(စေးရယ်စိုုး)-မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုုးတက်မှုဆိုုင်ရာ ညှိနှိုင်းတိုုင်ပင်မှုလုုပ်ငန်း ကုုမ္မဏီတခုုကိုု ယခုုလက်ရှိ မြန်မာနိုုင်ငံ အပြောင်းအလဲ ဖြစ်စဉ် အတောအတွင်းမှာ တရားဝင် ထူထောင် လိုုက်ပါတယ်။ ကုုမ္မဏီက ရန်ကုုန်မှာ အခြေစိုုက်တာပါ။
အဓိက နိုုင်ငံတကာ စီးပွားရေးလုုပ်ငန်းနဲ့ ဒေသတွင်းက စီးပွားရေး လုုပ်ငန်းများအကြား မှန်ကန်တဲ့ အချက်အလက် အထောက်အကူတွေနဲ့ အချိတ်အဆက် ပြုလုုပ်ပေးပြီး စီးပွားရေး လုုပ်ငန်း အစီအစဉ်များ ရေးဆွဲပါတယ်။
ကုုမ္မဏီ ထူထောင်သူတဦးနဲ့ တွေ့ဆုံုချိန်မှာ မြန်မာပြည်ရဲ့ လက်ရှိ စီးပွားရေး လုုပ်ငန်း အခြေအနေ တွေကိုု ပြည်မ စီးပွားရေး အခြေအနေနဲ့ တိုုင်းရင်းသား ဒေသတွေမှာ ရှုပ်ထွေးလှတဲ့ စီးပွားရေး လုုပ်ငန်းတွေကိုု အပိုုင်း နှစ်ပိုုင်း ခွဲပြီး တပိုုင်တနိုုင် ရှင်းပြတဲ့အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။
စိတ်ဝင်စားစရာ အဖြစ်ဆုံုးက သူ့ ကုုမ္မဏီမှာ အနောက်နိုုင်ငံက နိုုင်ငံခြားသားတွေကိုု အလုုပ်ခန့်ရင် ခံစားခွင့် လစာကိုု မြန်မာနိုုင်ငံသား နှုန်းထားအတိုုင်း ပေးသွားမယ် ဆိုုတာကိုုပါ။
ကျနော်တိုု့ လူမှု အသိုုင်းအဝန်း ကြားမှာ International, National, Local ၀န်ထမ်းတွေ ဆိုုပြီး ခံစားခွင့် လစာ စံချိန် စံနှုန်း အဆင့်ဆင့် ခွဲခြား သတ်မှတ်မှု ယနေ့ထိတိုုင် ရှိနေပါတယ်။
အထူးသဖြင့် မြန်မာပြည်ကိုု စစ်တပ် အစိုုးရ အုုပ်ချုပ်ခဲ့စဉ်က လူသားခြင်း စာနာ ထောက်ထားမှု အကူအညီတွေနဲ့ ထိုုင်း-မြန်မာ နယ်စပ် တလျောက် လုုပ်ငန်းများ ဆောင်ရွက်နေကြတဲ့ NGO လုုပ်ငန်းတွေကိုု လေ့လာခြင်းဖြင့် သိရှိနိုုင်ပါတယ်။ ဥပမာ- လုုပ်ငန်း တခုုရဲ့ ခေါင်းစဉ်အောက်မှာ တာဝန်ထမ်းဆောင် နေကြတဲ့ International ၀န်ထမ်းတဦးနဲ့ Local level ၀န်ထမ်း တဦးရဲ့ ခံစားခွင့်လစာမှာ ဆီနဲ့ရေလိုု ကွာဟ လှပါတယ်။
ဒီကြားထဲ လူထုု အကျိုးပြု လုုပ်ငန်း ဆောင်ရွက်ရာမှာ လုုပ်ငန်း အကောင်အထည် ဖေါ်ဆောင်နိုုင်ဖိုု့ အသင်း အဖွဲ့တွေ ဖွဲ့ရာမှာလဲ အဆင့်အဆင့် သတ်မှတ်မှုတွေရှိပြီး ငွေကြေး ခံစားခွင့်မှာ ကွာဟချက်တွေ များလွန်း နေပါ တယ်။
လူထုုအခြေပြု အဖွဲ့အစည်းတွေမှာ ပညာ အရည်အချင်း ရှိပြီး လုုပ်ငန်း ဆောင်ရွက်အား ကောင်းတဲ့ လူ့ အရင်းအမြစ်တွေ မိမိ အဖွဲ့အစည်းကနေ ထွက်ခွာ သွားကြရပါတယ်။
အဲ့ဒီ အကျိုးဆက်မှာ လူထုု အခြေပြု အဖွဲ့ အစည်းတွေ အတွက် အားနည်းမှုတွေ ရှိလာတာကနေ နောက်ဆုံုး အဖွဲ့အစည်း နာမည် နာမသာ ကျန်နေပြီး လက်တွေ့ လုုပ်ငန်း ဘာတခုုမှ မလုုပ်နိုုင်တော့တဲ့ အခြေအနေသိုု့ ရောက်သွားရပါတယ်။
လက်ရှိ ကျနော်တိုု့ တိုုင်းပြည်ဟာ ဒီမိုုကရေစီ နိုုင်ငံအဖြစ် ပြုပြင် ပြောင်းလဲ နေပြီ ဆိုုနေကြပေမဲ့လိုု့ အရပ်ဘက် လူမှု အသင်းအဖွဲ့တွေ အတွက် တံခါး မဖွင့်ပေးသေးပါဘူး။
ဥပမာ… အစိုုးရထံကနေ ခွင့်ပြုချက် ရထားတဲ့ အသင်းအဖွဲ့တွေကိုုသာ လုုပ်ငန်းများ ဆောင်ရွက်ခွင့် ပေးပြီး လူထုုကြားက လူထုု ထောက်ခံမှုနဲ့ ပေါ်ထွက်လာ တဲ့ လူမှု အသင်းအဖွဲ့တွေကိုုတော့ အသိအမှတ် မပြုဘဲ ပိတ်ပင်တားဆီးမှုတွေ ပြုလုုပ်ဆဲ ရှိနေပါတယ်။ ဒါဟာလည်း အရပ်ဘက် လူမှု အဖွဲ့အစည်းကို အားနည်း သွားစေတဲ့ လုုပ်ရပ်တခုု ဖြစ်စေပါတယ်။
အခုုဆိုု မြန်မာပြည်မှာ ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလ အတောအတွင်း နိုုင်ငံတကာက ငြိမ်းချမ်းရေး နဲ့ သက်ဆိုုင်တဲ့ လူသားချင်း စာနာမှု အကူအညီတွေ တဟုုန်ထိုုး ပေးလာတဲ့ အနေအထားကိုု တွေ့ရပါတယ်။
ဒါပေမဲ့ ဒီအကူအညီ တွေကလည်း လူထုု ကိုုယ်စားပြု အဖွဲ့အစည်း တွေဖြစ်တဲ့ လူမှု အသင်းအဖွဲ့တွေကိုု လျစ်လျှူရှုပြီး အစိုုးရ၊ အစိုုးရနဲ့ သက်ဆိုုင်တဲ့ လက်နက်ကိုုင် အဖွဲ့အစည်း တွေကိုုသာ ပေးနေတဲ့ အခြေအနေမှာ ရှိတဲ့အတွက် ဒါဟာလည်း လူမှုအခြေပြု အသင်းအဖွဲ့တွေကိုု အားနည်းသွားစေတဲ့ လုုပ်ရပ်လိုု့ပြောနိုုင်ပါတယ်။
လူမှု အဖွဲ့အစည်းတွေဟာ ဒေသခံ လူထုုတွေပဲ ဖြစ်ပါတယ်။ အဓိက နိုုင်ငံမှာ ကြံုတွေ့ နေရတဲ့ နိုုင်ငံရေး၊ စစ်ရေးပဋိပက္ခ၊ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုး သက်ရောက်မှုတွေကိုု သူတိုု့ ကိုုယ်တိုုင်ကိုုယ်ကျ ရင်ဆိုုင် ခံစား ရသူ တွေ ဖြစ်တဲ့အတွက် သူတိုု့မှာ အပြင်က၊ အထက်က သူတွေထက် Local Knowledge အသိတရား ပိုုရှိတယ်။ ဒါဟာ သူတိုု့ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတိုု့ကိုု လစ်လျှူရှုလိုု့ မရပါ။
အချုပ်အားဖြင့် နိုုင်ငံတကာ အဆင့် အသင်းအဖွဲ့နဲ့ ဒေသခံ အသင်းအဖွဲ့ တိုု့အကြား အပြန်အလှန် အသိအမှတ် ပြုမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုုတော့ လုုပ်ဆောင် ရပါလိမ့်မယ်။
လူသားချင်း စာနာ ထောက်ထားတဲ့ အကူ အညီ ဘဏ္ဍာငွေများ သုံုးစွဲရာမှာလည်း ဒေသခံ အဖွဲ့အစည်းတွေရဲ့ သုံုးစွဲမှုနဲ့ မတရား ကွာဟမှု မရှိရန်လည်း အရေးကြီး လှပါတယ်။
ဒေသခံနဲ့ Partnership အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု ပြုလုုပ် သွားနိုုင်မှသာ ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ ကာလအတောအတွင်း ရင်ဆိုုင် ကြံုတွေ့လာမည့် အခက်အခဲတွေကိုု သင့်သင့် မြတ်မြတ်နဲ့ အဖြေရှာ နိုုင်မှာဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ။