၂၀၁၅ ရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်မည့် သမ္မတ၏အသက် ၄၀ နှစ်အောက်ဖြစ်ရန် နေပြည် တော်အပါအဝင် မြို့ကြီးရှစ်မြို့ရှိ ဒေသခံများက ဆန္ဒရှိနေသည်ဟု မြန်မာနိုင်ငံ ရှေ့နေများအသင်း(MLA) မှ ရှေ့နေဦးကျော်စိုးဦးက နို၀င်ဘာ ၁၂ ရက်တွင် ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ က အခြေခံဥပဒေနှင့်ပတ်သက်ပြီး အများပြည်သူနှင့် ဆွေးနွေးရန် ခွင့်ပြုခဲ့သည့်အတွက် မြန်မာနိုင်ငံ ရှေ့ နေများအသင်းနှင့် မြန်မာဥပဒေပြု အထောက်အကူပြုကွန်ရက်တို့က ဦးဆောင်ပြီး နိုဝင်ဘာ ၃ ရက်မှ စ တင်ကာ မြို့ကြီးရှစ်မြို့ရှိ ဒေသခံများနှင့် ဆွေးနွေးရာ မြို့အားလုံးက အထက်ပါအတိုင်း ဆန္ဒပြုသည်ဟု ၎င်းက ပြောသည်။
“သမ္မတရဲ့ အရည်အချင်းမှာ အသက်အရွယ်နဲ့ ပတ်သက်လို့ကတော့ တော်တော်များများပြောကြတယ်။ အထူးသဖြင့်ကတော့ ငယ်ငယ်ရွယ်ရွယ် လူငယ်တွေအတွက် လမ််းဖွင့်ပေးတဲ့အနေနဲ့ အသက် ၃၀ ပတ် ၀န်းကျင် ၃၀၊ ၃၅ လောက်ကို လျှော့ချထားသင့်ပါတယ်။ ၄၅ နှစ်ဆိုတော့ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်မယ် ဆိုရင်လည်း အရမ်းမြင့်မားနေတယ်ပေါ့”ဟု ၎င်းက ပြောသည်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(ဂ)တွင် သမ္မတနှင့် ဒု-သမ္မတသည် “အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်”ဟု ပြဋ္ဌာန်းထားသည်။
မြန်မာရှေ့နေများအသင်း သွားရောက် ဆွေးနွေးခဲ့သည့် မြို့များတွင် နေပြည်တော်၊ မန္တလေး၊ ဘားအံ၊ မော်လမြိုင်၊ ပဲခူး၊ တောင်ကြီး၊ မိထ္တီလာနှင့် ရန်ကုန်များ ပါ၀င်ပြီး ဒေသခံများအပါအဝင် နိုင်ငံရေးပါတီများ နှင့် လူမှုရေးအဖွဲ့များလည်း လာရောက် ဆွေးနွေး အကြံပြုကြသည်ဟု ဦးကျော်စိုးဦးက ပြောသည်။
သို့သော် အဆိုပါအကြံပြုချက်များနှင့် ပတ်သက်ပြီး ဒေါက်တာအောင်ထွန်းသက်က “လူ့အခွင့်အရးမှာ လူတစ်ယောက်ရဲ့အခွင့်အရေးကို အဲ့ဒီ့လူရဲ့ အသက်နဲ့ ကျား၊ မနဲ့ မခွဲရဘူးလေ။ အဲဒီတော့ ငယ်မှ၊ ကြီးမှ ရယ် မဟုတ်ပါဘူး။ မစ္စတာနယ်ဆင်မင်ဒဲလားဆို အသက်တော်တော်ကြီးမှ သမ္မတဖြစ်သလို အိုဘားမား လည်း အသက်အငယ်ဆုံး သမ္မတ ဖြစ်ခဲ့တာပဲ။ အသက်အပိုင်းအခြားအနေနဲ့ မစဉ်းစားသင့်ဘူးလို့ ဆရာ တော့ ထင်တာပဲ။ တစ်ခုရှိတာက လူငယ်၊ လူကြီးဆိုတာထက်ကို တကယ်တမ်း နိုင်ငံကို ဦးဆောင်နိုင် မယ့်လူ လိုတာပဲလေ”ဟု သုံးသပ်သည်။
လက်ရှိတွင် ဆွေးနွေးထားသည့် အကြံပြုချက်ပေါင်း နှစ်ရာခန့်ရရှိထားပြီး မော်လမြိုင်၊ ပဲခူး၊ ဘားအံမှ ဒေ သခံများ၏ အကြံပြုချက်ပေါင်း ရ၀ ကိုလွှတ်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူး ပေါင်းကော်မတီသို့ တင်ပြထားပြီးဖြစ်ကာ အကြံပြုချက်အားလုံးကို လာမည့်ဒီဇင်ဘာလကုန်တွင် နောက် ဆုံးထားပြီး ယင်းကော်မတီသို့ တင်ပြမည်ဟုလည်း မြန်မာဥပဒေအထောက်အကူပြုကွန်ရက်မှ ဦးဆောင် သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက ပြောသည်။
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့က လာမည့် ၂၀၁၅ တွင် သမ္မတဖြစ်လိုကြောင်း ပြောဆိုထားသည်။