ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီးတစ်ခု နိဂုံးချုပ်တော့မည်လော

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကြီးတစ်ခု နိဂုံးချုပ်တော့မည်လော
by -
မဇ္ဈိမ

ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ မြန်မာအစိုးရအရာရှိများနှင့် တစ်ဒါဇင်ကျော်မျှရှိသော လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွေ့ဆုံမှုမပြုမီတွင် သမိုင်းတွင်မည့်ငြိမ်းချမ်းရေးသဘော တူညီချက်တစ်ရပ်ရရှိရန် မျှော်လင့်ချက်များရှိခဲ့့သည်။

အင်္ဂါနေ့တွင်မူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား လက်မှတ် ရေးထိုးရန်နှင့် နိုင်ငံရေးအရဆွေးနွေးရန် မူဘောင်တစ်ခုအားချမှတ်ခြင်းတို့အတွက် မူအားဖြင့်သဘော တူညီမှုတစ်ရပ်ရရှိခဲ့ပြီဟူသော ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ၎င်းအချိန်အခါမှာ “နှစ်ပေါင်း ၆၀ အတွင်းအရေးကြီးဆုံးသော အချိန်ပါပဲ” ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကြိုဆိုဂုဏ်ပြုလိုက် သည်။

လူမျိုးစုအရေးပေါ်တွင် အဓိကအခြေပြုရုံမျှသာမက နိုင်ငံရေးအတွေးအခေါ်တွင်လည်း အခြေခံသည့် မြောက်မြားလှစွာသော သူပုန်များမှာအုပ်ချုပ်ရေးအာဏာ ပိုမိုရရှိရေးအတွက် စစ်တပ်အုပ်စိုးသည့် မြန်မာ အစိုးရအား ရာစုနှစ်တစ်ဝက်ကျော် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ တောတွင်း လျို့ဝှက်နေရာများနှင့် တောင် များအကြားမှ ပျောက်ကျားစစ်ပွဲများ ပြင်းပြင်းထန်ထန်ဆင်နွှဲနေချိန်အတွင်း ထောင်ပေါင်းများစွာ သေ ကြေပျက်စီးခဲ့ရသည်။ ထို့အတူ ရွာပုန်းရွာရှောင်များနှင့် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ လူ့အခွင့်ရေး ချိုး ဖောက်မှုများမှာလည်း သန်းပေါင်းများစွာသောပြည်သူများအတွက် နေ့စဉ်ဒုက္ခအဖြစ်ရှိနေဆဲ ဖြစ်သည်။

၂၀၁၀ ခုနှစ်သို့ ရောက်ရှိလာသည့်အခါတွင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့်ဖွဲ့စည်းထားသော အရပ်သား တစ်ပိုင်းအစိုးရတက်လာခဲ့ပြီး ဒီမိုကရေစီပြုပြင်ပြောင်လဲမှုများ စတင်ပြုလုပ်ခဲ့သည်။နိုင်ငံရေးအကျဉ်းသား များအားလွှတ်ပေးခြင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းနှင့်အနောက်နိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှုများအား တောက်လျှောက် ဖြေ လျှော့ပေးခဲ့သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအားရယူနိုင်ရန် ရန်ကုန် မြို့သို့ မြောက်မြားလှစွာသော နိုင်ငံတကာကုမ္ပဏီများရောက်ရှိလာခြင်းတို့အား မြင်တွေ့ခဲ့ရသည်။

နိုင်ငံတကာမှ ပြန်လည်ဝင်ရောက်လာသည့်အချိန်နှင့် တစ်ပြိုင်နက်တည်းတွင် အစိုးရမှလူနည်းစုတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းစီနှင့် အပစ်ရပ်လက်မှတ်များရေးထိုးခဲ့သည်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ လ ၄ ရက်တွင်မူ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးမှ ကိုယ်စားလှယ်များနှင့် တက်ရောက်လေ့လာ သူပေါင်း ၁၀၇ ဦးမှာ ကချင်ပြည်နယ်မြို့တော် မြစ်ကြားနား၌အားလုံးပါ၀င်သော ငြိမ်းချမ်းရေးသဘောတူညီမှုတစ် ရပ်ရရှိရန် ရည်ရွယ်ချက်ဖြင့် နှစ်ရက်ကြာဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

“ဒီဆွေးနွေးပွဲက အမျိုးသားပြန်လည်ရင်ကြားစေရေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ထင်ရှားတဲ့အဆင့်သစ်တစ် ရပ်ဖြစ်ပါတယ်” ဟု ကုလအထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ဗီဂျေနမ်ဘီ ယားက ရိုက်တာသို့ ပြောကြားခဲ့သည်။

သို့သော် အလွန်ခက်ခဲသည့်စိန်ခေါ်မှုများ ကျန်ရှိနေဆဲဖြစ်သည်။ လွတ်လပ်ရေးမရမီ ကတည်းကပင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်များအကြား သဘောတူညီလက်မှတ်ရေးထိုးမှုများ အကြိမ်များစွာပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထိုအချိန်များအတွင်း၌ပင် တိုက်ခိုက်မှုများကြိုကြားကြိုကြား ဆိုသ လို ဖြစ်ပေါ်ခဲ့သည်။ (လွန်ခဲ့သောလအတွင်း၌ပင် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်နေစဉ်အတွင်း တိုက်ခိုက် မှုများ ဖြစ်ပွားခဲ့သည်။)

နိုင်ငံရေးအရခြားနားမှုများမှာလည်း သိသိသာသာကျန်ရှိနေဆဲ ဖြစ်သည်။ “ကျွန်တော်တို့မှာ အကြံတစ် မျိုးရှိသလိုအစိုးရမှာလည်း အကြံတစ်မျိုးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သဘောတူညီမှု မူ ကြမ်းတစ်ရပ်ကို အတူတကွရေးဆွဲဖို့အတွက် စေ့စပ်ဆွေးနွေးရမှာပါ” ညီညွှတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ၏ ပြောခွင့်ရပုဂ်္ဂိုလ်ဒေးဗစ်တာကဘောက တိုင်းမ်သို့ ပြောကြားလိုက်သည်။ “လူ နည်းစုတိုင်းရင်းသားတွေက ဖက်ဒရယ်စနစ်တစ်ခုတည်ထောင်ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်း ပုံမှာအခြေခံပြောင်းလဲမှုအချို့ လုပ်ဖို့သဘောတူဖို့လိုပါလိမ့်မယ်” ဟုလည်း ၎င်းကဆိုသည်။

အခြားကိစ္စရပ်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနယ်စပ်ဒေသအတွင်းက မတို့မထိရသေးသည့် သဘာဝဓာတ်ငွေ့ ရေနံသတ္တုနဲ့ ကျောက်မျက်ရတနာတွေကို မျှဝေသုံးစွဲဖို့ကိစ္စလည်း ရှိပါသေးတယ်။၎င်းသယံဇာတများ အပေါ် ထိန်းချုပ်ခြင်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကြောင့် ယခင်ငြိမ်းချမ်းရေး သဘောတူညီချက်များ လျင်မြန်စွာ ပျက်ပြယ်ခဲ့ရဖူးသည်။

ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် စိတ်ကူးအတွေးအခေါ်ကို တိုင်းပြည်ပြိုကွဲခြင်းမှကာကွယ်ရန်အတွက် အာဏာဆုပ်ကိုင်ထားရမည်ဟု မှတ်ယူထားသောစစ်အစိုးရမှ သဘောမကျသည့်အရာတစ်ခု ဖြစ်သော် လည်းလက်ရှိ အစိုးရသစ်အတွင်းရှိ သဘောထားများမှာပျော့ပြောင်းလာပုံရသည်။ လွန်ခဲ့သော သီတင်း ပတ်အတွင်းပြောကြားခဲ့သည့် သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းတွင် “အပြစ်ရပ် သဘောတူညီချက်ကို အခြေခံတစ်ခု အနေနဲ့သုံးပြီး နိုင်ငံရေးအရဆွေးနွေးပွဲတစ်ရပ် ဖြစ်ပေါ်လာစေဖို့ ဆောင်ရွက်ရန်” ဟု ထည့် သွင်းကတိပေးသွားခဲ့သည်။

ဖက်ဒရယ်စနစ်အားအစိုးရမှ ငြင်းပယ်ခြင်းအား လျှော့ချပေးခဲ့သော်လည်း ဗဟိုမှချုပ်ကိုင်ခြင်းထက် ပြည် ထောင်စုစစ်တပ်တစ်ခုထားရှိရေးဟူသော သူပုန်များ၏ရည်မှန်းချက်မှာ ဆက်လက်ခိုင်မြဲနေဆဲ ဖြစ်သည်။ “ပြည်ထောင်စုစစ်တပ်တစ်ခု ဖွဲ့စည်းဖို့အတွက် တင်ပြတဲ့ကျွန်တော်တို့ရဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး အစိုးရက စကားလုံးဝေါဟာရအပေါ်မှာ အဓိကထားဆွေးနွေးခဲ့ပြီး အဲဒါကိုကျွန်တော်တို့က ပြောင်းလဲပေး ဖို့အစိုးရက အလိုရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ဗွီအိုအေသတင်းဌာနသို့ နိုဝင်ဘာ လ ၄ ရက်တွင် ပြောကြားခဲ့သည်။ “သို့သော် ဒါဟာကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို လျော့ပေးလိုက်တယ် လို့ မဆိုလိုပါဘူး”ဟု လည်း၎င်းက ဆိုသည်။

သူပုန်တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ ရှိမည်ဟု ခန့်မှန်းထားပြီး လက်နက်ကိုင်သူပုန်တပ်ဖွဲ့ဝင်များနှင့် တပ် မတော်သား ၄၀၀,၀၀၀ တို့အားပူးပေါင်းကာ အားလုံးမှလက်ခံနိုင်သည့် အမိန့်ပေးစနစ်များ ဖွဲ့စည်းရန် ကိစ္စမှာလွယ်ကူသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်လာမည်မဟုတ်ပေ။

ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန် တောင်းဆိုမှုများအား လူနည်းစုတိုင်းရင်းသားပါတီများနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဦးဆောင်ကာ ပါလီမန်တွင်းအတိုက်အ ခံများမှပြုလုပ်လျက်ရှိသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အလားတူတောင်းဆိုမှုများ ပြုလုပ်လျက် ရှိသည်။ သို့သော်အစိုးရက လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်များအား လက်နက်စွန့်ရန် နိုင်ငံရေး ဖြစ်စဉ်တွင် ပါ၀င်ရန်နှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ပြီး ဖွဲ့စည်းပုံပြောင်းလဲရန် တောင်း ဆိုထားသည်။ “အစိုးရက စနစ်တကျပြောင်းလဲရေးကို အထောက်အကူမဖြစ်စေတဲ့နည်းလမ်းတွေနဲ့ လုပ် ချင်ပုံရတယ်” ဟုလည်း ဒေးဗစ်တာကဘောက ပြောကြားထားသည်။

စိုးရိမ်ဖွယ်ကောင်းသောအချက်မှာ မြန်မာနိုင်ငံအားစစ်တပ်၏ ပဲ့ကိုင်ရှင်ကဆက်လက် လွှမ်းမိုးထားခြင်း ပင်ဖြစ်သည်။ လွှတ်တော်နာယက ဦးရွှေမန်းက မြန်မာနိုင်ငံအားသံမဏိစည်းမျဉ်းဖြင့် နှစ်ပေါင်းနှစ်ဆယ် နီးပါးအုပ်စိုးခဲ့သည့် အာဏာရှင်ဟောင်းဦးသန်းရွှေမှာ တိုင်းပြည်နိုင်ငံရေးအား ဆက်လက်စိတ်ဝင်စားနေ ဆဲဟု လွန်ခဲ့သောလတွင် ကြေညာခဲ့သည်။ “အစိုးရအနေနဲ့ ဆုံးဖြတ်ချက်ချတဲ့အချိန်တိုင်းမှာ စစ်တပ်ထံ က အကြံ ဉဏ်ယူရပါတယ်” ဟုလည်း ဒေးဗစ်တာကဘောက ဆိုသည်။

နောက်တစ်ကြိမ်ပြုလုပ်မည့် ဆွေးနွေးပွဲအား ကရင်ပြည်နယ်ဖားအံမြို့၌ ဒီဇင်ဘာလတွင် ကျင်းပသွားမည် ဖြစ်သည်။ သို့သော်လက်မှတ်ရေးထိုး သဘောတူညီမှုရရှိမှသာလျှင် အောင်မြင်နိုင်ချေရှိသည့် ဆောင် ရွက်ဖွယ်ရာများရှိလာမည်ဖြစ်သည်ဟု လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်တဲ့ Fortify Rights အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာစမစ်က ဆိုသည်။ ၎င်းက “ဒီလုပ်ငန်းစဉ်ထဲမှာ အခြေခံအားဖြင့် ယုံကြည်မှု တော်တော်လေးလျော့နည်းနေပါတယ်” ဟု ဆိုသည်။ လူနည်းစုတိုင်းရင်းသားများ နေထိုင်ရာ ဒေသများရှိဒေသခံများမှာ ၎င်းတို့၏အိမ်များ၊ လူမှုဘဝများအား ဆုံးရှုံးခဲ့ရသည်။ မျိုးဆက်နှင့်ချီ၍လူသတ် ခြင်းအတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း စနစ်တကျအဓမ္မပြုကျင့်ခြင်းများအပါအဝင် ကြောက်ရွံ့ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများလည်း ရှိခဲ့သည်။ အမှန်တကယ်အားဖြင့်ဆိုလျှင် အပြန်အလှန်မယုံကြည် မှုမှာ ငြိမ်းချမ်းရေးတည်မြဲစေရေးအတွက် အဓိကအဟန့်အတားပင် ဖြစ်နေပေလိမ့်ဦးမည်တည်း။”

ဤဆောင်ပါးမှာworld.time.com တွင် ဖော်ပြထားသည့် Charlie Campbell ၏ “Is the World’s Longest-Running Civil War About to End“ အား “အောင်မင်း” ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

Most read this week