ ဘူးဂါးလျှပ်စစ်ရုံးမှ လျှပ်စစ်အန္တရာယ် ကင်းရှင်းရန်အတွက် ဟောပြောပွဲကိုလည်း ပြုလုပ်ပြီး ထိုနေ့တွင် ဒေသခံများအား ၂ လစာ ဆန်များပြန်ထုတ် ပေးခဲ့ကြောင်း ဒေသခံများပြောသည်။
ထိုလျှပ်စစ်မီးသည် ချီဖွေရေအားလျှပ်စစ်မှ တိုက်ရိုက်ပေးခြင်းဖြစ်ပြီး ရေကာတာတည်ဆောက်ရေးအတွက် အကြိုသုံးရန်နှင့် မြစ်ဆုံရေကာတာ ပြန်လည်တည်ဆောက်ရန်အစီအစဉ်များဖြင့် ပေးနေသည့် လျှပ်စစ်မီးဖြစ်သည်ဟု ဒေသခံများဆိုသည်။
ထိုနည်းတူ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) သည် ကျန်ရှိနေသည့် ရေကာတာ ၆ ခုကိုတည် ဆောက် ရာတွင် လျှပ်စစ်မီးများအသုံးလိုခြင်းကြောင့် ချီဖွေရေအားလျှပ်စစ်ငယ်ကို စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး အောင်မြင်သာရွာသို့ အကြိုပေးနေခြင်းဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ မအားနန် ပြောသည်။
မအားနန်က “ကချင်ပြည်နယ်မှာရှိတဲ့ ရေကာတာကနေ လျှပ်စစ်မီးတွေ ရတဲ့အတွက် ကချင်ပြည် သူများ ကိုအကျိုးရှိစွာ ပေးနိုင်ရင်တော့ ပိုကောင်းတယ်၊ ဆက်ပြီးတည်ဆောက်မယ့် ရေကာတာ ၆ ကို ရပ်တန့််ဖို့ KDNG က တောင်းဆိုတယ်၊ အခုချိန်မှာ ကချင်ပြည်တွင်းစစ်ဖြစ်ပွားနေတယ်၊ ဒေသခံတွေလည်း ခက်ခဲမှုများစွာနဲ့ ရင်ဆိုင်နေရတယ် မြစ်ဆုံရေကာတာ တည်ဆောက်ဖို့ကိုလုံးဝရပ်တန့်စေချင်တယ်”ဟု ပြောသည်။
လွန်ခဲ့သည့် ၂၀၁၀ မေလမှ စ၍ မေခ-မလိခ မြစ်ဆုံပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းကြောင့် ကျေးရွာများအား အောင်မြင်သာရွာသစ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကာ ၄င်းတို့၏ နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေစားသောက်နေရကြောင်း ဒေသခံများပြောသည်။