ဟားခါး – ဆူရ်ခွါးကြား ကားမှောက် တစ်ဦးသေ ၉ ဦးဒါဏ်ရာရ

ဟားခါး – ဆူရ်ခွါးကြား ကားမှောက် တစ်ဦးသေ ၉ ဦးဒါဏ်ရာရ
by -
ခိုနုမ်းထုန်

နို၀င်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁းဝဝ နာရီခန့် မြို့တော်ဟားခါး နှင့် ဆူးရ်ခွါးရွာကြားပြေးဆွဲနေသော အေးချမ်း လိုင်း မှ Pu Tial Thang ပိုင် ယာဉ် တစီး တိမ်းမှောက်ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတဦး သေဆုံးကာ ခရီးသည် ၉ ဦး ဒါဏ် ရာ ရရှိသည်ဟု သိရ သည်။

ခရီသည် ၁၂ ဦးအနက် Pi NgunCa ( surkhua) ပွဲချင်းသေဆုံးပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး နှင့် ကလေးငယ် နှစ်ဦးဒါဏ်ရာရှိကြောင်း ဒါဏ်ရာရရှိသူများ ဒါဏ်ရာပြင်းထန်မှုမရှိကြောင်း သိရသည်။

အဆိုပါယာဉ်သည် ဟားခါးမှ ၁၆ မိုင်အကွာ Loklung ရွာနားတွင် တိမ်းမှောက်ပြီး လမ်းအောက် ၅၀ ပေ အထိ လိမ့်ဆင်း သွားခြင်းဖြစ်ကြောင်း ပြောကြသည်။

မော်တော်ယာဉ်သည် ပေ ၅၀ အဆင်းတွင် သစ်ပင်ကြီးတပင်က ခံထားသောကြောင့် ခရီးသည် တချို့ အသက်ဘေးမှ လွတ်သွားကြခြင်းဖြစ်သည်ဟု သိရသည်။

ဟားခါး – ဆူရ်ခွါးလမ်းသည် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်း မြို့တော် ဟားခါးကို ဆက် သွယ်သောလမ်း၏ အပိုင်းဖြစ်ကြောင်း အဆိုပါလမ်းသည် ရာသီမရွေး မသွားလာနိုင် သောကြောင့် ခရီးသွားပြည်သူများ သည် စစ်ကိုင်းတိုင်း နှင့် ရခိုင်ပြည်နယ်သို့ ကွေ့ပတ်ပြီး ဆက်သွယ် သွားလာကြသည်။

Most read this week