ကာလကတ္တား ထောင်ရောက် ရခိုင်-ကရင် ၃၄ ဦး အမူ ရုံးချိန်း ထပ်ရွှေ့

ကာလကတ္တား ထောင်ရောက် ရခိုင်-ကရင် ၃၄ ဦး အမူ ရုံးချိန်း ထပ်ရွှေ့
ကာလကတ္တားထောင်ထဲတွင် ရောက်ရှိနေသော အကျဉ်းကျခံ ရခိုင်နှင့် ကရင်တော်လှန်ရေး သမား ၃၄ ဦး အမူကို မတ်လ ၂၃ ရက်မှ ၂၇ ရက်နေ့ထိ ကြားနာ စစ်ဆေးပြီးနောက် ရုံးချိန်းကို ဇွန်လ တတိယပတ်ထိ ထပ်ရွှေ့လိုက်ကြောင်း သတင်း ရရှိ ...

ကာလကတ္တားထောင်ထဲတွင် ရောက်ရှိနေသော အကျဉ်းကျခံ ရခိုင်နှင့် ကရင်တော်လှန်ရေး သမား ၃၄ ဦး အမူကို မတ်လ ၂၃ ရက်မှ ၂၇ ရက်နေ့ထိ ကြားနာ စစ်ဆေးပြီးနောက် ရုံးချိန်းကို ဇွန်လ တတိယပတ်ထိ ထပ်ရွှေ့လိုက်ကြောင်း သတင်း ရရှိသည်။

သူတို့အမူတွင် ပါဝင်နေသော အစိုးရ သက်သေ နောက်ထပ် လူ ၃ ဦးကို ခေါ်ယူစစ်ဆေးရန် ကျန်နေပြီး အဆိုပါနေ့တွင် အဆိုပါ သက်သေများကို အပြီးသတ် ခေါ်ယူ စစ်ဆေးသွားမည် ဖြစ်သည်။

ထောင်နှင့် နီးစပ်သူများ အပြောအရ တော်လှန်ရေး သမား ၃၄ ဦးအမူကို ဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက် အတွင်း ပြန်လည် စစ်ဆေးသွားမည် ဖြစ်သည်။

ယခု ကာလကတ္တားထောင်ထဲကို ရောက်ရှိနေသူ ရခိုင်-ကရင် ၃၄ ဦးမှာ ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၅ ဦး လုပ်ကြံသတ်ဖြတ်ခံရသည့် ၁၉၉၈ ခုနှစ်ကတည်းက အိန္ဒိယတွင် ဖမ်းဆီး ထိန်းသိမ်းခံနေကြရသည်။

အိန္ဒိယ စစ်တပ်သည် ဗိုလ်ရာဇာဦးဆောင်သော ရခိုင်ပြည် တပ်မတော်အား အိန္ဒိယ သမုဒ္ဒရာထဲရှိ အန်ဒမန်ကျွန်း တကျွန်းတွင် ရေတပ် အခြေစိုက် စခန်း တည်ဆောက် ပေးမည်ဟု ဆိုကာ ခေါ်ယူသွားပြီး လန်းဖို့ကျွန်းကို အရောက်တွင် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၅ ဦးကို လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပြီး ကျန်လူများကို သေနတ် မှောင်ခိုမူဖြင့် စွပ်စွဲကာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

Most read this week